iMyanmarHouse.com - Best Property Website for Myanmar
×

မိမိကိုယ္ကို မွန္ထဲမွာၾကည့္လိုက္တဲ့ အခါမွာလည္း မ်က္လံုးတစ္ဝိုက္ အေရျပားေတြက အေရးအေၾကာင္း ထင္ေနၿပီး မ်က္ကြင္းေတြလည္း ညိဳေနတာေၾကာင့္ "ငါေတာ္ေတာ္ အိုေနၿပီ" လို႔ ေတြးမိမယ္ဆို ေတာ္ေတာ္ေလး စိတ္မသက္မသာ ျဖစ္ပါတယ္။ ဒီလို စိတ္မသက္မသာျဖစ္မႈမွ ကင္းေဝးၿပီး မ်က္လံုးေတြ ႏုပ်ိဳလန္းဆန္းဖို႔အတြက္ အေရျပားဆိုင္ရာ ကြ်မ္းက်င္သူတို႔ရဲ႕ အႀကံဉာဏ္မ်ားကို လိုက္နာၾကည့္လိုက္ရေအာင္။

(၁) မ်က္လံုးတစ္ဝိုက္ကို လက္သူႂကြယ္ထိပ္ေလးနဲ႔ ႏွိပ္နယ္ေပးပါ

မ်က္ခမ္းနဲ႔ မ်က္ခြံတစ္ဝိုက္မွာ ရွိတဲ့ အေရးအေၾကာင္းေတြကို ေျပေပ်ာက္သြားဖို႔ အိုင္းခရင္မ္ (Eye Cream) ကုိ ပါးပါးေလးလိမ္းၿပီး လက္သူၾကြယ္ေလးနဲ႔ အသာအယာ ႏွိပ္ေပးပါ။ လက္ညိွဳးထက္ လက္သူႂကြယ္က အားပိုေပ်ာ့တဲ့အတြက္ေၾကာင့္ အားျပင္းျပင္းႀကီးနဲ႔ မ်က္စိကို ႏွိပ္သလို မျဖစ္ေတာ့ဘဲ အဲဒီနားက ႂကြက္သားေတြကို ဆြဲဆန္႔ေပးႏိုင္ပါတယ္။ ေန႔စဥ္ ခပ္ဖြဖြ ႏွိပ္ေပးျခင္းျဖင့္ မ်က္လံုးတစ္ဝိုက္မွာ ေသြးလွည့္ပတ္မႈ ပိုေကာင္းလာေစပါမယ္။ မ်က္ကြင္းညိဳျခင္း၊ မ်က္ခြံတြဲက်ျခင္းႏွင့္ မ်က္ခြံမို႔ေမာက္ျခင္းတို႔ကို သိသိသာသာ ေလ်ာ့က်လာတယ္။

(၂) သခြားသီး အကြင္းလိုက္လွီး အာလူးကို အခြံႏႊာၿပီး ပါးပါးလွီးၿပီးကပ္ေပးပါ

အာလူးက အသားအေရ ေဖာေရာင္တာကို ခ်က္ျခင္းေလ်ာ့ေစလို႔ပါပဲ။ မ်က္ႏွာမွာ ဝက္ၿခံေပါက္တာ ဒါမွမဟုတ္ မ်က္ႏွာအသားအေရ နီရဲတတ္တဲ့သူေတြမွာ အာလူးအကြင္းေလးေတြ ကပ္လိုက္ရင္ ေပ်ာက္သြားပါတယ္။ သခြားသီး အကြင္းလိုက္ လွီးပါ။ ၿပီးရင္ ေဖာင္းအိေနတဲ့ မ်က္ခြံေတြေပၚ အကြင္းလိုက္ ၁၅ မိနစ္ခန္႔ တင္ထားပါ။ သခြားသီး ဒါမွမဟုတ္ အာလူးကို အခြံႏႊာၿပီး အကြင္းလိုက္လွီးပါ ၿပီးရင္ မ်က္ႏွာျပင္အႏွံ႔ တင္ေပးႏိုင္ပါတယ္။ 
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun
 
Unicode Version
 
မိမိကိုယ်ကို မှန်ထဲမှာကြည့်လိုက်တဲ့ အခါမှာလည်း မျက်လုံးတစ်ဝိုက် အရေပြားတွေက အရေးအကြောင်း ထင်နေပြီး မျက်ကွင်းတွေလည်း ညိုနေတာကြောင့် "ငါတော်တော် အိုနေပြီ" လို့ တွေးမိမယ်ဆို တော်တော်လေး စိတ်မသက်မသာ ဖြစ်ပါတယ်။ ဒီလို စိတ်မသက်မသာဖြစ်မှုမှ ကင်းဝေးပြီး မျက်လုံးတွေ နုပျိုလန်းဆန်းဖို့အတွက် အရေပြားဆိုင်ရာ ကျွမ်းကျင်သူတို့ရဲ့ အကြံဉာဏ်များကို လိုက်နာကြည့်လိုက်ရအောင်။

(၁) မျက်လုံးတစ်ဝိုက်ကို လက်သူကြွယ်ထိပ်လေးနဲ့ နှိပ်နယ်ပေးပါ

မျက်ခမ်းနဲ့ မျက်ခွံတစ်ဝိုက်မှာ ရှိတဲ့ အရေးအကြောင်းတွေကို ပြေပျောက်သွားဖို့ အိုင်းခရင်မ် (Eye Cream) ကို ပါးပါးလေးလိမ်းပြီး လက်သူကြွယ်လေးနဲ့ အသာအယာ နှိပ်ပေးပါ။ လက်ညှိုးထက် လက်သူကြွယ်က အားပိုပျော့တဲ့အတွက်ကြောင့် အားပြင်းပြင်းကြီးနဲ့ မျက်စိကို နှိပ်သလို မဖြစ်တော့ဘဲ အဲဒီနားက ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်ပါတယ်။ နေ့စဉ် ခပ်ဖွဖွ နှိပ်ပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ပိုကောင်းလာစေပါမယ်။ မျက်ကွင်းညိုခြင်း၊ မျက်ခွံတွဲကျခြင်းနှင့် မျက်ခွံမို့မောက်ခြင်းတို့ကို သိသိသာသာ လျော့ကျလာတယ်။

(၂) သခွားသီး အကွင်းလိုက်လှီး အာလူးကို အခွံနွှာပြီး ပါးပါးလှီးပြီးကပ်ပေးပါ

အာလူးက အသားအရေ ဖောရောင်တာကို ချက်ခြင်းလျော့စေလို့ပါပဲ။ မျက်နှာမှာ ဝက်ခြံပေါက်တာ ဒါမှမဟုတ် မျက်နှာအသားအရေ နီရဲတတ်တဲ့သူတွေမှာ အာလူးအကွင်းလေးတွေ ကပ်လိုက်ရင် ပျောက်သွားပါတယ်။ သခွားသီး အကွင်းလိုက် လှီးပါ။ ပြီးရင် ဖောင်းအိနေတဲ့ မျက်ခွံတွေပေါ် အကွင်းလိုက် ၁၅ မိနစ်ခန့် တင်ထားပါ။ သခွားသီး ဒါမှမဟုတ် အာလူးကို အခွံနွှာပြီး အကွင်းလိုက်လှီးပါ ပြီးရင် မျက်နှာပြင်အနှံ့ တင်ပေးနိုင်ပါတယ်။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top