iMyanmarHouse.com - Best Property Website for Myanmar
×
၃။ ယားယံခြင်း
Source : Prevention
Credit:Duwun
Unicode Version
ထူးခြားမှုတွေ ရှိလာရင်လည်း မီးယပ်အထူးကုဆရာဝန်ထံ သွားရောက်ပြသရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေအဖို့ မိန်းမကိုယ်အစိတ်အပိုင်းဆိုတာ အရေးကြီးလှတဲ့အရာပါ။ မျိုးပွားအင်္ဂါလည်းဖြစ်သလို ဂရုစိုက်ရမယ့် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ မိန်းမကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေ၊ သာမန်မဟုတ်တဲ့ နာကျင်မှုတွေကို ပေါ့ပေါ့လျော့လျော့နဲ့ အလေးမထားဘဲနေရင် ရောဂါရသွားနိုင်ပါတယ်။ သန့်ရှင်းအောင်ထားရမယ့်အပြင် ထူးခြားမှုတွေ ရှိလာရင်လည်း မီးယပ်အထူးကုဆရာဝန်ထံ သွားရောက်ပြသရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ကြုံရလေ့ရှိတဲ့ မိန်းမကိုယ်အင်္ဂါဆိုင်ရာ ပြဿနာအချို့ကို ပြောပြပါ့မယ်။
၁။ ဓမ္မတာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
ဓမ္မတာလာချိန်နဲ့နီးကပ်နေတာမဟုတ်ဘဲ သွေးဆင်းတာမျိုးဟာ ဟော်မုန်းမညီမျှမှု ဖြစ်ပေါ်လာလို့ ဖြစ်ရ
တာပါ။ အထူးသဖြင့် နေ့စဉ်သောက်နေတဲ့ သန္ဓေတားဆေးကို တစ်ရက်တစ်လေ သောက်ဖို့မေ့လျော့သွားရင် ဖြစ်တတ်ပါတယ်။ တစ်ရက်တည်းမဟုတ်ဘဲ ဆက်တိုက်ဆင်းနေရင်တော့ ပိုးဝင်လို့ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ဆီကိုသာ သွားလိုက်ပါ။
၂။ အပေါ့သွားတဲ့အခါ နာကျင်ခြင်း
အပေါ့သွားတဲ့အခါနဲ့ ချစ်တင်းနှောတဲ့အခါတိုင်း နာကျင်မှုကို ခံစားနေရပါသလား။ သားအိမ်လမ်းကြောင်း (သို့မဟုတ်) မိန်းမကိုယ်အဝမှာ ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ပိုပြီး သတိထားရမှာက ဒါဟာ ကာလသားရောဂါရဲ့ လက္ခဏာတစ်ခုလည်းဖြစ်လို့ နှစ်ရက်အတွင်း ဆရာဝန်ဆီ အမြန်သွားပြလိုက်ပါ။ ချစ်တင်းနှောပြီးချိန်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်တည်းသာ နာကျင်ရတယ်ဆိုရင်တော့ မိန်းမကိုယ်ခြောက်သွေ့မှုကြောင့် ဖြစ်ရတာပါ။ ချစ်တင်းနှောရာမှာအသုံးပြုတဲ့ ချောဆီနည်းနည်းလောက် ပွတ်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။
၃။ ယားယံခြင်း
အတွင်းခံဘောင်းဘီ အရမ်းကြပ်လွန်းရင် ဒါမှမဟုတ် အတွင်းခံဘောင်းဘီက မသန့်ရှင်းရင် မိန်းမကိုယ်မှာ ယားယံမှုဖြစ်ပေါ်လာပါတယ်။ ဆပ်ပြာကြောင့်လည်း ဖြစ်တတ်တာကြောင့် ဆပ်ပြာပြောင်းသုံးကြည့်ပါ။ အဝတ်အထည်ဝယ်ယူတဲ့အခါ အစမ်းဝတ်ကြည့်ရာကနေလည်း ဘက်တီးရီးယားတွေ ကပ်ငြိသွားရာကတစ်ဆင့် ယားယံမှုဖြစ်တတ်ပါသေးတယ်။
Source : Prevention
 Link: http://www.duwun.com.mm/lifestyle/health/-id6062034.html?
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top