iMyanmarHouse.com - Best Property Website for Myanmar
×

ေရခ်ိဳးဇလံုထဲမွာ ေရေႏြးစိမ္ရင္း ခ်စ္တင္းေႏွာတဲ့ကိစၥဟာ ထင္သေလာက္ ႐ုိမန္႔တစ္မဆန္ပါဘူး။ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေပးမွာ မဟုတ္တာေၾကာင့္ ဒီလိုလုပ္ရပ္ကို ေ႐ွာင္ၾကဥ္ဖုိ႔ ကယ္လီဖိုးနီးယားအေျခစိုက္ မီးယပ္အထူးကုဆရာဝန္ ဒိုင္ယာနာဟုပ္ပ္က သတိေပးလိုက္ပါတယ္။

ေရေႏြးစိမ္ဖုိ႔ ထည့္တဲ့ ဆပ္ျပာနဲ႔အေမႊးရည္လို ဓာတုပစၥည္းအေရာအေႏွာေတြဟာ ေရေႏြးနဲ႔ထိေတြ႔တဲ့အခါ လူကိုေဘးဥပါဒ္ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ေပါက္ဖြားလာပါတယ္။ ဒီလို ဘက္တီးရီးယားေတြက မိန္းမကိုယ္ (Vagina) ထဲကို ဝင္ေရာက္သြားပါလိမ့္မယ္။ ဆီးလမ္းေၾကာင္းပိုးဝင္တာ သို႔မဟုတ္ မိန္းမကိုယ္တစ္ဝိုက္ အနီဖုေတြထတာမ်ိဳး ျဖစ္ႏိုင္ေၾကာင္း ေဒါက္တာဟုပ္ပ္က ေျပာပါတယ္။

ဆီးလမ္းေၾကာင္းကို ဘက္တီးရီးယားေတြဝင္ေရာက္ၿပီးတဲ့အခါ အထဲမွာ Candida လို႔ေခၚတဲ့ မႈိတစ္မ်ိဳး ႐ွင္သန္ႀကီးထြားရာက မိန္းမကိုယ္အတြင္းပိုင္း နာက်င္မႈကိုပါ ခံစားရမွာပါ။ ေရေႏြးဇလံုထဲမွာ ခ်စ္တင္းေႏွာတဲ့အခါ ကြန္ဒံုး (Condom) သံုးထားလည္း ေရထဲက ကလိုရင္း (Chlorine)သက္ေရာက္မႈကိုေတာ့ မတားဆီးေပးႏိုင္ပါဘူး။ ခ်စ္တင္းေႏွာခ်ိန္မွာ အလိုအေလ်ာက္ထြက္လာတဲ့ ေခ်ာဆီလည္း နည္းသြားလို႔ ႐ိုမန္႔တစ္မျဖစ္ဘဲ နာက်င္မႈကို ပိုခံစားရလိမ့္မယ္လို႔ ေဒါက္တာဟုပ္ပ္က အမ်ိဳးသမီးေတြကို သတိေပးထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:duwun

#Unicode Version

ရေချိုးဇလုံထဲမှာ ရေနွေးစိမ်ရင်း ချစ်တင်းနှောတဲ့ကိစ္စဟာ ထင်သလောက် ရိုမန့်တစ်မဆန်ပါဘူး။ ကျန်းမာရေးအတွက် ကောင်းကျိုးပေးမှာ မဟုတ်တာကြောင့် ဒီလိုလုပ်ရပ်ကို ရှောင်ကြဉ်ဖို့ ကယ်လီဖိုးနီးယားအခြေစိုက် မီးယပ်အထူးကုဆရာဝန် ဒိုင်ယာနာဟုပ်ပ်က သတိပေးလိုက်ပါတယ်။

ရေနွေးစိမ်ဖို့ ထည့်တဲ့ ဆပ်ပြာနဲ့အမွှေးရည်လို ဓာတုပစ္စည်းအရောအနှောတွေဟာ ရေနွေးနဲ့ထိတွေ့တဲ့အခါ လူကိုဘေးဥပါဒ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါတယ်။ ဒီလို ဘက်တီးရီးယားတွေက မိန်းမကိုယ် (Vagina) ထဲကို ဝင်ရောက်သွားပါလိမ့်မယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ သို့မဟုတ် မိန်းမကိုယ်တစ်ဝိုက် အနီဖုတွေထတာမျိုး ဖြစ်နိုင်ကြောင်း ဒေါက်တာဟုပ်ပ်က ပြောပါတယ်။

ဆီးလမ်းကြောင်းကို ဘက်တီးရီးယားတွေဝင်ရောက်ပြီးတဲ့အခါ အထဲမှာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုး ရှင်သန်ကြီးထွားရာက မိန်းမကိုယ်အတွင်းပိုင်း နာကျင်မှုကိုပါ ခံစားရမှာပါ။ ရေနွေးဇလုံထဲမှာ ချစ်တင်းနှောတဲ့အခါ ကွန်ဒုံး (Condom) သုံးထားလည်း ရေထဲက ကလိုရင်း (Chlorine)သက်ရောက်မှုကိုတော့ မတားဆီးပေးနိုင်ပါဘူး။ ချစ်တင်းနှောချိန်မှာ အလိုအလျောက်ထွက်လာတဲ့ ချောဆီလည်း နည်းသွားလို့ ရိုမန့်တစ်မဖြစ်ဘဲ နာကျင်မှုကို ပိုခံစားရလိမ့်မယ်လို့ ဒေါက်တာဟုပ်ပ်က အမျိုးသမီးတွေကို သတိပေးထားပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top