iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ရလာတဲ့သူေတြဟာ အထီးက်န္ေ၀ဒနာခံစားရတာေၾကာင့္ ေသဆုံးမႈျမင့္မားတဲ့ အခန္းက႑မွာ ပါဝင္ေၾကာင္း ကယ္လီဖုိးနီးယားတကၠသိုလ္က သုေတသီေတြက ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ယင္းေလ့လာမႈမွာ ပွ်မ္းမွ်အသက္ ၇၁ ႏွစ္ရိွ သက္ၾကီးရြယ္အုိ ၁,၆၀၀ ဦးကို စစ္ေဆးေလ့လာမႈ ျပဳလုပ္ခဲ့ပါတယ္။ အထီးက်န္သူေတြမွာ ေသဆုံးမႈႏႈန္း ပိုမိုျမင့္မားခဲ့ပါတယ္။ ပါဝင္စမ္းသပ္ခံတဲ့ အထီးက်န္သူ ၂၃% နီးပါးဟာ ေလ့လာမႈျပဳလုပ္တဲ့ ၆ လအတြင္း ေသဆုံးခဲ့ျပီး မိတ္ေဆြအေပါင္းအသင္း အလုံအေလာက္ရိွသူေတြအနက္ ၁၄% သာလွ်င္ ေသဆုံးခဲ့ၾကပါတယ္။

ကုိယ့္ကိုသိရွိတန္ဖိုးထားျပီး ေပ်ာ္ရႊင္မႈေပးစြမ္းကာ ဘယ္ေတာ့မွ ေက်ာခုိင္းမသြားမယ့္ သူေတြဟာ ကြ်ႏု္ပ္တို႔ဘဝတစ္ေလွ်ာက္လုံးမွာ လုိကိုလိုအပ္တယ္လုိ႔ Massachusetts အေထြေထြေဆးရုံက သက္ၾကီးရြယ္အိုကုသေစာင့္ေရွာက္ေရးဆုိင္ရာ အၾကီးတန္းလူမႈလုပ္သား Barbara Moscowitz က New York Times ကို ရွင္းျပခဲ့ပါတယ္။

အသက္ၾကီးတဲ့ ေဆြမ်ဳိးေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြကို အိမ္အလည္ေခၚျခင္းအျပင္ သက္ၾကီးရြယ္အိုေတြကို တတ္ႏိုင္သမ်ွ ခ်စ္ျခင္းေမတၱာအျပည့္နဲပ ဆက္ဆံအားေပးၾကဖုိ႔ အေရးၾကီးပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းအားျဖင့္ သူတုိ႕ပိုမုိအသက္ရွည္ရွည္ေနႏိုင္ေအာင္ လုပ္ေဆာင္ေပးျခင္းနဲ႕လည္း အတူတူပါပဲ။

အဘုိးအဘြားေတြနဲ႔ အက်ဳိးရိွတဲ့အခ်ိန္ေတြ ကုန္ဆုံးေစျခင္းက သူတုိ႔ကို အက်ဳိးျပဳတဲ့အျပင္ ကြ်ႏု္ပ္တုိ႔ကိုလည္း အက်ဳိးခံစားရရိွေစပါတယ္။ အေပါင္းအသင္းမိတ္ေဆြဖြဲ႔မႈနဲ႔ အာလာပသလႅာပစကားေျပာဆုိမႈေတြက သူတို႔ေတြအတြက္ေတာ့ ေန႔စဥ္ဘဝအတြက္ မျဖစ္မေနကို အေရးၾကီးပါတယ္။ သူတို႕ကို စကားေျပာေပးျခင္း၊ ေပြ႕ဖက္ျခင္းဟာ သူတုိ႕ဘ၀အတြက္ အေရးပါတဲ့ အခန္းက႑ေတြ ျဖစ္လာတာေၾကာင့္ သားသမီးေတြ၊ ေျမးေတြအေနနဲ႕ ကိုယ့္အဘိုးအဘြား သက္ၾကီးရြယ္အိုေတြကို တတ္ႏိုင္သေလာက္အတူရွိေပး၊ စကားေျပာေပြ႔ဖက္ေပးျခင္းအားျဖင့္ သူတုိ႕ဘ၀ေတြ ပိုမုိလန္းဆန္းျပီး အသက္ရွည္က်န္းမာလာေအာင္ လုပ္ေဆာင္ေပးျခင္းနဲ႕အတူတူပဲဆုိတာ သိရပါမယ္။

ဖုိးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

Unicode Version

အသက်ရလာတဲ့သူတွေဟာ အထီးကျန်ဝေဒနာခံစားရတာကြောင့် သေဆုံးမှုမြင့်မားတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ယင်းလေ့လာမှုမှာ ပျှမ်းမျှအသက် ၇၁ နှစ်ရှိ သက်ကြီးရွယ်အို ၁,၆၀၀ ဦးကို စစ်ဆေးလေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ အထီးကျန်သူတွေမှာ သေဆုံးမှုနှုန်း ပိုမိုမြင့်မားခဲ့ပါတယ်။ ပါဝင်စမ်းသပ်ခံတဲ့ အထီးကျန်သူ ၂၃% နီးပါးဟာ လေ့လာမှုပြုလုပ်တဲ့ ၆ လအတွင်း သေဆုံးခဲ့ပြီး မိတ်ဆွေအပေါင်းအသင်း အလုံအလောက်ရှိသူတွေအနက် ၁၄% သာလျှင် သေဆုံးခဲ့ကြပါတယ်။

ကိုယ့်ကိုသိရှိတန်ဖိုးထားပြီး ပျော်ရွှင်မှုပေးစွမ်းကာ ဘယ်တော့မှ ကျောခိုင်းမသွားမယ့် သူတွေဟာ ကျွနု်ပ်တို့ဘဝတစ်လျှောက်လုံးမှာ လိုကိုလိုအပ်တယ်လို့ Massachusetts အထွေထွေဆေးရုံက သက်ကြီးရွယ်အိုကုသစောင့်ရှောက်ရေးဆိုင်ရာ အကြီးတန်းလူမှုလုပ်သား Barbara Moscowitz က New York Times ကို ရှင်းပြခဲ့ပါတယ်။

အသက်ကြီးတဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အိမ်အလည်ခေါ်ခြင်းအပြင် သက်ကြီးရွယ်အိုတွေကို တတ်နိုင်သမျှ ချစ်ခြင်းမေတ္တာအပြည့်နဲပ ဆက်ဆံအားပေးကြဖို့ အရေးကြီးပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သူတို့ပိုမိုအသက်ရှည်ရှည်နေနိုင်အောင် လုပ်ဆောင်ပေးခြင်းနဲ့လည်း အတူတူပါပဲ။

အဘိုးအဘွားတွေနဲ့ အကျိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေခြင်းက သူတို့ကို အကျိုးပြုတဲ့အပြင် ကျွနု်ပ်တို့ကိုလည်း အကျိုးခံစားရရှိစေပါတယ်။ အပေါင်းအသင်းမိတ်ဆွေဖွဲ့မှုနဲ့ အာလာပသလ္လာပစကားပြောဆိုမှုတွေက သူတို့တွေအတွက်တော့ နေ့စဉ်ဘဝအတွက် မဖြစ်မနေကို အရေးကြီးပါတယ်။ သူတို့ကို စကားပြောပေးခြင်း၊ ပွေ့ဖက်ခြင်းဟာ သူတို့ဘဝအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖြစ်လာတာကြောင့် သားသမီးတွေ၊ မြေးတွေအနေနဲ့ ကိုယ့်အဘိုးအဘွား သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက်အတူရှိပေး၊ စကားပြောပွေ့ဖက်ပေးခြင်းအားဖြင့် သူတို့ဘဝတွေ ပိုမိုလန်းဆန်းပြီး အသက်ရှည်ကျန်းမာလာအောင် လုပ်ဆောင်ပေးခြင်းနဲ့အတူတူပဲဆိုတာ သိရပါမယ်။


ဖိုးသူတော် (www.phothutaw.com)

Credit: Trend Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top