iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္နဲ႔တစ္ေယာက္ အစာအဆိပ္သင့္ျဖစ္မႈျဖစ္ပုံခ်င္း မတူၾကပါဘူး။ တခ်ဳိ႕ေတြ ဝမ္းေလွ်ာျပီး ေအာ့အန္တာေတြ ခံစားေနရစဥ္မွာ အျခားသူေတြ ျပင္းထန္တဲ့ ဗုိက္ေအာင့္ဗုိက္နာမႈေတြ ခံစားရပါတယ္။ မူးေနာက္ျခင္းနဲ႔ ေရဓာတ္ခန္းေျခာက္မႈလည္း ခံစားရပါတယ္။ ေအာက္ပါတုိ႔က အစာအဆိပ္သင့္ျဖစ္သူေတြအတြက္ အေထာက္အကူျဖစ္ေစတဲ့ ေဆးနည္းေတြ ျဖစ္ပါတယ္။

ပူစီနံရြက္စိမ္ ေရေႏြးၾကမ္း

ပူစီနံက ရနံ႔ကုထုံးအတြက္ အသုံးမ်ားပါတယ္။ သူ႔အဆီမွာ စိတ္ျငိမ္ေစတဲ့ အက်ဳိးသက္ေရာက္မႈေတြ ရိွပါတယ္။ ခႏၶာကိုယ္ကုိ ေဝဒနာသက္သာေစပါတယ္။ ဒါ့ေၾကာင့္ အစာအဆိပ္သင့္ျဖစ္သူေတြအတြက္ အေကာင္းဆုံးပါပဲ။

ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က အစာအိမ္လမ္းေၾကာင္းအတြင္းမ်က္ႏွာျပင္ ျငိမ္သက္ေစပါတယ္။ ရွာလကာရည္ဆိုတာ သဘာဝ အယ္လ္ကာလီ ျဖစ္ပါတယ္။ အစာအိမ္အတြင္း ဘက္တီးရီးယားေတြ ရွင္သန္ႏုိင္ေအာင္ ျပဳလုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ အစာအဆိပ္သင့္မႈျဖစ္ေစတဲ့ microorganism ဖြံ႔ျဖိဳးမႈ ဟန္႔တားဖုိ႔ အေကာင္းဆုံးျဖစ္ပါတယ္။

ေရ

ဝမ္းေလွ်ာတာက အစာအဆိပ္သင့္မႈရဲ႕ အက်ဳိးဆက္တစ္ခု ျဖစ္ပါတယ္။ ဒီလုိမ်ဳိးအခ်ိန္မွာ ခႏၶာကိုယ္မွ ေရဓာတ္ဆုံးရံႈးျပီး ေရဓာတ္ခန္းေျခာက္ပါတယ္။ ေရပုံမွန္ေသာက္သုံးျခင္းက ခႏၶာကိုယ္ကို ေရဓာတ္ထိန္းသိမ္းေပးပါတယ္။ ေရက အဆိပ္အေတာက္ေတြ ရွင္းလင္းေပးပါတယ္။

သံပုယိုသီး

အက္ဆစ္ဓာတ္ရိွတဲ့အခါ ဘက္တီးရီးယားေတြ ေခ်မုန္းခံရျပီး အစာအဆိပ္သင့္မႈ အျမန္သက္သာေစပါတယ္။ သံပုယိုေဖ်ာ္ရည္ျပဳလုပ္ျပီး ပ်ားရည္ သုိ႔မဟုတ္ သၾကားအနည္းငယ္ ေရာထည့္ပါ။ ေရေႏြးၾကမ္းထဲလည္း သံပုယိုထည့္ေသာက္ႏုိင္ပါတယ္။

ပန္းသီး

ရင္ပူရင္ဆာျဖစ္မႈ သက္သာေစဖုိ႔ အသုံးျပဳပါတယ္။ ပန္းသီးမွာ ဝမ္းေလွ်ာမႈျဖစ္ေစတဲ့ ဘက္တီးရီးယားေတြနဲ႔ ဗိုက္ေအာင့္ ဗုိက္နာျဖစ္ေစတဲ့ microorganism ေတြ ေခ်မႈန္းေပးတဲ့ အရာဝတၱဳေတြ ပါဝင္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ပိုတက္ဆီယမ္က အစာအဆိပ္သင့္မႈေဝဒနာသက္သာေစဖုိ႔ အေထာက္အကူျပဳပါတယ္။

ပင္စိမ္း

ပ်ားရည္ ထမင္းစားဇြန္း (၁) ဇြန္းနဲ႔ ေရာစပ္ထားတဲ့ ပင္စိမ္းဟာ လည္ပင္းနဲ႔ အစာအိမ္အတြင္းရိွ ကူးစက္ေရာဂါအတြက္ ထိေရာက္တဲ့ကုသနည္း ျဖစ္ပါတယ္။

ဂ်င္း

ဂ်င္းက အစာအိမ္ျပသနာေတြ ကာကြယ္ဖုိ႔ အထူးေကာင္းမြန္တယ္လုိ႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

လူတစ်ယောက်နဲ့တစ်ယောက် အစာအဆိပ်သင့်ဖြစ်မှုဖြစ်ပုံချင်း မတူကြပါဘူး။ တချို့တွေ ဝမ်းလျှောပြီး အော့အန်တာတွေ ခံစားနေရစဉ်မှာ အခြားသူတွေ ပြင်းထန်တဲ့ ဗိုက်အောင့်ဗိုက်နာမှုတွေ ခံစားရပါတယ်။ မူးနောက်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်မှုလည်း ခံစားရပါတယ်။ အောက်ပါတို့က အစာအဆိပ်သင့်ဖြစ်သူတွေအတွက် အထောက်အကူဖြစ်စေတဲ့ ဆေးနည်းတွေ ဖြစ်ပါတယ်။

ပူစီနံရွက်စိမ် ရေနွေးကြမ်း

ပူစီနံက ရနံ့ကုထုံးအတွက် အသုံးများပါတယ်။ သူ့အဆီမှာ စိတ်ငြိမ်စေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ခန္ဓာကိုယ်ကို ဝေဒနာသက်သာစေပါတယ်။ ဒါ့ကြောင့် အစာအဆိပ်သင့်ဖြစ်သူတွေအတွက် အကောင်းဆုံးပါပဲ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အစာအိမ်လမ်းကြောင်းအတွင်းမျက်နှာပြင် ငြိမ်သက်စေပါတယ်။ ရှာလကာရည်ဆိုတာ သဘာဝ အယ်လ်ကာလီ ဖြစ်ပါတယ်။ အစာအိမ်အတွင်း ဘက်တီးရီးယားတွေ ရှင်သန်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် အစာအဆိပ်သင့်မှုဖြစ်စေတဲ့ microorganism ဖွံ့ဖြိုးမှု ဟန့်တားဖို့ အကောင်းဆုံးဖြစ်ပါတယ်။

ရေ

ဝမ်းလျှောတာက အစာအဆိပ်သင့်မှုရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုးအချိန်မှာ ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ပါတယ်။ ရေပုံမှန်သောက်သုံးခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ထိန်းသိမ်းပေးပါတယ်။ ရေက အဆိပ်အတောက်တွေ ရှင်းလင်းပေးပါတယ်။

သံပုယိုသီး

အက်ဆစ်ဓာတ်ရှိတဲ့အခါ ဘက်တီးရီးယားတွေ ချေမုန်းခံရပြီး အစာအဆိပ်သင့်မှု အမြန်သက်သာစေပါတယ်။ သံပုယိုဖျော်ရည်ပြုလုပ်ပြီး ပျားရည် သို့မဟုတ် သကြားအနည်းငယ် ရောထည့်ပါ။ ရေနွေးကြမ်းထဲလည်း သံပုယိုထည့်သောက်နိုင်ပါတယ်။

ပန်းသီး

ရင်ပူရင်ဆာဖြစ်မှု သက်သာစေဖို့ အသုံးပြုပါတယ်။ ပန်းသီးမှာ ဝမ်းလျှောမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုက်အောင့် ဗိုက်နာဖြစ်စေတဲ့ microorganism တွေ ချေမှုန်းပေးတဲ့ အရာဝတ္တုတွေ ပါဝင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က အစာအဆိပ်သင့်မှုဝေဒနာသက်သာစေဖို့ အထောက်အကူပြုပါတယ်။

ပင်စိမ်း

ပျားရည် ထမင်းစားဇွန်း (၁) ဇွန်းနဲ့ ရောစပ်ထားတဲ့ ပင်စိမ်းဟာ လည်ပင်းနဲ့ အစာအိမ်အတွင်းရှိ ကူးစက်ရောဂါအတွက် ထိရောက်တဲ့ကုသနည်း ဖြစ်ပါတယ်။

ဂျင်း

ဂျင်းက အစာအိမ်ပြသနာတွေ ကာကွယ်ဖို့ အထူးကောင်းမွန်တယ်လို့ သိရပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top