iMyanmarHouse.com - Best Property Website for Myanmar
×

ထိခိုက္႐ွနာနဲ႔ ဒဏ္ရာအေသးအမႊားေတြအတြက္ အနာကပ္တဲ့ပလာစတာကို အသံုးျပဳၾကပါတယ္။ အနာကပ္ပလာစတာကို ကပ္ထားရင္ ဒဏ္ရာကို ပိုးမႊားေတြ မဝင္ႏုိင္ေတာ့ပါဘူး။ ေဆးလည္းပါၿပီးသားျဖစ္လို႔ အနာျမန္ျမန္က်က္မွာျဖစ္ပါတယ္။


လက္ေခ်ာင္း၊ေျခေခ်ာင္းေလးေတြမွာ ထိခိုက္႐ွနာျဖစ္လာတဲ့အခါ ပလာစတာကပ္ေပမဲ့ သိပ္အဆင္မေျပပါဘူး။ အၿမဲတမ္းလႈပ္႐ွားေနရတဲ့အရာေတြဆုိေတာ့ ပလာစတာက မၿမဲျမံဘူးေလ။ ခဏေလးနဲ႔ ျပန္ကြာသြားလို႔ အသစ္ျပန္လဲေနရတာနဲ႔တင္ အနာက်က္ေႏွးရပါေတာ့တယ္။ ဒီလိုမျဖစ္ေစဖုိ႔အတြက္ အနာကို ပလာစတာ ေသေသခ်ာခ်ာကပ္တဲ့နည္းကို ဂ်ပန္အမ်ိဳးသားတစ္ဦးက တြစ္တာေပၚကေန ေျပာျပထားပါတယ္။
 

ပံုမွာျပထားတဲ့အတိုင္းပါပဲ။ ပလာစတာ ေဘးတစ္ဖက္တစ္ခ်က္စီကို အလယ္ကေန ကပ္ေၾကးနဲ႔ညႇပ္ထားရပါမယ္။ ေဆး႐ွိတဲ့ေနရာကို အနာေပၚမွာကပ္ၿပီးရင္ ညႇပ္ထားတဲ့ ပလာစတာေဘးသားေတြက လက္ကိုလႊမ္းျခံဳသြားေအာင္ ပတ္လို႔ရသြားပါလိမ့္မယ္။ ဒါဆုိရင္ ပလာစတာက ျပန္လည္းမကြာေတာ့သလို ေရလည္းမဝင္ေတာ့မွာမို႔ အနာျမန္ျမန္က်က္မွာ ျဖစ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun

Unicode Version

ထိခိုက်ရှနာနဲ့ ဒဏ်ရာအသေးအမွှားတွေအတွက် အနာကပ်တဲ့ပလာစတာကို အသုံးပြုကြပါတယ်။ အနာကပ်ပလာစတာကို ကပ်ထားရင် ဒဏ်ရာကို ပိုးမွှားတွေ မဝင်နိုင်တော့ပါဘူး။ ဆေးလည်းပါပြီးသားဖြစ်လို့ အနာမြန်မြန်ကျက်မှာဖြစ်ပါတယ်။

လက်ချောင်း၊ခြေချောင်းလေးတွေမှာ ထိခိုက်ရှနာဖြစ်လာတဲ့အခါ ပလာစတာကပ်ပေမဲ့ သိပ်အဆင်မပြေပါဘူး။ အမြဲတမ်းလှုပ်ရှားနေရတဲ့အရာတွေဆိုတော့ ပလာစတာက မမြဲမြံဘူးလေ။ ခဏလေးနဲ့ ပြန်ကွာသွားလို့ အသစ်ပြန်လဲနေရတာနဲ့တင် အနာကျက်နှေးရပါတော့တယ်။ ဒီလိုမဖြစ်စေဖို့အတွက် အနာကို ပလာစတာ သေသေချာချာကပ်တဲ့နည်းကို ဂျပန်အမျိုးသားတစ်ဦးက တွစ်တာပေါ်ကနေ ပြောပြထားပါတယ်။

ပုံမှာပြထားတဲ့အတိုင်းပါပဲ။ ပလာစတာ ဘေးတစ်ဖက်တစ်ချက်စီကို အလယ်ကနေ ကပ်ကြေးနဲ့ညှပ်ထားရပါမယ်။ ဆေးရှိတဲ့နေရာကို အနာပေါ်မှာကပ်ပြီးရင် ညှပ်ထားတဲ့ ပလာစတာဘေးသားတွေက လက်ကိုလွှမ်းခြုံသွားအောင် ပတ်လို့ရသွားပါလိမ့်မယ်။ ဒါဆိုရင် ပလာစတာက ပြန်လည်းမကွာတော့သလို ရေလည်းမဝင်တော့မှာမို့ အနာမြန်မြန်ကျက်မှာ ဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top