iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေႏွာက္ဟာ ခႏၶာကိုယ္အစိတ္အပိုင္းမွာ အေရးၾကီးဆံုးအပိုင္းတစ္ခုျဖစ္ပါတယ္။ ရုပ္ပိုင္းဆုိင္ရာကို ဂရုစိုက္တတ္ၾကေပမဲ့ ဦးေႏွာက္က်န္းမာေရးကိုေတာ့ အေလးထားတာ နည္းပါတယ္။ ဒီ့အတြက္ ဦးေႏွာက္က်န္းမာႏုိင္မယ့္ အေလအက်င့္ ၄ ခုကို ေဖာ္ျပေပးပါမယ္။ ခက္ခဲတဲ့ အေလ့အက်င့္ေတြလည္း မဟုတ္တာေၾကာင့္ သင္ေမြးျမဴထားသင့္ပါတယ္။

၁ - သူငယ္ခ်င္း

သင့္ေဘးနားမွာ သင္သေဘာက်ခင္တြယ္တဲ့လူေတြ ဝန္းရံထားတာဟာ ဦးေႏွာက္ကို က်န္းမာေစတဲ့ အေလ့အက်င့္တစ္ခုပါပဲ။ ဇူလုိင္လထုတ္ American Journal of Public Health ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ သုေတသနတစ္ခုအရ ေပါင္းသင္းဆက္ဆံေရးက်ယ္ျပန္႔စြာရွိတဲ့ သက္ၾကီးရြယ္အိုေတြမွာ အသက္ၾကီးမွ ျဖစ္ေပၚတဲ့ မွတ္ညဏ္ယို႔ယြင္းလာမႈေတြကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ ဆုိပါတယ္။ တစ္ဦးနဲ႔ တစ္ဦး နံရံေတြျခားမယ့္ဆက္ဆံေရးအစား အျပဳသေဘာေဆာင္တဲ့ဆက္ဆံေရးေတြကို တည္ေဆာက္ဖို႔လိုပါတယ္။ ကိုယ့္ေဘးနားမွာ ခ်စ္ခင္သူေတြနဲ႔ ဝန္းရံထားဖို႔ လိုပါတယ္။

၂ - ဘာသာစကား

ဘာသာစကားအသစ္တစ္ခုကိုေလ့လာေနတာကလည္း သင့္ဦးေႏွာက္စြမ္းရည္ကို ျမႇင့္တင္ႏုိင္ပါတယ္။ သင့္ရဲ႕အာရုံစူးစိုက္မႈ ပိုမိုေကာင္းမြန္လာမွာ ျဖစ္သလို လူမ်ားျဖစ္ပြားေလ့ရွိတဲ့ ဦးေႏွာက္ဆုိင္ရာခ်ိဳ႕ယြင္းမႈေတြကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ အသက္ၾကီးတဲ့အခါ မွတ္ညဏ္ခ်ိဳ႕ယြင္းမႈကိုလည္း ကာကြယ္ေပးႏုိင္ပါတယ္။

၃ - ေလ့က်င့္ခန္း

ဒါကေတာ့ က်န္းမာေရးနဲ႔ပတ္သက္ျပီး ခဏခဏ ေျပာၾကတဲ့ အေလ့အက်င့္ျဖစ္ပါတယ္။ ေန႔စဥ္ကိုယ္လက္လႈပ္ရွားမႈ မရွိဘူးဆုိရင္ ပံုမွန္လုပ္တဲ့ ေလ့က်င့္ခန္းေလးတစ္ခုေတာ့ ရွိသင့္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈရွိျခင္းဟာ စိတ္ပိုင္းဆုိင္ရာနဲ႔ ရုပ္ပိုင္းဆုိင္ရာကိုပါ က်န္းမာေစတာ ျဖစ္ပါတယ္။

၄ - ရည္မွန္းခ်က္
သင့္မွာေရတိုရည္မွန္းခ်က္ပဲျဖစ္ျဖစ္ ေရရွည္ရည္မွန္းခ်က္ပဲျဖစ္ျဖစ္ အနာဂတ္အတြက္ အစီစဥ္တစ္ခု ရွိေနဖို႔ လိုပါတယ္။ ဥပမာ - ခရီးထြက္မယ္ဆိုတဲ့ အစီစဥ္မ်ိဳးကို ရည္မွန္းထားျခင္းဟာ ဦးေႏွာက္တြင္း  dopamine အဆင့္ျမင့္တက္လာေစျပီး ေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြရွိတယ္လို႔ သုေတသနေတြက ေျပာၾကားထားပါတယ္။ အနာဂတ္အတြက္ ရည္မွန္းခ်က္ရွိျခင္းဟာ အေကာင္းျမင္စိတ္ကို ပိုမိုတိုးပြားေစျပီး စိတ္ပိုင္းနဲ႔ရုပ္ပိုင္းဆုိင္ရာ က်န္းမာေရးေတြကို ေကာင္းမြန္ေစတာ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicode Version

ဦးနှောက်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်တတ်ကြပေမဲ့ ဦးနှောက်ကျန်းမာရေးကိုတော့ အလေးထားတာ နည်းပါတယ်။ ဒီ့အတွက် ဦးနှောက်ကျန်းမာနိုင်မယ့် အလေအကျင့် ၄ ခုကို ဖော်ပြပေးပါမယ်။ ခက်ခဲတဲ့ အလေ့အကျင့်တွေလည်း မဟုတ်တာကြောင့် သင်မွေးမြူထားသင့်ပါတယ်။

၁ - သူငယ်ချင်း

သင့်ဘေးနားမှာ သင်သဘောကျခင်တွယ်တဲ့လူတွေ ဝန်းရံထားတာဟာ ဦးနှောက်ကို ကျန်းမာစေတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ဇူလိုင်လထုတ် American Journal of Public Health ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုအရ ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်စွာရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ အသက်ကြီးမှ ဖြစ်ပေါ်တဲ့ မှတ်ညဏ်ယို့ယွင်းလာမှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ဦးနဲ့ တစ်ဦး နံရံတွေခြားမယ့်ဆက်ဆံရေးအစား အပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေကို တည်ဆောက်ဖို့လိုပါတယ်။ ကိုယ့်ဘေးနားမှာ ချစ်ခင်သူတွေနဲ့ ဝန်းရံထားဖို့ လိုပါတယ်။

၂ - ဘာသာစကား

ဘာသာစကားအသစ်တစ်ခုကိုလေ့လာနေတာကလည်း သင့်ဦးနှောက်စွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ သင့်ရဲ့အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာမှာ ဖြစ်သလို လူများဖြစ်ပွားလေ့ရှိတဲ့ ဦးနှောက်ဆိုင်ရာချို့ယွင်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အသက်ကြီးတဲ့အခါ မှတ်ညဏ်ချို့ယွင်းမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃ - လေ့ကျင့်ခန်း

ဒါကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခဏခဏ ပြောကြတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် ပုံမှန်လုပ်တဲ့ လေ့ကျင့်ခန်းလေးတစ်ခုတော့ ရှိသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေတာ ဖြစ်ပါတယ်။

၄ - ရည်မှန်းချက်
သင့်မှာရေတိုရည်မှန်းချက်ပဲဖြစ်ဖြစ် ရေရှည်ရည်မှန်းချက်ပဲဖြစ်ဖြစ် အနာဂတ်အတွက် အစီစဉ်တစ်ခု ရှိနေဖို့ လိုပါတယ်။ ဥပမာ - ခရီးထွက်မယ်ဆိုတဲ့ အစီစဉ်မျိုးကို ရည်မှန်းထားခြင်းဟာ ဦးနှောက်တွင်း  dopamine အဆင့်မြင့်တက်လာစေပြီး ကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့ သုတေသနတွေက ပြောကြားထားပါတယ်။ အနာဂတ်အတွက် ရည်မှန်းချက်ရှိခြင်းဟာ အကောင်းမြင်စိတ်ကို ပိုမိုတိုးပွားစေပြီး စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top