iMyanmarHouse.com - Best Property Website for Myanmar
×

လူမႈေရးဆုိင္ရာလႈပ္ရွားမႈပြဲေတြတက္တာ ဥာဏ္ရည္သိပ္မေကာင္းသူေတြအတြက္ျဖစ္ေၾကာင္း British Journal of Psychology ကေန ေဖာ္ျပတဲ့ ေလ့လာမႈက အခုိင္အမာေျပာဆိုခဲ့ပါတယ္။ ယင္းေလ့လာမႈမွာ အသက္ ၁၈ ႏွစ္နဲ႔ ၂၈ ႏွစ္ၾကားရိွ လူမ်ဳိးေရးေနာက္ခံ၊ ေငြးေရးေၾကးေရးအေျခအေန၊ လိင္ျဖစ္တည္မႈနဲ႔ လိင္စိတ္တိမ္းညြတ္မႈကြဲျပားသူ အေယာက္ ၁၅,၀၀၀ ကုိ စူးစမ္းေလ့လာခဲ့တာျဖစ္ျပီး အေပါင္းအသင္း ပိုဆန္႔သူေတြ ေပ်ာ္ရႊင္မႈ ပိုရိွၾကတယ္လုိ႔ ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဥာဏ္ရည္ပိုေကာင္းသူေတြကေတာ့ ဘဝေပ်ာ္ရႊင္ေက်နပ္မႈ ပိုနည္းၾကေၾကာင္း ေလ့လာမႈအရ သိရပါတယ္။

ဒါက ဥာဏ္ေကာင္းသူေတြ ေရရွည္ရည္မွန္းခ်က္ေတြ ပိုအေလးထားၾကျပီး လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတာဟာ သူတုိ႔ရဲ႕ အေရးၾကီးစီမံခ်က္ေတြကို အာရုံမစုိက္ႏုိင္ျဖစ္ေစတတ္လုိ႔ ျဖစ္ႏုိင္ပါတယ္။ ဒီအခ်က္နဲ႔ ပတ္သက္ျပီး ဆင့္ကဲေျပာင္းလဲလာတဲ့ ေျဖရွင္းခ်က္က လူေတြအျမဲလုိက္ဝမ္းစာရွာရတဲ့ေခတ္ ေက်ာက္ေခတ္က ပတ္ဝန္းက်င္နဲ႔ ေရာေႏွာဆက္ဆံျခင္းက အက်ဳိးရိွေနခ်ိန္မွာ သူမ်ားထက္ ပိုမိုေျပာင္းလဲတုိးတက္ျမန္တဲ့ ဥာဏ္ရည္ထက္ျမတ္သူေတြ တျခားသူေတြနဲ႔ အျပန္အလွန္အက်ဳိးျပဳမႈ ပိုနည္းကာ ဘဝကို လုိက္ေလ်ာညီေထြ ရိွေအာင္ ျပင္ဆင္ညိွႏိႈင္းတတ္ၾကပါတယ္။

တကယ္လုိ႔ သင္ဟာ လူမႈေရးဆုိင္ရာပြဲေတြ တက္ေရာက္ဖုိ႔ သေဘာမက်ေပမယ့္ အေပါင္းအသင္းေတြနဲ႔ ရင္းရင္းႏွီးႏီွး ေရာေႏွာဆက္ဆံတာ ေပ်ာ္ရႊင္မႈျဖစ္ေစေၾကာင္း လက္ခံသူတစ္ေယာက္ျဖစ္ပါက ဒီေလ့လာမႈကို အက်ဳိးရိွရိွ အသုံးခ်ႏုိင္ပါတယ္။ ပထမဦးဆုံး မိမိတက္မယ့္ပြဲေတြကို ခ်င့္ခ်ိန္ေရြးခ်ယ္ပါ။

ေနာက္ အထီးက်န္ခံစားရတဲ့အခါ ကလပ္ သုိ႔မဟုတ္ ဘားတစ္ခုခု သြားမယ့္အစား networking event သုိ႔မဟုတ္ လုပ္ငန္းခြင္ ေဆြးေႏြးပြဲ (workshop) စတဲ့ ေရရည္စီမံကိန္းေတြ ဖန္တီးေပးမယ့္ ပြဲတစ္ခုခု ပိုမိုေရြးခ်ယ္သင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

လူမှုရေးဆိုင်ရာလှုပ်ရှားမှုပွဲတွေတက်တာ ဉာဏ်ရည်သိပ်မကောင်းသူတွေအတွက်ဖြစ်ကြောင်း British Journal of Psychology ကနေ ဖော်ပြတဲ့ လေ့လာမှုက အခိုင်အမာပြောဆိုခဲ့ပါတယ်။ ယင်းလေ့လာမှုမှာ အသက် ၁၈ နှစ်နဲ့ ၂၈ နှစ်ကြားရှိ လူမျိုးရေးနောက်ခံ၊ ငွေးရေးကြေးရေးအခြေအနေ၊ လိင်ဖြစ်တည်မှုနဲ့ လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူ အယောက် ၁၅,၀၀၀ ကို စူးစမ်းလေ့လာခဲ့တာဖြစ်ပြီး အပေါင်းအသင်း ပိုဆန့်သူတွေ ပျော်ရွှင်မှု ပိုရှိကြတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဉာဏ်ရည်ပိုကောင်းသူတွေကတော့ ဘဝပျော်ရွှင်ကျေနပ်မှု ပိုနည်းကြကြောင်း လေ့လာမှုအရ သိရပါတယ်။

ဒါက ဉာဏ်ကောင်းသူတွေ ရေရှည်ရည်မှန်းချက်တွေ ပိုအလေးထားကြပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာဟာ သူတို့ရဲ့ အရေးကြီးစီမံချက်တွေကို အာရုံမစိုက်နိုင်ဖြစ်စေတတ်လို့ ဖြစ်နိုင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဆင့်ကဲပြောင်းလဲလာတဲ့ ဖြေရှင်းချက်က လူတွေအမြဲလိုက်ဝမ်းစာရှာရတဲ့ခေတ် ကျောက်ခေတ်က ပတ်ဝန်းကျင်နဲ့ ရောနှောဆက်ဆံခြင်းက အကျိုးရှိနေချိန်မှာ သူများထက် ပိုမိုပြောင်းလဲတိုးတက်မြန်တဲ့ ဉာဏ်ရည်ထက်မြတ်သူတွေ တခြားသူတွေနဲ့ အပြန်အလှန်အကျိုးပြုမှု ပိုနည်းကာ ဘဝကို လိုက်လျောညီထွေ ရှိအောင် ပြင်ဆင်ညှိနှိုင်းတတ်ကြပါတယ်။

တကယ်လို့ သင်ဟာ လူမှုရေးဆိုင်ရာပွဲတွေ တက်ရောက်ဖို့ သဘောမကျပေမယ့် အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ရောနှောဆက်ဆံတာ ပျော်ရွှင်မှုဖြစ်စေကြောင်း လက်ခံသူတစ်ယောက်ဖြစ်ပါက ဒီလေ့လာမှုကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။ ပထမဦးဆုံး မိမိတက်မယ့်ပွဲတွေကို ချင့်ချိန်ရွေးချယ်ပါ။

နောက် အထီးကျန်ခံစားရတဲ့အခါ ကလပ် သို့မဟုတ် ဘားတစ်ခုခု သွားမယ့်အစား networking event သို့မဟုတ် လုပ်ငန်းခွင် ဆွေးနွေးပွဲ (workshop) စတဲ့ ရေရည်စီမံကိန်းတွေ ဖန်တီးပေးမယ့် ပွဲတစ်ခုခု ပိုမိုရွေးချယ်သင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top