iMyanmarHouse.com - Best Property Website for Myanmar
×

၁ - လြပ္လပ္သူ  မိသားစုရဲ႕ ေလာင္းရိပ္ေအာက္မွာ မေနခ်င္ဘဲ လြပ္လပ္မႈကို အလြန္တန္ဖိုးထားတာေၾကာင့္ အျမဲရုန္းကန္ေနရတတ္ပါတယ္။ မိသားစုဆီေငြေၾကးေထာက္ပံ့မႈ မယူသူ၊ မယူဖို႔အျမဲစဥ္းစားေနသူျဖစ္တတ္ပါတယ္။ အဓိက ကေတာ့ မိသားစုထဲ ေရွ႕ကလူေတြ လုပ္တဲ့ လမ္းေၾကာင္းကို မလိုက္ခ်င္လို႔ ျဖစ္ပါတယ္။ ကိုယ္ပိုင္ပံုစံ၊ ကိုယ္ပိုင္စည္းမ်ဥ္းနဲ႔ေနခ်င္သူပါ။

 ၂ - ပံုျပင္တစ္ပုဒ္  မိသားစု ေဆြမ်ိဳးထဲမွာ သင္ဟာ ပံုျပင္တစ္ပုဒ္ျဖစ္ပါတယ္။ သင့္ဦးေလးေတြ၊အေဒၚေတြက သူတို႔ သားသမီးေတြကို သင့္အေၾကာင္းေျပာျပပါတယ္။ ပံုျပင္ အဆံုးမွာေတာ့ သင့္လိုေနထုိင္ျခင္းဟာ ဒုကၡနဲ႔ အဆံုးသတ္ရမယ္ဆိုတဲ့ သင္ခန္းစာမ်ိဳး သင္ၾကားေပးေနတတ္ပါတယ္။ ဒါေပမဲ့ တူေတြ၊ တူမေတြက သင့္ကို ခ်စ္ခင္ေနတတ္ၾကပါတယ္။

  ၃ - မယံုဘူး  တူေတြ၊တူမေတြက သင့္ကို ခ်စ္ေပမဲ့ အေဒၚေတြ၊ ဦးေလးေတြကေတာ့ သူတို႔သားသမီးေတြနဲ႔ သင္ေရာတာကို သေဘာမက်တတ္ပါဘူး။ သင့္လႊမ္းမိုးမႈေတြ ရွိလာမွာ စိုးရိမ္ပါတယ္။

  ၄ - သင့္ခ်စ္သူ  သင့္ပံုစံကို လက္မခံရုံတင္မကဘဲ သင္ေခၚလာတဲ့ ခ်စ္သူကိုလည္း အိမ္က လက္မခံပါဘူး။

 ၅ - မေထာက္ပံ့ဘူး  ေတြးေခၚပံုမတူရုံေလးျဖစ္ေပမဲ့ သင္လုပ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြ၊ စီးပြားေရးေတြကို သင့္အိမ္က ေထာက္ပံ့မယ့္အလားအလာမရွိပါဘူး။ သူတို႔နဲ႔ တိုင္ပင္ရင္လည္း သင့္ကို မစခင္ကတည္းက ရႈံးေနတဲ့ အရႈံးသမားဆုိတဲ့ အျပဳအမူမ်ိဳး ျပပါလိမ့္မယ္။

 ၆ - အျပင္  ပထမေတာ့ သူငယ္ခ်င္းေတြ အိမ္မွာေနတာ မ်ားပါမယ္။ ကိုယ္ပိုင္ေငြေၾကးရွိလာတဲ့အခါ ကိုယ့္ဘာကိုယ္ေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ အိမ္ကို တစ္ခါတစ္ရံမွသာ သြားပါေတာ့တယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

  #Unicode Version
  ၁ - လွပ်လပ်သူ  မိသားစုရဲ့ လောင်းရိပ်အောက်မှာ မနေချင်ဘဲ လွပ်လပ်မှုကို အလွန်တန်ဖိုးထားတာကြောင့် အမြဲရုန်းကန်နေရတတ်ပါတယ်။ မိသားစုဆီငွေကြေးထောက်ပံ့မှု မယူသူ၊ မယူဖို့အမြဲစဉ်းစားနေသူဖြစ်တတ်ပါတယ်။ အဓိက ကတော့ မိသားစုထဲ ရှေ့ကလူတွေ လုပ်တဲ့ လမ်းကြောင်းကို မလိုက်ချင်လို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်စည်းမျဉ်းနဲ့နေချင်သူပါ။

 ၂ - ပုံပြင်တစ်ပုဒ်  မိသားစု ဆွေမျိုးထဲမှာ သင်ဟာ ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ သင့်ဦးလေးတွေ၊အဒေါ်တွေက သူတို့ သားသမီးတွေကို သင့်အကြောင်းပြောပြပါတယ်။ ပုံပြင် အဆုံးမှာတော့ သင့်လိုနေထိုင်ခြင်းဟာ ဒုက္ခနဲ့ အဆုံးသတ်ရမယ်ဆိုတဲ့ သင်ခန်းစာမျိုး သင်ကြားပေးနေတတ်ပါတယ်။ ဒါပေမဲ့ တူတွေ၊ တူမတွေက သင့်ကို ချစ်ခင်နေတတ်ကြပါတယ်။

  ၃ - မယုံဘူး  တူတွေ၊တူမတွေက သင့်ကို ချစ်ပေမဲ့ အဒေါ်တွေ၊ ဦးလေးတွေကတော့ သူတို့သားသမီးတွေနဲ့ သင်ရောတာကို သဘောမကျတတ်ပါဘူး။ သင့်လွှမ်းမိုးမှုတွေ ရှိလာမှာ စိုးရိမ်ပါတယ်။

 ၄ - သင့်ချစ်သူ  သင့်ပုံစံကို လက်မခံရုံတင်မကဘဲ သင်ခေါ်လာတဲ့ ချစ်သူကိုလည်း အိမ်က လက်မခံပါဘူး။

  ၅ - မထောက်ပံ့ဘူး  တွေးခေါ်ပုံမတူရုံလေးဖြစ်ပေမဲ့ သင်လုပ်ချင်တဲ့ ရည်မှန်းချက်တွေ၊ စီးပွားရေးတွေကို သင့်အိမ်က ထောက်ပံ့မယ့်အလားအလာမရှိပါဘူး။ သူတို့နဲ့ တိုင်ပင်ရင်လည်း သင့်ကို မစခင်ကတည်းက ရှုံးနေတဲ့ အရှုံးသမားဆိုတဲ့ အပြုအမူမျိုး ပြပါလိမ့်မယ်။

၆ - အပြင်  ပထမတော့ သူငယ်ချင်းတွေ အိမ်မှာနေတာ များပါမယ်။ ကိုယ်ပိုင်ငွေကြေးရှိလာတဲ့အခါ ကိုယ့်ဘာကိုယ်နေပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ကို တစ်ခါတစ်ရံမှသာ သွားပါတော့တယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top