iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ခ်စ္သူေကာင္မေလးဟာ မ်က္မွန္မေလး တစ္ေယာက္လား။ ဒါဆိုရင္ ခ်စ္ဖို႕ေကာင္းမွာ က်ိန္းေသပဲေပါ့။ မ်က္မွန္မေလးေတြကို ခ်စ္သူေတာ္ထားရင္ ဘယ္လိုမ်ားေနမလဲ။ အရမ္းကိုေကာင္းတာေပါ့။ ဘာေတြေကာင္းတာမ်ားလဲ။

* မ်က္မွန္ေျပာင္းရင္ ပံုစံေျပာင္းပါတယ္။

စာၾကမ္းပိုးစတိုင္ဖမ္းမလား။ cute ပံုစံေလးလုပ္မလား။ sexy ဆန္ဆန္သြားမလား။ မ်က္မွန္ေလး ေကာက္ေရြးလိုက္ရံုပါပဲ။

* စမတ္က်ပါတယ္။

မ်က္မွန္တပ္ထားကတည္းက သူမ်ားနဲ႕ မတူေတာ့ပါဘူး။ အဝတ္အစားေပၚလိုက္ၿပီး စတိုင္အမ်ိဳးမ်ိဳး ထုတ္လို႕ရေသးတယ္။

* အၾကည့္မ်ိဳးစံုနဲ႕ ဆြဲေဆာင္နိုင္တယ္။

မ်က္ခံုးေလးတြန္႕ၿပီး မယံုသကၤာ ၾကည့္မလား။ လက္မနဲ႕လက္ညွိဳးသံုးၿပီး မ်က္မွန္ကိုင္းေလးကို ေအာက္ခ်လို႕ မ်က္လံုးပင့္ၿပီး ခပ္ေခ်ေခ်ၾကည့္မလား။

အလွဆံုးၿပံဳးၿပီး ခ်စ္စရာအၾကည့္နဲ႕ၾကည့္မလား။

အၾကည့္ခံရတဲ့သူ ရူးေတာင္သြားဦးမယ္။

* အခ်ိန္မေရြး အထာက်ေနတယ္။

မ်က္မွန္ေလး ေကာက္တပ္လိုက္တာမ်ိဳး။ စိတ္တိုတဲ့အခါ မ်က္မွန္ကို ခပ္ဆတ္ဆတ္ေလး ဆြဲခြ်တ္လိုက္တာမ်ိဳးတို႕ကိုလည္း အိုက္တင္ထုတ္လို႕ရေသးတယ္ေနာ္။

* ေကာင္မေလးႏွစ္ေယာက္ကို တြဲနိုင္ပါတယ္။

ကုိယ့္ခ်စ္သူကမ်ား မ်က္မွန္မေလးျဖစ္ေနရင္ မ်က္မွန္တပ္တဲ့အခါ ေကာင္မေလးက တစ္ေယာက္ မ်က္ကပ္မွန္တပ္တဲ့အခါ သို႕မဟုတ္ မ်က္မွန္ခြ်တ္လိုက္တဲ့အခါ ေနာက္တစ္ေယာက္ တြဲေနတယ္လို႕ အထင္ခံရႏိုင္ပါတယ္။

(လူရွိန္တာေပါ့ 😛 )
* အသက္ႀကီးတဲ့ က်ီးကန္းေျခေထာက္ အလြယ္တကူမျဖစ္နိုင္။

က်ီးကန္းေျခေထာက္လို႕ေခၚတဲ့ မ်က္ဝန္းေဘးက အေရးအေၾကာင္းေတြဟာ အသက္ႀကီးလာတဲ့အခါ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မ်က္မွန္မေလးေတြကေတာ့ ဒါေတြ ျဖစ္နိုင္ေခ် ပိုနည္းပါတယ္တဲ့ရွင္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:(For Her Myanmar)

#Unicode Version

ကိုယ့်ချစ်သူကောင်မလေးဟာ မျက်မှန်မလေး တစ်ယောက်လား။ ဒါဆိုရင် ချစ်ဖို့ကောင်းမှာ ကျိန်းသေပဲပေါ့။ မျက်မှန်မလေးတွေကို ချစ်သူတော်ထားရင် ဘယ်လိုများနေမလဲ။ အရမ်းကိုကောင်းတာပေါ့။ ဘာတွေကောင်းတာများလဲ။

* မျက်မှန်ပြောင်းရင် ပုံစံပြောင်းပါတယ်။

စာကြမ်းပိုးစတိုင်ဖမ်းမလား။ cute ပုံစံလေးလုပ်မလား။ sexy ဆန်ဆန်သွားမလား။ မျက်မှန်လေး ကောက်ရွေးလိုက်ရုံပါပဲ။

* စမတ်ကျပါတယ်။

မျက်မှန်တပ်ထားကတည်းက သူများနဲ့ မတူတော့ပါဘူး။ အဝတ်အစားပေါ်လိုက်ပြီး စတိုင်အမျိုးမျိုး ထုတ်လို့ရသေးတယ်။

* အကြည့်မျိုးစုံနဲ့ ဆွဲဆောင်နိုင်တယ်။

မျက်ခုံးလေးတွန့်ပြီး မယုံသင်္ကာ ကြည့်မလား။ လက်မနဲ့လက်ညှိုးသုံးပြီး မျက်မှန်ကိုင်းလေးကို အောက်ချလို့ မျက်လုံးပင့်ပြီး ခပ်ချေချေကြည့်မလား။

အလှဆုံးပြုံးပြီး ချစ်စရာအကြည့်နဲ့ကြည့်မလား။

အကြည့်ခံရတဲ့သူ ရူးတောင်သွားဦးမယ်။

* အချိန်မရွေး အထာကျနေတယ်။

မျက်မှန်လေး ကောက်တပ်လိုက်တာမျိုး။ စိတ်တိုတဲ့အခါ မျက်မှန်ကို ခပ်ဆတ်ဆတ်လေး ဆွဲချွတ်လိုက်တာမျိုးတို့ကိုလည်း အိုက်တင်ထုတ်လို့ရသေးတယ်နော်။

* ကောင်မလေးနှစ်ယောက်ကို တွဲနိုင်ပါတယ်။

ကိုယ့်ချစ်သူကများ မျက်မှန်မလေးဖြစ်နေရင် မျက်မှန်တပ်တဲ့အခါ ကောင်မလေးက တစ်ယောက် မျက်ကပ်မှန်တပ်တဲ့အခါ သို့မဟုတ် မျက်မှန်ချွတ်လိုက်တဲ့အခါ နောက်တစ်ယောက် တွဲနေတယ်လို့ အထင်ခံရနိုင်ပါတယ်။

(လူရှိန်တာပေါ့ 😛 )
* အသက်ကြီးတဲ့ ကျီးကန်းခြေထောက် အလွယ်တကူမဖြစ်နိုင်။

ကျီးကန်းခြေထောက်လို့ခေါ်တဲ့ မျက်ဝန်းဘေးက အရေးအကြောင်းတွေဟာ အသက်ကြီးလာတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မျက်မှန်မလေးတွေကတော့ ဒါတွေ ဖြစ်နိုင်ချေ ပိုနည်းပါတယ်တဲ့ရှင်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:(For Her Myanmar)


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top