iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို ခ်စ္မိျပီဆုိတာနဲ႔ ေမွ်ာ္လင့္မႈဆုိတာ အလုိအေလ်ာက္ျဖစ္လာတတ္ေပမဲ့ မလိုအပ္တဲ့ အရာေတြကို ေတာင္းဆုိဖို႔မဟုတ္ပါဘူး။ အခ်စ္ေရး၊ အိမ္ေထာင္ေရး အဆင္ေျပေစဖုိ႔ဆုိရင္ အၾကြင္းမဲ့ ခ်စ္တတ္ဖို႔ ၾကိဳးစားႏုိင္ရင္အေကာင္းဆုံးပါ။ သို႔ပါေသာ္လည္း လူဆုိတာက နည္းနည္းေလးျဖစ္ျဖစ္ တစ္ကိုယ္ေကာင္းဆန္ခ်င္တဲ့ အခ်ိန္ေတြ ရွိတတ္ပါတယ္။ ကိုယ္အသာရဖို႔ဆုိရင္ေတာင္ ရင့္က်က္တဲ့ မိန္းမတစ္ေယာက္၊ ေယာက္်ားတစ္ေယာက္ကို ထိန္းထားႏုိင္တဲ့မိန္းမတစ္ေယာက္က ေယာက္်ားေတြဆီက ဘယ္ေတာ့မွ မေတာင္းဆုိတဲ့အရာေတြ ရွိပါတယ္။

ေယာက္်ားတစ္ေယာက္နဲ႔ သူ႔မိသားစု၊ သူငယ္ခ်င္းေတြၾကား ဘယ္ေတာ့မွဝင္မပါဘူး။
သူမအေနနဲ႔ သူတို႔နဲ႔ ပတ္သက္ျပီး ဘယ္လိုပဲ ခံစားခ်က္ရွိပါေစ၊ ဘယ္ေတာ့မွ သူတို႔နဲ႔အဆက္အသြယ္မလုပ္ဖုိ႔မေျပာသင့္ဘူး။ သူခ်စ္တဲ့သူေတြက သူ႔အတြက္အေရးၾကီးတယ္ ဆုိတာသိထားတယ္။ ကုိယ့္အမ်ိဳးသားကုိ သူ႔ေဆြမ်ိဳးေတြ၊ မိတ္ေဆြေတြဆီကေန ခြဲမထုတ္တာက ကုိယ့္ဘက္မွာ သူအျမဲရွိေနေစမယ့္ အေကာင္းဆုံး နည္းလမ္း ျဖစ္ပါတယ္။

သူၾကိဳက္တဲ့ဝါသနာကို ဘယ္ေတာ့မွ မစြန္႔လႊတ္ခိုင္းတတ္ပါဘူး။
ပန္းခ်ီဆြဲတာ၊ သီခ်င္းဆုိတာ၊ ခရီးထြက္တာ စသျဖင့္ ေယာက္်ားတစ္ေယာက္ရဲ႕ ဝါသနာကိုတားျမစ္တာက သူ႔စိတ္ကို ရုိက္ခ်ဳိးတာနဲ႔အတူတူပဲဆိုတာ အသိဥာဏ္ျပည့္ဝတဲ့မိန္းမတစ္ေယာက္က သိတယ္။ ေသခ်ာတာတစ္ခုက သူဝါသနာပါရာအလုပ္ကို တားျမစ္ရင္ ကေလးတစ္ေယာက္လုိ နာခံမွာ မဟုတ္သလို အႏႈတ္လကၡဏာရလဒ္ေတြပဲ ရႏုိင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အနားကေန နားလည္မႈနဲ႔ တတ္ႏုိင္သမွ် ပံ့ပိုးေပးသင့္တယ္။

သူမကို ဂရုစိုက္ဖို႔ မေတာင္းဆုိတတ္ဘူး။
တခ်ဳိ႕မိန္းမေတြက သူတို႔ရဲ႕ ကိစၥအဝဝကို ေယာက္်ားတစ္ေယာက္ အေပၚမွာ ပုံခ်ထားတတ္တယ္။ သူတုိ႔ရဲ႕ စိတ္ေပ်ာ္ရႊင္မႈအတြက္ သူတို႔အနားမွာပဲေနျပီး သူတို႔ကို အခ်ိန္ေပးသင့္ တယ္လို႔ ယူဆတတ္ေပမဲ့ ရင့္က်က္တဲ့အမ်ဳိးသမီးတစ္ေယာက္အေနနဲ႔ ေယာက္်ားက သူ႔အေပၚ ဂရုစိုက္ ခ်စ္ခင္တာကုိ သေဘာက်ေပမဲ့ သူ႔ကို ဂရုစိုက္ေပးပါ၊ သူလုိခ်င္တာဝယ္ေပးပါ၊

သူျဖစ္ခ်င္တာလုပ္ေပးပါလို႔ ေတာင္းဆုိေနေလ့မရွိပါဘူး။
သူမက သူ႔ကို ေျပာင္းလဲဖို႔မၾကိဳးစားတတ္ဘူး။ ေအာင္ျမင္တဲ့အခ်စ္ေရးတစ္ခုမွာ ကိုယ့္လက္တြဲေဖာ္ရဲ႕ အရွိ အတုိင္းကို လက္ခံႏုိင္ဖို႔ လုိအပ္ပါတယ္။ ေကာင္းျခင္းေရာ၊ ဆုိးျခင္းေရာအားလုံးကို လက္ခံႏုိင္ရပါမယ္။ အရြယ္ေရာက္ျပီးသူတစ္ေယာက္ရဲ႕ အရုိးစြဲေနတဲ့ အမူအက်င့္ေတြကုိ လုိက္ျပီးျပင္ရတာက ထင္သေလာက္ လြယ္တဲ့ကိစၥတစ္ခုမဟုတ္သလို ျပင္တဲ့သူပဲ စိတ္ေရာ၊ ကိုယ္ေရာပင္ပန္းမယ္ဆုိတာကို သိတယ္။ သူမဟုတ္တဲ့ တျခားတစ္ေယာက္ရဲ႕ ပုံစံကို လုိက္ျပီးျပင္ရတဲ့သူအေနနဲ႔လည္း ေပ်ာ္ရႊင္ေနမွာ မဟုတ္ဘူးဆိုတာ လက္ခံထားႏုိင္ရင္ ရင့္က်က္ျပီး ထက္ျမက္တဲ့ မိန္းမတစ္ေယာက္ျဖစ္မွာပါ။

တျခားမိန္းမေတြကို လ်စ္လ်ဴရႈထားပါလို႔ ဘယ္ေတာ့မွ မေတာင္းဆိုပါဘူး။
သဝန္တိုတယ္ဆုိတာ လူသား ဆန္တဲ့ ခံစားမႈတစ္ခု။ ဒါကုိ ထိန္းခ်ဳပ္ဖို႔ခက္တယ္။ ဒါေပမဲ့ ယုံၾကည္မႈနဲ႔ စလို႔ရတယ္။ ပညာရွိတဲ့ မိန္းမတစ္ေယာက္ဟာ သူ႔အမ်ဳိးသားကုိ တျခားမိန္းမတစ္ေယာက္ကို အေရးမစိုက္ပါနဲ႔လို႔ ေတာင္းဆုိစရာ မလုိေလာက္ေအာင္ ယုံၾကည္မႈေပးထားတယ္။ တျခားသူတစ္ေယာက္ သူတို႔အခ်စ္ေရးကို မဖ်က္ဆီးႏုိင္ဘူးလို႔ သူကအျပည့္အဝ ယုံၾကည္ထားတယ္။ ယုံၾကည္မႈကိုထိန္းသိမ္းႏုိင္ေအာင္လည္း သူ႔ဘက္က က်ဥ္းက်ပ္တဲ့ေဘာင္ေတြ ခတ္မထားတတ္ဘူး။ နားလည္မႈေတြနဲ႔ပဲ ခ်ည္ေႏွာင္ထားတာက အသိဥာဏ္ျပည့္ဝတဲ့ မိန္းမေတြရဲ႕ အရည္အခ်င္းပါ။


 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :trend myanmar

#Unicode Version

လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ မျှော်လင့်မှုဆိုတာ အလိုအလျောက်ဖြစ်လာတတ်ပေမဲ့ မလိုအပ်တဲ့ အရာတွေကို တောင်းဆိုဖို့မဟုတ်ပါဘူး။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေစေဖို့ဆိုရင် အကြွင်းမဲ့ ချစ်တတ်ဖို့ ကြိုးစားနိုင်ရင်အကောင်းဆုံးပါ။ သို့ပါသော်လည်း လူဆိုတာက နည်းနည်းလေးဖြစ်ဖြစ် တစ်ကိုယ်ကောင်းဆန်ချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ကိုယ်အသာရဖို့ဆိုရင်တောင် ရင့်ကျက်တဲ့ မိန်းမတစ်ယောက်၊ ယောက်ျားတစ်ယောက်ကို ထိန်းထားနိုင်တဲ့မိန်းမတစ်ယောက်က ယောက်ျားတွေဆီက ဘယ်တော့မှ မတောင်းဆိုတဲ့အရာတွေ ရှိပါတယ်။

ယောက်ျားတစ်ယောက်နဲ့ သူ့မိသားစု၊ သူငယ်ချင်းတွေကြား ဘယ်တော့မှဝင်မပါဘူး။
သူမအနေနဲ့ သူတို့နဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ခံစားချက်ရှိပါစေ၊ ဘယ်တော့မှ သူတို့နဲ့အဆက်အသွယ်မလုပ်ဖို့မပြောသင့်ဘူး။ သူချစ်တဲ့သူတွေက သူ့အတွက်အရေးကြီးတယ် ဆိုတာသိထားတယ်။ ကိုယ့်အမျိုးသားကို သူ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီကနေ ခွဲမထုတ်တာက ကိုယ့်ဘက်မှာ သူအမြဲရှိနေစေမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

သူကြိုက်တဲ့ဝါသနာကို ဘယ်တော့မှ မစွန့်လွှတ်ခိုင်းတတ်ပါဘူး။
ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ခရီးထွက်တာ စသဖြင့် ယောက်ျားတစ်ယောက်ရဲ့ ဝါသနာကိုတားမြစ်တာက သူ့စိတ်ကို ရိုက်ချိုးတာနဲ့အတူတူပဲဆိုတာ အသိဉာဏ်ပြည့်ဝတဲ့မိန်းမတစ်ယောက်က သိတယ်။ သေချာတာတစ်ခုက သူဝါသနာပါရာအလုပ်ကို တားမြစ်ရင် ကလေးတစ်ယောက်လို နာခံမှာ မဟုတ်သလို အနှုတ်လက္ခဏာရလဒ်တွေပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အနားကနေ နားလည်မှုနဲ့ တတ်နိုင်သမျှ ပံ့ပိုးပေးသင့်တယ်။

သူမကို ဂရုစိုက်ဖို့ မတောင်းဆိုတတ်ဘူး။
တချို့မိန်းမတွေက သူတို့ရဲ့ ကိစ္စအဝဝကို ယောက်ျားတစ်ယောက် အပေါ်မှာ ပုံချထားတတ်တယ်။ သူတို့ရဲ့ စိတ်ပျော်ရွှင်မှုအတွက် သူတို့အနားမှာပဲနေပြီး သူတို့ကို အချိန်ပေးသင့် တယ်လို့ ယူဆတတ်ပေမဲ့ ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ယောက်ျားက သူ့အပေါ် ဂရုစိုက် ချစ်ခင်တာကို သဘောကျပေမဲ့ သူ့ကို ဂရုစိုက်ပေးပါ၊ သူလိုချင်တာဝယ်ပေးပါ၊

သူဖြစ်ချင်တာလုပ်ပေးပါလို့ တောင်းဆိုနေလေ့မရှိပါဘူး။
သူမက သူ့ကို ပြောင်းလဲဖို့မကြိုးစားတတ်ဘူး။ အောင်မြင်တဲ့အချစ်ရေးတစ်ခုမှာ ကိုယ့်လက်တွဲဖော်ရဲ့ အရှိ အတိုင်းကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ကောင်းခြင်းရော၊ ဆိုးခြင်းရောအားလုံးကို လက်ခံနိုင်ရပါမယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အရိုးစွဲနေတဲ့ အမူအကျင့်တွေကို လိုက်ပြီးပြင်ရတာက ထင်သလောက် လွယ်တဲ့ကိစ္စတစ်ခုမဟုတ်သလို ပြင်တဲ့သူပဲ စိတ်ရော၊ ကိုယ်ရောပင်ပန်းမယ်ဆိုတာကို သိတယ်။ သူမဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ ပုံစံကို လိုက်ပြီးပြင်ရတဲ့သူအနေနဲ့လည်း ပျော်ရွှင်နေမှာ မဟုတ်ဘူးဆိုတာ လက်ခံထားနိုင်ရင် ရင့်ကျက်ပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်မှာပါ။

တခြားမိန်းမတွေကို လျစ်လျူရှုထားပါလို့ ဘယ်တော့မှ မတောင်းဆိုပါဘူး။
သဝန်တိုတယ်ဆိုတာ လူသား ဆန်တဲ့ ခံစားမှုတစ်ခု။ ဒါကို ထိန်းချုပ်ဖို့ခက်တယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ စလို့ရတယ်။ ပညာရှိတဲ့ မိန်းမတစ်ယောက်ဟာ သူ့အမျိုးသားကို တခြားမိန်းမတစ်ယောက်ကို အရေးမစိုက်ပါနဲ့လို့ တောင်းဆိုစရာ မလိုလောက်အောင် ယုံကြည်မှုပေးထားတယ်။ တခြားသူတစ်ယောက် သူတို့အချစ်ရေးကို မဖျက်ဆီးနိုင်ဘူးလို့ သူကအပြည့်အဝ ယုံကြည်ထားတယ်။ ယုံကြည်မှုကိုထိန်းသိမ်းနိုင်အောင်လည်း သူ့ဘက်က ကျဉ်းကျပ်တဲ့ဘောင်တွေ ခတ်မထားတတ်ဘူး။ နားလည်မှုတွေနဲ့ပဲ ချည်နှောင်ထားတာက အသိဉာဏ်ပြည့်ဝတဲ့ မိန်းမတွေရဲ့ အရည်အချင်းပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top