iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕လူေတြရဲ႕ ရုပ္ရည္ဟာ အသက္အရြယ္ထက္ ပိုမိုရင့္ေရာ္ၾကပါတယ္။ တစ္ခ်ိဳ႕ၾကေတာ့ ႏုပ်ိဳပါတယ္။ ဒီလိုျဖစ္ရတာ မေတာ္တဆျဖစ္တာ မဟုတ္ပါဘူး။ သူတို႔ ေန႔စဥ္ျပဳမူေနထိုင္ေနတဲ့ အေလ့အက်င့္ေတြေၾကာင့္ ျဖစ္ပါတယ္။ အရြယ္မတိုင္မီ ရုပ္ရည္ရင့္ေရာ္တာမ်ိဳးမျဖစ္ေစဖို႕ ဒီလိုျဖစ္ရတဲ့ အေလ့အက်င့္ေတြကို ေရွာင္ရွားဖို႔ လိုပါတယ္။

၁ - ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္တာကေတာ့ ရုပ္ရည္ ရင့္ေရာ္ရတဲ့အေၾကာင္းအရင္းေတြထဲမွာ နံပါတ္တစ္ျဖစ္ပါတယ္။ ေဆးလိပ္ေသာက္သူနဲ႔ ေဆးလိပ္မေသာက္သူရဲ႕ ရုပ္ရည္ဟာ သိသိသာသာကို ကြာျခားပါတယ္။ ဒါ့အျပင္ အဆုပ္နဲ႔ ႏွလံုးက်န္းမာေရးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက္ေစပါတယ္။ ေသြးေၾကာလည္ပတ္မႈကို အေႏွာင့္အယွက္ေပးျပီး အသားအေရကုိ ညစ္ႏြမ္းေစပါတယ္။

၂ - အစားအေသာက္

အစားအေသာက္ လိုအပ္တာထက္နည္းပါးျခင္းဟာလည္း သင့္ရုပ္ရည္ကို အိုမင္းေစပါတယ္။ လိုအပ္တဲ့ စြမ္းအင္ေတြကို ခႏၶာကိုယ္က လံုလံုေလာက္မရတာေၾကာင့္ ျဖစ္ပါတယ္။ ရုပ္ပိုင္းဆုိင္ရာတင္မကဘဲ စိတ္ပိုင္းဆုိင္ရာပါ အိုမင္းႏုိင္ပါတယ္။ အာရုံစူးႏုိင္မႈ ေလ်ာ့က်တာ၊ စိတ္ဓာတ္က်တာေတြ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ အသားအေရေပ်ာ့တြဲမႈေတြ ျဖစ္တတ္ပါတယ္။

၃ - အိပ္ေရးမဝျခင္း

လူတစ္ေယာက္ဟာ တစ္ညမွာ ပံုမွန္အားျဖင့္ အိပ္စက္ခ်ိန္ ၇ နာရီ ၈ နာရီေလာက္ ရွိသင့္ပါတယ္။ အိပ္ေရးမဝတဲ့အခါ ေန႔အခ်ိန္မွာ သင့္ခႏၶာကိုယ္ဟာ လုပ္ရမယ့္အလုပ္ကို ျပည့္ျပည့္ဝဝ မလုပ္ႏုိင္ပါဘူး။ ဝိတ္တက္တာေတြျဖစ္လာျပီး အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြကိုပါ သက္ေရာက္လာပါတယ္။

၄ - ဟင္းသီးဟင္းရြက္မစားတာ

အသက္အရြယ္ၾကီးလာတဲ့အခါ အိုမင္းလာမွာေတာ့ အမွန္ပါပဲ။ ဒါေပမဲ့ အိုမင္းမႈဟာ အသက္အရြယ္နဲ႔စာရင္ သူမ်ားထက္ သိသာေနတာဟာ အသီးအရြက္ အစားနည္းတာနဲ႔လည္း ဆုိင္ပါတယ္။ အေရာင္စံုတဲ့ အသီးအရြက္ေတြကို စားေပးသင့္ပါတယ္။ အိုမီဂါဖက္တီး အက္ဆစ္ ပါဝင္တဲ့ ငါးကိုလည္း စားေပးရမွာျဖစ္ပါတယ္။

၅ - ျငီးျငဴတဲ့အက်င့္

ျငီးျငဴတဲ့အက်င့္ကို ေမြးထားတာျဖစ္ပါတယ္။ ဘာမဆို အလြယ္တကူျငီးျငဴတဲ့ အက်င့္ဟာ စိတ္ဓာတ္ကုိလည္း ေပ်ာ့ညံ႔ေစပါတယ္။ စိတ္ဓာတ္ေပ်ာ့တာေၾကာင့္ အလြယ္တကူနဲ႔ စိတ္ဓာတ္က်တာေတြ၊ စိတ္ဆင္းရဲတာေတြ ျဖစ္လာတတ္ပါတယ္။

၆ - အရက္

အရက္အလြန္အကၽြံေသာက္တဲ့အက်င့္ဟာလည္း ရုပ္ရည္ကို ရင့္ေစပါတယ္။ အသည္းကို ထိခိုက္တာ၊ ဘီယာေသာက္တဲ့အခါ ကယ္လိုရီအလြန္မ်ားတာေတြဟာ သင့္ကို ဗိုက္ပူေစပါတယ္။ အလြန္အကၽြံေသာက္ျခင္းေၾကာင့္ အရြယ္မတိုင္မီ မွတ္ညဏ္ခ်ိဳ႕ယြင္းမႈေတြကိုလည္း ျဖစ္ေစပါတယ္။

Credit : duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ချို့လူတွေရဲ့ ရုပ်ရည်ဟာ အသက်အရွယ်ထက် ပိုမိုရင့်ရော်ကြပါတယ်။ တစ်ချို့ကြတော့ နုပျိုပါတယ်။ ဒီလိုဖြစ်ရတာ မတော်တဆဖြစ်တာ မဟုတ်ပါဘူး။ သူတို့ နေ့စဉ်ပြုမူနေထိုင်နေတဲ့ အလေ့အကျင့်တွေကြောင့် ဖြစ်ပါတယ်။ အရွယ်မတိုင်မီ ရုပ်ရည်ရင့်ရော်တာမျိုးမဖြစ်စေဖို့ ဒီလိုဖြစ်ရတဲ့ အလေ့အကျင့်တွေကို ရှောင်ရှားဖို့ လိုပါတယ်။

၁ - ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကတော့ ရုပ်ရည် ရင့်ရော်ရတဲ့အကြောင်းအရင်းတွေထဲမှာ နံပါတ်တစ်ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူနဲ့ ဆေးလိပ်မသောက်သူရဲ့ ရုပ်ရည်ဟာ သိသိသာသာကို ကွာခြားပါတယ်။ ဒါ့အပြင် အဆုပ်နဲ့ နှလုံးကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ သွေးကြောလည်ပတ်မှုကို အနှောင့်အယှက်ပေးပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။

၂ - အစားအသောက်

အစားအသောက် လိုအပ်တာထက်နည်းပါးခြင်းဟာလည်း သင့်ရုပ်ရည်ကို အိုမင်းစေပါတယ်။ လိုအပ်တဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်က လုံလုံလောက်မရတာကြောင့် ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပါ အိုမင်းနိုင်ပါတယ်။ အာရုံစူးနိုင်မှု လျော့ကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသားအရေပျော့တွဲမှုတွေ ဖြစ်တတ်ပါတယ်။

၃ - အိပ်ရေးမဝခြင်း

လူတစ်ယောက်ဟာ တစ်ညမှာ ပုံမှန်အားဖြင့် အိပ်စက်ချိန် ၇ နာရီ ၈ နာရီလောက် ရှိသင့်ပါတယ်။ အိပ်ရေးမဝတဲ့အခါ နေ့အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ လုပ်ရမယ့်အလုပ်ကို ပြည့်ပြည့်ဝဝ မလုပ်နိုင်ပါဘူး။ ဝိတ်တက်တာတွေဖြစ်လာပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ သက်ရောက်လာပါတယ်။

၄ - ဟင်းသီးဟင်းရွက်မစားတာ

အသက်အရွယ်ကြီးလာတဲ့အခါ အိုမင်းလာမှာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အိုမင်းမှုဟာ အသက်အရွယ်နဲ့စာရင် သူများထက် သိသာနေတာဟာ အသီးအရွက် အစားနည်းတာနဲ့လည်း ဆိုင်ပါတယ်။ အရောင်စုံတဲ့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။ အိုမီဂါဖက်တီး အက်ဆစ် ပါဝင်တဲ့ ငါးကိုလည်း စားပေးရမှာဖြစ်ပါတယ်။

၅ - ငြီးငြူတဲ့အကျင့်

ငြီးငြူတဲ့အကျင့်ကို မွေးထားတာဖြစ်ပါတယ်။ ဘာမဆို အလွယ်တကူငြီးငြူတဲ့ အကျင့်ဟာ စိတ်ဓာတ်ကိုလည်း ပျော့ညံ့စေပါတယ်။ စိတ်ဓာတ်ပျော့တာကြောင့် အလွယ်တကူနဲ့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဆင်းရဲတာတွေ ဖြစ်လာတတ်ပါတယ်။

၆ - အရက်

အရက်အလွန်အကျွံသောက်တဲ့အကျင့်ဟာလည်း ရုပ်ရည်ကို ရင့်စေပါတယ်။ အသည်းကို ထိခိုက်တာ၊ ဘီယာသောက်တဲ့အခါ ကယ်လိုရီအလွန်များတာတွေဟာ သင့်ကို ဗိုက်ပူစေပါတယ်။ အလွန်အကျွံသောက်ခြင်းကြောင့် အရွယ်မတိုင်မီ မှတ်ညဏ်ချို့ယွင်းမှုတွေကိုလည်း ဖြစ်စေပါတယ်။

Credit : duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top