iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာတစ္ဝန္းလံုးက အ႐ြယ္ေရာက္ၿပီး အမ်ိဳးသားထုတစ္ခုလံုးကို ျခံဳငံုၾကည့္လိုက္မယ္ဆုိရင္ ထိပ္ေျပာင္တဲ့သူေတြ မနည္းပါဘူး။ ထိပ္ေျပာင္တဲ့ အမ်ိဳးသားေတြဟာ ပိုၿပီးေအာင္ျမင္မႈ႐ွိသလို လူေတြအေပၚလႊမ္းမိုးႏိုင္စြမ္း ႐ွိၾကတယ္လို႔ ပင္ဆယ္လ္ေဗးနီးယားတကၠသိုလ္ (University of Pennsylvania)က ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

အေမရိကန္သိပၸံပညာ႐ွင္ အဲလ္ဘတ္ အီး မန္းနက္စ္ဟာ ထိပ္ေျပာင္ေနသူျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာ ထိပ္ေျပာင္တဲ့အမ်ိဳးသားေတြအေၾကာင္းကို လူ ၅၉ ဦးနဲ႔ ေလ့လာခဲ့ပါတယ္။ လူတစ္ဦးတည္းကိုပဲ ဆံပင္အျပည့္ပါတဲ့ဓာတ္ပံုနဲ႔ ဆံပင္မပါတဲ့ပံုကို ႏႈိင္းယွဥ္ေဖာ္ျပကာ လူေတြရဲ႕တံု႔ျပန္မႈကို ေလ့လာခဲ့တာ ျဖစ္ပါတယ္။ ဒီေလ့လာမႈအရ ထိပ္ေျပာင္ ဆံပင္မ႐ွိတဲ့ဓာတ္ပံုေတြဟာ ပိုၿပီးလႊမ္းမိုးမႈ႐ွိတယ္လုိ႔ ေလ့လာမႈမွာပါဝင္သူေတြက ေျဖၾကားခဲ့ၾကပါတယ္။

နည္းပညာေလာကရဲ႕ စြန္႔ဦးတီထြင္သမားတစ္ဦးျဖစ္တဲ့ ဆက္သ္ေဂါ့့ဒင္ဆုိရင္လည္း ထိပ္ေျပာင္ဘဝကိုေရာက္ေနတာ ႏွစ္ ၂၀ ေလာက္ ရွိေနပါၿပီ။ သူက Wall Street Journal နဲ႔ အင္တာဗ်ဴးေျဖၾကားစဥ္မွာ " ဆံပင္ရိတ္လိုက္လို႔ ခင္ဗ်ားေအာင္ျမင္လာလိမ့္မယ္လို႔ ကၽြန္ေတာ္မေျပာဘူး၊ ဒါေပမဲ့ အဲ့တာက ခင္ဗ်ားတစ္ခုခုလုပ္ၿပီးဆုိတဲ့စကားနဲ႔ စလာေတာ့တာပဲ" လို႔ ဆိုပါတယ္။ University of Saarland က လူေပါင္း ၂၀၀၀၀ နဲ႔ ျပဳလုပ္တဲဲ့ ေလ့လာမႈတစ္ခုမွာလည္း ထိပ္ေျပာင္တဲဲ့အမ်ိဳးသားေတြဟာ ပိုအသက္ႀကီး၊ ပိုမိုဉာဏ္ေကာင္းၾကသလို စဥ္းစားျခင့္ခ်ိန္ႏိုင္စြမ္း ပိုမ်ားတယ္လို႔ ေဖာ္ျပဖူးပါတယ္။

ထိပ္ေျပာင္မႈဟာ ႐ုပ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈကိုလည္း မထိခိုက္ေစဘူးလို႔ ဆုိႏိုင္ပါေသးတယ္။ ေဟာလိဝုဒ္မင္းသားႀကီးေတြျဖစ္တဲ့ ေဂ်ဆန္ စတက္သမ္၊ ဘ႐ုစ္ ဝီလီနဲ႔ မိုက္ကယ္ ေဂ်ာ္ဒန္တို႔ဆုိရင္လည္း လူႀကိဳက္မ်ားတဲ့ မင္းသားေတြပါပဲ။ ေဂ်ဆန္ စတက္သမ္ဆုိရင္ အမိုက္စားအလန္းစားေမာ္ဒယ္ေလး ႐ိုစီ ဟန္တင္တမ္ ဝိႈက္တေလနဲ႔ေတာင္ လက္တြဲထားပါေသးတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun


#Unicode Version

ကမ္ဘာတစ်ဝန်းလုံးက အရွယ်ရောက်ပြီး အမျိုးသားထုတစ်ခုလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် ထိပ်ပြောင်တဲ့သူတွေ မနည်းပါဘူး။ ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ ပိုပြီးအောင်မြင်မှုရှိသလို လူတွေအပေါ်လွှမ်းမိုးနိုင်စွမ်း ရှိကြတယ်လို့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania)က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

အမေရိကန်သိပ္ပံပညာရှင် အဲလ်ဘတ် အီး မန်းနက်စ်ဟာ ထိပ်ပြောင်နေသူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထိပ်ပြောင်တဲ့အမျိုးသားတွေအကြောင်းကို လူ ၅၉ ဦးနဲ့ လေ့လာခဲ့ပါတယ်။ လူတစ်ဦးတည်းကိုပဲ ဆံပင်အပြည့်ပါတဲ့ဓာတ်ပုံနဲ့ ဆံပင်မပါတဲ့ပုံကို နှိုင်းယှဉ်ဖော်ပြကာ လူတွေရဲ့တုံ့ပြန်မှုကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီလေ့လာမှုအရ ထိပ်ပြောင် ဆံပင်မရှိတဲ့ဓာတ်ပုံတွေဟာ ပိုပြီးလွှမ်းမိုးမှုရှိတယ်လို့ လေ့လာမှုမှာပါဝင်သူတွေက ဖြေကြားခဲ့ကြပါတယ်။

နည်းပညာလောကရဲ့ စွန့်ဦးတီထွင်သမားတစ်ဦးဖြစ်တဲ့ ဆက်သ်ဂေါ့ဒင်ဆိုရင်လည်း ထိပ်ပြောင်ဘဝကိုရောက်နေတာ နှစ် ၂၀ လောက် ရှိနေပါပြီ။ သူက Wall Street Journal နဲ့ အင်တာဗျူးဖြေကြားစဉ်မှာ " ဆံပင်ရိတ်လိုက်လို့ ခင်ဗျားအောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်မပြောဘူး၊ ဒါပေမဲ့ အဲ့တာက ခင်ဗျားတစ်ခုခုလုပ်ပြီးဆိုတဲ့စကားနဲ့ စလာတော့တာပဲ" လို့ ဆိုပါတယ်။ University of Saarland က လူပေါင်း ၂၀၀၀၀ နဲ့ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာလည်း ထိပ်ပြောင်တဲ့အမျိုးသားတွေဟာ ပိုအသက်ကြီး၊ ပိုမိုဉာဏ်ကောင်းကြသလို စဉ်းစားခြင့်ချိန်နိုင်စွမ်း ပိုများတယ်လို့ ဖော်ပြဖူးပါတယ်။

ထိပ်ပြောင်မှုဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကိုလည်း မထိခိုက်စေဘူးလို့ ဆိုနိုင်ပါသေးတယ်။ ဟောလိဝုဒ်မင်းသားကြီးတွေဖြစ်တဲ့ ဂျေဆန် စတက်သမ်၊ ဘရုစ် ဝီလီနဲ့ မိုက်ကယ် ဂျော်ဒန်တို့ဆိုရင်လည်း လူကြိုက်များတဲ့ မင်းသားတွေပါပဲ။ ဂျေဆန် စတက်သမ်ဆိုရင် အမိုက်စားအလန်းစားမော်ဒယ်လေး ရိုစီ ဟန်တင်တမ် ဝှိုက်တလေနဲ့တောင် လက်တွဲထားပါသေးတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top