iMyanmarHouse.com - Best Property Website for Myanmar
×

၁ - တအား ေအာ္ျခင္း

စိတ္ဆိုးေဒါသထြက္တဲ့အခါမ်ိဳး၊ ေျပာခ်င္တဲ့ အဓိကအခ်က္ကို အာရုံစိုက္ေစခ်င္လြန္းတာမ်ိဳး ရွိတဲ့အခါ အေဖေတြက သားသမီးေတြကို ေအာ္တတ္ပါတယ္။ ဒါေပမဲ့ ေအာ္ဟစ္ျခင္းဟာ စိတ္ဆိုးေဒါသထြက္တာကို မေျပေပ်ာက္ေစပါဘူး။ ကိုယ္ေျပာမယ့္ အဓိကအခ်က္ကို ကေလးက ပိုအာရုံစိုက္သြားမယ္လို႔ ထင္ျမင္တာကလည္း မွားပါတယ္။ သင္ေအာ္ဟစ္ေနတဲ့အခ်ိန္မွာ ကေလးရဲ႕စိတ္ထဲ ေၾကာက္စိတ္တစ္ခုပဲ ရွိပါတယ္။ ဘာအေတြးမွ သူ႔ေခါင္းထဲမွာ အလုပ္မလုပ္ႏုိင္ပါဘူး။သားသမီးေတြကိုမွ မဟုတ္ဘဲ မိသားစုဝင္ေတြနဲ႔ပတ္သက္တဲ့အခါ ေအာ္ဟစ္ျခင္းဟာ ျပႆနာကို ဘယ္လိုမွ မေျဖရွင္းႏိုင္တဲ့နည္း ျဖစ္ပါတယ္။ အေျခအေနကို ပိုေတာင္ ဆုိးသြားေစပါတယ္။

၂ - အေျခခံလိုအပ္ခ်က္ မျဖည့္ဆည္းႏုိင္ျခင္း

သားသမီးေတြရဲ႕ အေျခခံလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏုိင္ဖို႔ လိုပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ေငြေၾကးလိုပါတယ္။ ျပည့္ျပည့္ဝဝ မျဖည့္ဆည္းေပးႏုိင္တဲ့အခါ မိသားစုတြင္း သင့္ရဲ႕တာဝန္ဟာ မေက်ပြန္သလို ျဖစ္ေနပါတယ္။ သင့္ေပၚအေၾကာက္တရားသာ ရွိေနျပီး ေလးစားမႈေလ်ာ့က်ႏုိင္ပါတယ္။

၃ - ကိုယ့္ကိုယ္ကိုယ္ ဂရုမစိုက္

သားသမီးေတြကို ဂရုစိုက္ဖို႔ဆုိရင္ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ဖို႔လည္း လိုပါတယ္။ ကိုယ္က်န္းမာမွ မိသားစုကို ေရရွည္ ေစာင့္ေရွာက္ႏုိင္မွာ ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္တိုးတက္ဖို႔၊ ယံုၾကည္မႈရွိေနဖို႔ကလည္း အျမဲၾကိဳးစားေနရမွာ ျဖစ္ပါတယ္။ သားသမီးေတြကို ေအာ္ဟစ္ရိုက္ႏွက္ဆံုးမတာထက္ သူတို႔ ေလးစားေအာင္ စံျပေနျပတာက ပိုထိေရာက္တဲ့ အုပ္ခ်ဳပ္ပံုျဖစ္ပါတယ္။

၄ - ကတိမတည္ျခင္း

အေဖဟာ သူတို႔အားကိုးထိုက္တဲ့လူလို႔ ကေလးရဲ႕စိတ္မွာ မေျပာဘဲ သိျမင္ေနရမွာ ျဖစ္ပါတယ္။ ဒီ့အတြက္ သင္ဟာ ကတိတည္ရပါမယ္။ သူတို႔နဲ႔ပတ္သက္ရင္ ခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး ေျပာလို႔မရပါဘူး။ သူတို႔အတြက္ သင္ဟာ မွန္းဆမရတဲ့သူ၊ တသတ္မတ္တည္း မရွိတဲ့လူမ်ိဳးအျဖစ္ ထင္ျမင္ေနမွာမ်ိဳးဟာ လံုးဝမျဖစ္သင့္ပါဘူး။

၅ - ဇနီးကိုဆန္႔က်င္ျခင္း

အေပ်ာ္သေဘာမ်ိဳးဆိုရင္ ကိစၥမရွိပါဘူး။ ဒါေပမဲ့ ကေလးေတြရဲ႕ ေရွ႕မွာ ကိုယ့္ဇနီးကို၊ ရုိက္တာ၊ ေအာ္တာအျပင္ ထင္ထင္ရွားရွား ဆန္႔က်င့္တာမ်ိဳးေတာင္ မလုပ္သင့္ပါဘူူး။ ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ မွီခိုမႈဟာ မိခင္ေတြေပၚမွာ ရွိပါတယ္။ သူတို႔ မွီခိုရသူ တစ္ေယာက္ ေစာ္ကားခံရတာဟာ ကေလးေတြကို စိတ္ဒဏ္ရာ အၾကီးအက်ယ္ျဖစ္ေစပါတယ္။

၆ - အလိုလိုက္ျခင္း

လိုခ်င္တယ္လို႔ တစ္ခ်က္ေျပာလိုက္တာနဲ႔ ခ်က္ခ်င္း ျဖည့္ဆည္းေပးတာမ်ိဳး ျဖစ္ပါတယ္။ အသစ္အဆန္းေတြကို ႏွစ္သက္တဲ့ ကေလးဟာ အသစ္အဆန္းျမင္တိုင္းလုိခ်င္ေနပါတယ္။ ပူဆာပါတယ္။ ဒါေပမဲ့ သူတကယ္လိုခ်င္တာလား၊ တကယ္ႏွစ္သက္တာလားဆိုတာကို သင့္ဘက္က သိဖို႔လိုပါတယ္။ ဝယ္ေပးသင့္တဲ့အခ်ိန္မွာ ဝယ္ေပးသင့္တဲ့ အရာကိုပဲ ျဖည့္ဆည္းေပးသင့္တာပါ။

၇ - ႏွိမ့္ခ်ျခင္း

ကေလးရဲ႕ စိတ္ဟာ ေပ်ာ့ေျပာင္းပါတယ္။ သူတို႔ကို ႏွိမ့္ခ်တာ၊ သူတို႔ကို မေကာင္းေျပာတာမ်ိဳး မလုပ္သင့္ပါဘူး။ ကေလးတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကိုယ္ေလးစားမႈ ေလ်ာ့က်သြားပါတယ္။ ငါဟာ သူတို႔ေျပာသလိုလူပဲ ဆိုတဲ့ စိတ္မ်ိဳး ျဖစ္သြားတတ္ပါတယ္။ ဘာကိုပဲေတြးေတြး ငါက ဒီလုိလူဆိုတဲ့ အယူအဆေပၚ အေျခခံျပီးေတြးေတာပါေတာ့တယ္။

Credit : duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁ - တအား အော်ခြင်း

စိတ်ဆိုးဒေါသထွက်တဲ့အခါမျိုး၊ ပြောချင်တဲ့ အဓိကအချက်ကို အာရုံစိုက်စေချင်လွန်းတာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ်ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေပါဘူး။ ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပိုအာရုံစိုက်သွားမယ်လို့ ထင်မြင်တာကလည်း မှားပါတယ်။ သင်အော်ဟစ်နေတဲ့အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ်တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ်နိုင်ပါဘူး။သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ပတ်သက်တဲ့အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင် ဆိုးသွားစေပါတယ်။

၂ - အခြေခံလိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်း

သားသမီးတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငွေကြေးလိုပါတယ်။ ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေးနိုင်တဲ့အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ်အကြောက်တရားသာ ရှိနေပြီး လေးစားမှုလျော့ကျနိုင်ပါတယ်။

၃ - ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်

သားသမီးတွေကို ဂရုစိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း လိုပါတယ်။ ကိုယ်ကျန်းမာမှ မိသားစုကို ရေရှည် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့၊ ယုံကြည်မှုရှိနေဖို့ကလည်း အမြဲကြိုးစားနေရမှာ ဖြစ်ပါတယ်။ သားသမီးတွေကို အော်ဟစ်ရိုက်နှက်ဆုံးမတာထက် သူတို့ လေးစားအောင် စံပြနေပြတာက ပိုထိရောက်တဲ့ အုပ်ချုပ်ပုံဖြစ်ပါတယ်။

၄ - ကတိမတည်ခြင်း

အဖေဟာ သူတို့အားကိုးထိုက်တဲ့လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည်ရပါမယ်။ သူတို့နဲ့ပတ်သက်ရင် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့မရပါဘူး။ သူတို့အတွက် သင်ဟာ မှန်းဆမရတဲ့သူ၊ တသတ်မတ်တည်း မရှိတဲ့လူမျိုးအဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။

၅ - ဇနီးကိုဆန့်ကျင်ခြင်း

အပျော်သဘောမျိုးဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာမျိုးတောင် မလုပ်သင့်ပါဘူူး။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါတယ်။ သူတို့ မှီခိုရသူ တစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာ အကြီးအကျယ်ဖြစ်စေပါတယ်။

၆ - အလိုလိုက်ခြင်း

လိုချင်တယ်လို့ တစ်ချက်ပြောလိုက်တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေးတာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်းလိုချင်နေပါတယ်။ ပူဆာပါတယ်။ ဒါပေမဲ့ သူတကယ်လိုချင်တာလား၊ တကယ်နှစ်သက်တာလားဆိုတာကို သင့်ဘက်က သိဖို့လိုပါတယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေးသင့်တာပါ။

၇ - နှိမ့်ချခြင်း

ကလေးရဲ့ စိတ်ဟာ ပျော့ပြောင်းပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြောတာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျော့ကျသွားပါတယ်။ ငါဟာ သူတို့ပြောသလိုလူပဲ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ်ပါတယ်။ ဘာကိုပဲတွေးတွေး ငါက ဒီလိုလူဆိုတဲ့ အယူအဆပေါ် အခြေခံပြီးတွေးတောပါတော့တယ်။


Credit : duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top