iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ ေလ်ာ့က်ဖုိ႔ဆုိတာ အစားဆင္ျခင္ဖုိ႔က အေရးႀကီးဆံုးပါပဲ။ ဝိတ္လည္းက်ခ်င္ အစားလည္းမေလွ်ာ့ခ်င္ဘူးဆိုရင္ေတာ့ ခက္ၿပီေပါ့။ တကယ္လို႔ ဗိုက္ဆာခ်ိန္မွာ ေဂၚဖီထုပ္စြပ္ျပဳတ္ေလး ေသာက္ထားမယ္ဆို အစာခံၿပီး ကိုယ္အေလးခ်ိန္လည္း က်လာမွာေသခ်ာပါတယ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့ ေဂၚဖီ၊ ၾကက္သြန္နီ၊ မုန္လာဥနီ၊ ခရမ္းခ်ဥ္သီး၊ င႐ုတ္ပြ၊ တ႐ုတ္နံနံႀကီး၊ ၾကက္သားျပဳတ္ရည္၊ ႐ွာလကာရည္ (သို႔မဟုတ္ သံပုရာသီး)၊ ျငဳပ္ေကာင္းမႈန္႔၊ ၾကက္သြန္ျဖဴတုိ႔ပဲ ျဖစ္ပါတယ္။

ခ်က္နည္းကလည္း မခက္ပါဘူး။ ၾကက္သားျပဳတ္ရည္ထဲကို ပါဝင္ပစၥည္းေတြထည့္လိုက္ပါ။ ဟင္းရည္ဆူလာမွ ျငဳပ္ေကာင္းမႈန္႔ေလး ခတ္လိုက္ရံုပါပဲ။ အရသာရွိၿပီး ကိုယ္အေလးခ်ိန္မတက္ေစတဲ့ ေဂၚဖီထုပ္စြပ္ျပဳတ္က ဝိတ္ေလွ်ာ့ေနသူေတြအတြက္ ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ေစပါလိမ့္မယ္။

Credit : duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်အလေးချိန် လျော့ကျဖို့ဆိုတာ အစားဆင်ခြင်ဖို့က အရေးကြီးဆုံးပါပဲ။ ဝိတ်လည်းကျချင် အစားလည်းမလျှော့ချင်ဘူးဆိုရင်တော့ ခက်ပြီပေါ့။ တကယ်လို့ ဗိုက်ဆာချိန်မှာ ဂေါ်ဖီထုပ်စွပ်ပြုတ်လေး သောက်ထားမယ်ဆို အစာခံပြီး ကိုယ်အလေးချိန်လည်း ကျလာမှာသေချာပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ တရုတ်နံနံကြီး၊ ကြက်သားပြုတ်ရည်၊ ရှာလကာရည် (သို့မဟုတ် သံပုရာသီး)၊ ငြုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူတို့ပဲ ဖြစ်ပါတယ်။

ချက်နည်းကလည်း မခက်ပါဘူး။ ကြက်သားပြုတ်ရည်ထဲကို ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။ ဟင်းရည်ဆူလာမှ ငြုပ်ကောင်းမှုန့်လေး ခတ်လိုက်ရုံပါပဲ။ အရသာရှိပြီး ကိုယ်အလေးချိန်မတက်စေတဲ့ ဂေါ်ဖီထုပ်စွပ်ပြုတ်က ဝိတ်လျှော့နေသူတွေအတွက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်စေပါလိမ့်မယ်။

Credit : duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top