iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အတြက္ ဘာမွအပန္းမႀကီးတဲ့ လုပ္ရပ္ေလးေတြက သင့္ခ်စ္သူမိန္းကေလးအတြက္ တကယ္ကိုသေဘာက် ေက်နပ္စရာျဖစ္သြားတတ္တာကို သိပါသလား။ ဘာေၾကာင့္လဲဆိုရင္ ဒီလို အေသးအမႊားကိစၥေလးေတြက အစ သူမအတြက္ ဂ႐ုစိုက္တတ္တာကို ေဖာ္ျပႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အတူတူ အားလပ္ရပ္ အပန္းေျဖခရီးေတြ၊ ထူးထူးျခားျခား စီစဥ္ထားတာေတြ မလိုပဲ သင့္ေကာင္မေလးကို အေလးအနက္ထားေၾကာင္း ေပၚလြင္ေစမယ့္ အခ်က္ေတြကို စုစည္းထားပါတယ္။

၁။ သူမသူငယ္ခ်င္းေတြရဲ႕ နာမည္ေတြကို မွတ္မိေနပါေစ။

သူမ သူငယ္ခ်င္းေတြရဲ႕ နာမည္ကို မွတ္မိေနတာက သင့္ေကာင္မေလးေျပာသမွ်ကို အျပည့္အ၀ အာ႐ုံစိုက္ေနခဲ့တာကို ေပၚလြင္ေစပါတယ္။ ဥပမာ – ဆူဇီဆိုတဲ့ နာမည္ကို ထပ္ကာထပ္ကာ ေျပာေနၿပီဆိုရင္ “ေၾသာ္ ဟို မ်က္ခံုးထင္းထင္းနဲ႔ တစ္ေယာက္မဟုတ္လား” ဆိုၿပီး ၀င္ေထာက္ေပးတာမ်ိဳးျဖစ္ပါတယ္။

၂။ သန္႔ရွင္းသပ္ရပ္မႈရွိပါေစ။

ဒီကိစၥနဲ႔ပတ္သက္လို႔ ျဖစ္ႏိုင္ေခ်(၃)ခုရွိပါတယ္။

(က) သင္ေနတဲ့ေနရာကို မၾကာခဏသူမ လာလည္ေလ့ရွိတယ္ဆိုရင္ ေနအိမ္၊ အခန္း စတာေတြကို သန္႔ရွင္းသပ္ရပ္ေနဖို႔ လိုပါတယ္။

(ခ) ႏွစ္ေယာက္အတူေနတယ္ဆိုရင္လည္း သန္႔ရွင္းေရးလုပ္ေပးတဲ့အတြက္ သင့္ကို အမွတ္ေတြအမ်ားႀကီး ေပးမွာေသခ်ာပါတယ္။

(ဂ) သူမမွာ ကိုယ္ပိုင္ေနရာတစ္ခုရွိၿပီး သင္သြားလည္ေလ့ရွိတယ္ဆိုရင္လည္း သန္႔ရွင္းေရးလုပ္ေပးမယ္ဆိုရင္ သင့္ကိုအခ်စ္ပိုလာမွာပါ။

၃။ သင္ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္းေျပာဆိုပါ။

ေယာကၤ်ားေလးေတြကို သူတို႔ရဲ႕ ခံစားခ်က္ကို အမွန္အတိုင္းဖြင့္ဟ မေျပာတတ္ၾကပါဘူး။ မိန္းကေလးေတြကလည္း သင့္စိတ္ကိုဖတ္ႏိုင္လိမ့္မယ္လို႔ မထင္ပါနဲ႔။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ရင္ထဲက ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုဆက္ဆံတာမ်ိဳးကို သင့္ခ်စ္သူက ပိုသေဘာက်ပါလိမ့္မယ္။

၄။ ဖိအားမေပးပါနဲ႔။

ကိစၥႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ၊ ဘာပဲျဖစ္ျဖစ္ အတင္းအက်ပ္ဖိအားမေပးပါနဲ႔။

 ၅။ အစားအေသာက္ေရြးခ်ယ္မႈကို မေ၀ဖန္ပါနဲ႔။

“မင္း ဒါကို တကယ္စားမွာလား”၊ “ေနာက္တစ္မ်ိဳး ေသာက္ခ်င္တာ ေသခ်ာလား” ဒီလိုေတြ သြားေမးလို႔ကေတာ့ ေသခ်ာပါတယ္။ တကယ္မစားခ်င္ရင္ေတာင္ ေလွ်ာက္မွာပါလိမ့္မယ္။

၆။ စာျပန္ဖို႔ အခ်ိန္အရမ္းမၾကာပါေစနဲ႔။

သူမဆီက မက္ေဆ့ဂ်္ကို ျပန္ဖို႔ ဖုန္းတကိုင္ကိုင္ျဖစ္ေနစရာမလိုပါဘူး။ ဒါေပမယ့္ သင့္ေတာ္တဲ့အခ်ိန္တစ္ခုအတြင္းမွာ စာျပန္ေပးဖို႔ေတာ့ လိုပါတယ္။ ဒီလိုလုပ္ေပးတာက သင့္အေနနဲ႔ အလုပ္မ်ားေနခ်ိန္မွာေတာင္မွ သူမကို အေလးထားတယ္ဆိုတဲ့သေဘာသက္ေရာက္ပါတယ္။

၇။ သူမၾကည့္ခ်င္တဲ့ ႐ုပ္ရွင္၊ အစီအစဥ္ကို လိုက္ၾကည့္ပါ။

ခ်စ္သူရည္းစားႏွစ္ဦးၾကားမွာ သင္စိတ္၀င္စားတာကိုခ်ည္းပဲ အာ႐ုံစိုက္ေနလို႔ မရပါဘူး။ သင့္ခ်စ္သူ သေဘာက်တဲ့ ႐ုပ္ရွင္ေတြ၊ အစီအစဥ္ေတြကိုလည္း သင္မႀကိဳက္သည့္တိုင္ေအာင္ လိုက္ပါၾကည့္႐ႈခံစားေပးတတ္ဖို႔ လိုပါတယ္။ ဒီလိုလုိက္ၾကည့္ေပးမယ္ဆိုရင္ ေနာက္တစ္ႀကိမ္မွာ သင္ႀကိဳက္တာကို သူမလိုက္ၾကည့္ေပးပါလိမ့္မယ္။

 ၈။ ခ်က္တတ္ျပဳတ္တတ္ေအာင္ သင္ယူပါ။

အခုကေနစၿပီး သူမႀကိဳက္တတ္တဲ့ အစားအစာ ႏွစ္မ်ိဳးသံုးမ်ိဳးေလာက္ကို ခ်က္တတ္ေအာင္ သင္ယူပါ။ အရမ္းႀကီးခက္ခဲတဲ့ကိစၥတစ္ခုမဟုတ္သလို မီးဖိုးထဲမွာ ဟင္းခ်က္ေနတဲ့ သင့္ကို အခ်စ္ေတြတိုးလာမွာ က်ိန္းေသပါတယ္။

၉။ ႏွိပ္နယ္ေပးပါ။

ခ်စ္သူမိန္းကေလးကို ႏွိပ္ေပးဖို႔ကို ဘာေၾကာင့္မ်ားေယာကၤ်ားေလးအမ်ားစုက တြန္႔ဆုတ္ေနၾကတာလဲ။ ဒီလို ႏွိပ္ေပးတာက သူမကို သက္ေတာင့္သက္သာရွိေစသလို ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေၾကာင့္ ႏွစ္ဦးသားအၾကား ပိုမိုနီးစပ္မႈျဖစ္ေစပါတယ္။

၁၀။ ခ်ိန္းဆိုေတြ႕ဆံုပါ။

ခ်စ္သူသက္တမ္း၊ အိမ္ေထာင္သက္တမ္း ဘယ္ေလာက္ပဲ ၾကာၿပီျဖစ္ပါေစ၊ ခ်ိန္းေတြ႕တာကို မရပ္လိုက္ပါနဲ႔။ ညစာအတူသြားစာတာ ဒါမွမဟုတ္ ညဖက္ေလွ်ာက္လည္ၾကတာ စသျဖင့္ လုပ္ၾကဖို႔လိုပါတယ္။ သူကို ၀တ္ေကာင္းစားလွ၀တ္ၿပီး အျပင္ထြက္ၾကဖို႔ အေၾကာင္းျပခ်က္တစ္ခုေပးၿပီး ေခၚသြားပါ။

 ၁၁။ ဘာပဲလုပ္လုပ္ သူမအတြက္ပါ စဥ္းစားပါ။

သင္ ေကာ္ဖီေသာက္တာပဲျဖစ္ျဖစ္၊ ေရသြားေသာက္တာပဲျဖစ္ျဖစ္၊ လက္ဗလာနဲ႔ ျပန္မလာပါနဲ႔။ သူမအတြက္ မလိုအပ္သည့္တိုင္ေအာင္ ဂ႐ုစိုက္မႈကို အသိအမွတ္ျပဳပါလိမ့္မယ္။

၁၂။ သူမအတြက္ ကိုယ္ပိုင္အခ်ိန္ေပးပါ။

ေယာကၤ်ားေလးေတြ အမွားအမ်ားဆံုးကိစၥက ခ်စ္သူမိန္းကေလးကို ကိုယ္ပိုင္လြတ္လပ္ခြင့္မေပးပဲ အရမ္းခ်ဳပ္ခ်ယ္လြန္းတာပဲ ျဖစ္ပါတယ္။ တကယ္လို႔ သင့္ေကာင္မေလးက တစ္ေယာက္တည္း ေအးေအးေဆးေဆး စာအုပ္ဖတ္ေနတာ၊ တီဗြီၾကည့္ေနတာဆိုရင္ သူမရဲ႕လြတ္လပ္ခြင့္ကို ေလးစားပါ။ သြားမေႏွာက္ယွက္ပဲေနပါ။

၁၃။ နားေထာင္ပါ။

ေယာကၤ်ားေလးေတြက ျပႆနာကို ဦးေဆာင္ေျဖရွင္းရသူေတြျဖစ္ပါတယ္။ ကိစၥတစ္ခုခုကို ၾကားသိလိုက္ၿပီဆိုတာနဲ႔ ကၽြန္ေတာ္တို႔ေယာကၤ်ားေလးေတြက ျပႆနာအတြက္ အေျဖတစ္ခုခုကို ခ်က္ခ်င္း ထုတ္ေျပာတတ္ၾကပါတယ္။ မိန္းကေလးတစ္ေယာက္က သူမျပႆနာကို ေျပာေနတာက သင့္ကိုေျဖရွင္းေပးေစခ်င္တာ မဟုတ္ပါဘူး။ ဂ႐ုတစိုက္နားေထာင္ၿပီး သူမကို နားလည္ေစခ်င္တာျဖစ္ပါတယ္။ သင့္ဆီက ကူညီေျဖရွင္းမႈမေတာင္းသည့္တိုင္ေအာင္ သူမကိုယ္တိုင္ေျဖရွင္းႏိုင္ဖို႔အတြက္ လိုအပ္တာကို ကူညီေပးဖို႔ လိုပါတယ္။

၁၄။ ရည္းစားေဟာင္းအေၾကာင္း မေျပာပါနဲ႔။

အရင္ ရည္းစားေဟာင္းအေၾကာင္းကို ေျပာေနတာက သင့္ရဲ႕စိတ္ဓာတ္ကို ဖြင့္ျပေနတာပဲလို႔ မိန္းကေလးေတြက နားလည္ထားၾကပါတယ္။ တစ္ေန႔ေန႔မွာ လက္ရွိခ်စ္သူနဲ႔ လမ္းခြဲၾကရမယ္ဆိုရင္လည္း သူမအေၾကာင္းေတြကို ဒီလိုေလွ်ာက္ေျပာေနမွာပဲလို႔ ထင္သြားပါလိမ့္မယ္။

၁၅။ သူမနဲ႔အတူ ေစ်း၀ယ္ထြက္ပါ။

သူမက Shopping သြားခ်င္ေနတယ္၊ သင္ကလည္း အားေနတယ္ဆိုရင္ စဥ္းစားမေနပါနဲ႔။ အတူလိုက္သြား ေပးလိုက္ပါ။ စိတ္ပါလက္ပါျဖစ္ဖို႔ေတာ့လိုပါတယ္။ ေယာကၤ်ားေလးအမ်ားစုက မိန္းကေလးေတြ Shopping သြားတဲ့အခါ လိုက္မသြားခ်င္တတ္ၾကပါဘူး။ တကယ္ေတာ့ သူမနဲ႔အတူသြားၿပီး ဘယ္အ၀တ္အစားက လွတယ္မလွဘူး အႀကံဉာဏ္ေပးေရြးခ်ယ္ေပးမယ္ဆိုရင္ ေနာက္လည္း သင္ျမင္ခ်င္တဲ့ပံုစံျမင္ရမွာ ျဖစ္တဲ့အတြက္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိပါတယ္။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : gentleman magazine

#Unicode Version

သင့်အတွက် ဘာမှအပန်းမကြီးတဲ့ လုပ်ရပ်လေးတွေက သင့်ချစ်သူမိန်းကလေးအတွက် တကယ်ကိုသဘောကျ ကျေနပ်စရာဖြစ်သွားတတ်တာကို သိပါသလား။ ဘာကြောင့်လဲဆိုရင် ဒီလို အသေးအမွှားကိစ္စလေးတွေက အစ သူမအတွက် ဂရုစိုက်တတ်တာကို ဖော်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အတူတူ အားလပ်ရပ် အပန်းဖြေခရီးတွေ၊ ထူးထူးခြားခြား စီစဉ်ထားတာတွေ မလိုပဲ သင့်ကောင်မလေးကို အလေးအနက်ထားကြောင်း ပေါ်လွင်စေမယ့် အချက်တွေကို စုစည်းထားပါတယ်။

၁။ သူမသူငယ်ချင်းတွေရဲ့ နာမည်တွေကို မှတ်မိနေပါစေ။

သူမ သူငယ်ချင်းတွေရဲ့ နာမည်ကို မှတ်မိနေတာက သင့်ကောင်မလေးပြောသမျှကို အပြည့်အ၀ အာရုံစိုက်နေခဲ့တာကို ပေါ်လွင်စေပါတယ်။ ဥပမာ – ဆူဇီဆိုတဲ့ နာမည်ကို ထပ်ကာထပ်ကာ ပြောနေပြီဆိုရင် “သြော် ဟို မျက်ခုံးထင်းထင်းနဲ့ တစ်ယောက်မဟုတ်လား” ဆိုပြီး ဝင်ထောက်ပေးတာမျိုးဖြစ်ပါတယ်။

၂။ သန့်ရှင်းသပ်ရပ်မှုရှိပါစေ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဖြစ်နိုင်ချေ(၃)ခုရှိပါတယ်။

(က) သင်နေတဲ့နေရာကို မကြာခဏသူမ လာလည်လေ့ရှိတယ်ဆိုရင် နေအိမ်၊ အခန်း စတာတွေကို သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။

(ခ) နှစ်ယောက်အတူနေတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးတဲ့အတွက် သင့်ကို အမှတ်တွေအများကြီး ပေးမှာသေချာပါတယ်။

(ဂ) သူမမှာ ကိုယ်ပိုင်နေရာတစ်ခုရှိပြီး သင်သွားလည်လေ့ရှိတယ်ဆိုရင်လည်း သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင် သင့်ကိုအချစ်ပိုလာမှာပါ။

၃။ သင်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။

ယောင်္ကျားလေးတွေကို သူတို့ရဲ့ ခံစားချက်ကို အမှန်အတိုင်းဖွင့်ဟ မပြောတတ်ကြပါဘူး။ မိန်းကလေးတွေကလည်း သင့်စိတ်ကိုဖတ်နိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ ဒါ့ကြောင့် သင့်အနေနဲ့ ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာမျိုးကို သင့်ချစ်သူက ပိုသဘောကျပါလိမ့်မယ်။

၄။ ဖိအားမပေးပါနဲ့။

ကိစ္စကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် အတင်းအကျပ်ဖိအားမပေးပါနဲ့။

 ၅။ အစားအသောက်ရွေးချယ်မှုကို မဝေဖန်ပါနဲ့။

“မင်း ဒါကို တကယ်စားမှာလား”၊ “နောက်တစ်မျိုး သောက်ချင်တာ သေချာလား” ဒီလိုတွေ သွားမေးလို့ကတော့ သေချာပါတယ်။ တကယ်မစားချင်ရင်တောင် လျှောက်မှာပါလိမ့်မယ်။

၆။ စာပြန်ဖို့ အချိန်အရမ်းမကြာပါစေနဲ့။

သူမဆီက မက်ဆေ့ဂျ်ကို ပြန်ဖို့ ဖုန်းတကိုင်ကိုင်ဖြစ်နေစရာမလိုပါဘူး။ ဒါပေမယ့် သင့်တော်တဲ့အချိန်တစ်ခုအတွင်းမှာ စာပြန်ပေးဖို့တော့ လိုပါတယ်။ ဒီလိုလုပ်ပေးတာက သင့်အနေနဲ့ အလုပ်များနေချိန်မှာတောင်မှ သူမကို အလေးထားတယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်။

၇။ သူမကြည့်ချင်တဲ့ ရုပ်ရှင်၊ အစီအစဉ်ကို လိုက်ကြည့်ပါ။

ချစ်သူရည်းစားနှစ်ဦးကြားမှာ သင်စိတ်ဝင်စားတာကိုချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ သင့်ချစ်သူ သဘောကျတဲ့ ရုပ်ရှင်တွေ၊ အစီအစဉ်တွေကိုလည်း သင်မကြိုက်သည့်တိုင်အောင် လိုက်ပါကြည့်ရှုခံစားပေးတတ်ဖို့ လိုပါတယ်။ ဒီလိုလိုက်ကြည့်ပေးမယ်ဆိုရင် နောက်တစ်ကြိမ်မှာ သင်ကြိုက်တာကို သူမလိုက်ကြည့်ပေးပါလိမ့်မယ်။

 ၈။ ချက်တတ်ပြုတ်တတ်အောင် သင်ယူပါ။

အခုကနေစပြီး သူမကြိုက်တတ်တဲ့ အစားအစာ နှစ်မျိုးသုံးမျိုးလောက်ကို ချက်တတ်အောင် သင်ယူပါ။ အရမ်းကြီးခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်သလို မီးဖိုးထဲမှာ ဟင်းချက်နေတဲ့ သင့်ကို အချစ်တွေတိုးလာမှာ ကျိန်းသေပါတယ်။

၉။ နှိပ်နယ်ပေးပါ။

ချစ်သူမိန်းကလေးကို နှိပ်ပေးဖို့ကို ဘာကြောင့်များယောင်္ကျားလေးအများစုက တွန့်ဆုတ်နေကြတာလဲ။ ဒီလို နှိပ်ပေးတာက သူမကို သက်တောင့်သက်သာရှိစေသလို ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် နှစ်ဦးသားအကြား ပိုမိုနီးစပ်မှုဖြစ်စေပါတယ်။

၁၀။ ချိန်းဆိုတွေ့ဆုံပါ။

ချစ်သူသက်တမ်း၊ အိမ်ထောင်သက်တမ်း ဘယ်လောက်ပဲ ကြာပြီဖြစ်ပါစေ၊ ချိန်းတွေ့တာကို မရပ်လိုက်ပါနဲ့။ ညစာအတူသွားစာတာ ဒါမှမဟုတ် ညဖက်လျှောက်လည်ကြတာ စသဖြင့် လုပ်ကြဖို့လိုပါတယ်။ သူကို ဝတ်ကောင်းစားလှဝတ်ပြီး အပြင်ထွက်ကြဖို့ အကြောင်းပြချက်တစ်ခုပေးပြီး ခေါ်သွားပါ။

 ၁၁။ ဘာပဲလုပ်လုပ် သူမအတွက်ပါ စဉ်းစားပါ။

သင် ကော်ဖီသောက်တာပဲဖြစ်ဖြစ်၊ ရေသွားသောက်တာပဲဖြစ်ဖြစ်၊ လက်ဗလာနဲ့ ပြန်မလာပါနဲ့။ သူမအတွက် မလိုအပ်သည့်တိုင်အောင် ဂရုစိုက်မှုကို အသိအမှတ်ပြုပါလိမ့်မယ်။

၁၂။ သူမအတွက် ကိုယ်ပိုင်အချိန်ပေးပါ။

ယောင်္ကျားလေးတွေ အမှားအများဆုံးကိစ္စက ချစ်သူမိန်းကလေးကို ကိုယ်ပိုင်လွတ်လပ်ခွင့်မပေးပဲ အရမ်းချုပ်ချယ်လွန်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကောင်မလေးက တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်ဖတ်နေတာ၊ တီဗွီကြည့်နေတာဆိုရင် သူမရဲ့လွတ်လပ်ခွင့်ကို လေးစားပါ။ သွားမနှောက်ယှက်ပဲနေပါ။

၁၃။ နားထောင်ပါ။

ယောင်္ကျားလေးတွေက ပြဿနာကို ဦးဆောင်ဖြေရှင်းရသူတွေဖြစ်ပါတယ်။ ကိစ္စတစ်ခုခုကို ကြားသိလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက ပြဿနာအတွက် အဖြေတစ်ခုခုကို ချက်ချင်း ထုတ်ပြောတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်က သူမပြဿနာကို ပြောနေတာက သင့်ကိုဖြေရှင်းပေးစေချင်တာ မဟုတ်ပါဘူး။ ဂရုတစိုက်နားထောင်ပြီး သူမကို နားလည်စေချင်တာဖြစ်ပါတယ်။ သင့်ဆီက ကူညီဖြေရှင်းမှုမတောင်းသည့်တိုင်အောင် သူမကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တာကို ကူညီပေးဖို့ လိုပါတယ်။

၁၄။ ရည်းစားဟောင်းအကြောင်း မပြောပါနဲ့။

အရင် ရည်းစားဟောင်းအကြောင်းကို ပြောနေတာက သင့်ရဲ့စိတ်ဓာတ်ကို ဖွင့်ပြနေတာပဲလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ တစ်နေ့နေ့မှာ လက်ရှိချစ်သူနဲ့ လမ်းခွဲကြရမယ်ဆိုရင်လည်း သူမအကြောင်းတွေကို ဒီလိုလျှောက်ပြောနေမှာပဲလို့ ထင်သွားပါလိမ့်မယ်။

၁၅။ သူမနဲ့အတူ ဈေးဝယ်ထွက်ပါ။

သူမက Shopping သွားချင်နေတယ်၊ သင်ကလည်း အားနေတယ်ဆိုရင် စဉ်းစားမနေပါနဲ့။ အတူလိုက်သွား ပေးလိုက်ပါ။ စိတ်ပါလက်ပါဖြစ်ဖို့တော့လိုပါတယ်။ ယောင်္ကျားလေးအများစုက မိန်းကလေးတွေ Shopping သွားတဲ့အခါ လိုက်မသွားချင်တတ်ကြပါဘူး။ တကယ်တော့ သူမနဲ့အတူသွားပြီး ဘယ်အဝတ်အစားက လှတယ်မလှဘူး အကြံဉာဏ်ပေးရွေးချယ်ပေးမယ်ဆိုရင် နောက်လည်း သင်မြင်ချင်တဲ့ပုံစံမြင်ရမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : gentleman magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top