iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕အဝတ္အစား၊ ကိုယ္စားတဲ့ အစားအေသာက္၊ ကိုယ့္အခန္းထဲက အျပင္အဆင္ေတြနဲ႔ ပတ္သက္ၿပီး မိဘေတြနဲ႔ ကေတာက္ကဆ ျဖစ္ဖူးၾကမွာပါ။ ဒီ့ထက္ပိုမ်ားတဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း မိဘေတြနဲ႔ အျမင္ခ်င္းကြဲလြဲတဲ့အခါ ျငင္းခုံရ စိတ္ညစ္ရပါတယ္။ ဘာေၾကာင့္မ်ား ဒီလို ခဏခဏ ျဖစ္ေနရတာလဲ?

ငယ္႐ြယ္တ့ဲ ကေလးဘဝမွာေတာ့ မနက္စာက အိပ္ရာဝင္ခ်ိန္အထိေအာင္ မိဘေတြက အစစ အရာရာ စီမံခန္႔ခြဲေပးပါတယ္။ ဒီလို အစအဆံုး ျပဳလုပ္ေပးတာေတြက ကေလးဘဝမွာေတာ့ ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကိုယ့္အသိဉာဏ္နဲ႔ ခႏၶာကိုယ္က မဖြ႔ံၿဖိဳးေသးဘူးေလ။ ဆယ္ေက်ာ္သက္အရြယ္ ေရာက္လာခ်ိန္မွာေတာ့ ကိုယ္ပိုင္ထင္ျမင္ခ်က္ေတြ၊ အေတြးအေခၚေတြနဲ႔ ဘဝရဲ႕တန္ဖုိးကိုလည္း သိစျပဳလာပါၿပီ။ အဲ့ဒီအခ်ိန္္မွာ မိဘေတြရဲ႕ အျမင္နဲ႔ ကြဲလြဲတာေတြရွိလာသလို ကိုယ့္ဘက္က လက္မခံခ်င္စရာေတြကိုလည္း ျငင္းဆန္လာတတ္လို႔ မိဘေတြနဲ႔ ခဏခဏ ျငင္းခံုမႈေတြ ၾကံဳလာရတာ ျဖစ္ပါတယ္။

အေနာက္ႏိုင္ငံေတြမွာေတာ့ ဒီလိုေတြျဖစ္လာၿပီဆုိရင္ ႏွစ္ဘက္လံုးက ညႇိၾကဖုိ႔ မိသားစုေရးရာကၽြမ္းက်င္သူေတြက အၾကံေပးၾကပါတယ္။ ကိုယ္လုပ္ခ်င္တာကို အိမ္မွာမလုပ္ရဘူးဆုိရင္ ျခံထဲက ကိုယ္ကစားတဲ့ေနရာမွာ အရင္လုပ္ၾကည့္ပါ။ ဥပမာ ဂစ္တာတီးတာမ်ိဳးေပါ့။ မိဘေတြဘက္ကလည္း ၁၄ ႏွစ္ေလာက္ တစ္ပံုစံတည္း ထိန္းေက်ာင္းေစာင့္ေရွာက္လာရေတာ့ ဆယ္ေက်ာ္သက္အရြယ္ အေျပာင္းအလဲဲေတြကို ခ်က္ျခင္းလက္ခံဖုိ႔ ခက္ေနတာျဖစ္ပါတယ္။ ကေလးကို ကိုယ္ပိုင္အခ်ိန္နဲ႔ေနရာေလးမွာ လြတ္လြတ္လပ္လပ္ရွိေစျပီး တိတ္တဆိတ္ေစာင့္ၾကည့္တာမ်ိဳးသာ ျပဳလုပ္သင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

ကိုယ့်ရဲ့အဝတ်အစား၊ ကိုယ်စားတဲ့ အစားအသောက်၊ ကိုယ့်အခန်းထဲက အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ကတောက်ကဆ ဖြစ်ဖူးကြမှာပါ။ ဒီ့ထက်ပိုများတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း မိဘတွေနဲ့ အမြင်ချင်းကွဲလွဲတဲ့အခါ ငြင်းခုံရ စိတ်ညစ်ရပါတယ်။ ဘာကြောင့်များ ဒီလို ခဏခဏ ဖြစ်နေရတာလဲ?

ငယ်ရွယ်တဲ့ ကလေးဘဝမှာတော့ မနက်စာက အိပ်ရာဝင်ချိန်အထိအောင် မိဘတွေက အစစ အရာရာ စီမံခန့်ခွဲပေးပါတယ်။ ဒီလို အစအဆုံး ပြုလုပ်ပေးတာတွေက ကလေးဘဝမှာတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အသိဉာဏ်နဲ့ ခန္ဓာကိုယ်က မဖွံ့ဖြိုးသေးဘူးလေ။ ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာတော့ ကိုယ်ပိုင်ထင်မြင်ချက်တွေ၊ အတွေးအခေါ်တွေနဲ့ ဘဝရဲ့တန်ဖိုးကိုလည်း သိစပြုလာပါပြီ။ အဲ့ဒီအချိန်မှာ မိဘတွေရဲ့ အမြင်နဲ့ ကွဲလွဲတာတွေရှိလာသလို ကိုယ့်ဘက်က လက်မခံချင်စရာတွေကိုလည်း ငြင်းဆန်လာတတ်လို့ မိဘတွေနဲ့ ခဏခဏ ငြင်းခုံမှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ ဒီလိုတွေဖြစ်လာပြီဆိုရင် နှစ်ဘက်လုံးက ညှိကြဖို့ မိသားစုရေးရာကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ကိုယ်လုပ်ချင်တာကို အိမ်မှာမလုပ်ရဘူးဆိုရင် ခြံထဲက ကိုယ်ကစားတဲ့နေရာမှာ အရင်လုပ်ကြည့်ပါ။ ဥပမာ ဂစ်တာတီးတာမျိုးပေါ့။ မိဘတွေဘက်ကလည်း ၁၄ နှစ်လောက် တစ်ပုံစံတည်း ထိန်းကျောင်းစောင့်ရှောက်လာရတော့ ဆယ်ကျော်သက်အရွယ် အပြောင်းအလဲတွေကို ချက်ခြင်းလက်ခံဖို့ ခက်နေတာဖြစ်ပါတယ်။ ကလေးကို ကိုယ်ပိုင်အချိန်နဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရှိစေပြီး တိတ်တဆိတ်စောင့်ကြည့်တာမျိုးသာ ပြုလုပ်သင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top