iMyanmarHouse.com - Best Property Website for Myanmar
×

Relationshipတစ္ခုမွာပံုမွန္အားျဖင့္အနည္းဆံုး၃ႏွစ္ထက္ပိုလာရင္တစ္ေယာက္နဲ႔တစ္ေယာက္
စိတ္၀င္စားမႈနည္းလာတယ္လို႔သုေတသနမွတ္တမ္းေတြအရသိရပါတယ္။ဒါေပမယ့္သက္ဆံုး
တိုင္ေပါင္းဖက္သြားၾကတဲ့ခ်စ္သူစံုတြဲေတြလည္းရွိေနပါတယ္။တကယ္ေတာ့ပံုမွန္ျဖစ္ရိုးျဖစ္စဥ္ေတြ
ကေနဆန္႔က်င္ၿပီးတစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈ၊ဂရုစိုက္မႈ၊သစၥာေစာင့္သိမႈေတြနဲ႔ေရရွည္
ဆက္္ဆံေရးကိုတည္ေဆာက္ၾကရတာပါ။ဒါေပမယ့္ တခါတေလ အဲဒီလိုသမားရိုးက်ျဖစ္ရိုးျဖစ္စဥ္ေတြကို မတြန္းလွန္ႏိုင္တဲ့စံုတြဲေတြက်ေတာ့ခ်စ္ျခင္းေမတၱာေတြေလ်ာ့နည္းလာတယ္။တစ္ေယာက္အေပၚ
တစ္ေယာက္စိတ္၀င္စားမႈမရွိေတာ့ဘဲအခ်စ္သစ္လို႔ကင္ပြန္းတပ္လိုက္တဲ့အာရံုအသစ္ေတြရွာေဖြလာတဲ့အ
ခါထားရွိခဲ့တဲ့သစၥာတရားေတြပ်က္ယြင္းၾကရပါေတာ့တယ္။အဲဒီလိုကိုယ့္အေပၚမွာ ေလာ္လည္ေဖာက္ျပန္တဲ့
အိမ္ေထာင္ဖက္ကိုခြင့္လႊတ္ေပးသင့္လား၊ခြင့္မလႊတ္ေပးသင့္ဘူးလားဆိုတာစဥ္းစားၾကည့္ရေအာင္။
အဲဒီလိုစဥ္းစားတဲ့အခါထည့္သြင္းစဥ္းစားသင့္တဲ့အခ်က္ေလးေတြကိုShwemomပရိသတ္ႀကီးသိႏိုင္ဖို႔ မွ်ေ၀ေပးလိုက္ပါတယ္။

သူတို႔ဘာေၾကာင့္ ေဖာက္ျပန္ၾကတာလဲ

ေဖာက္ျပန္တာကေတာ့ဘယ္လိုအေၾကာင္းျပခ်က္ပဲရွိရွိ ေဖာက္ျပန္တာကေဖာက္ျပန္တာပါပဲ။ဒါေပမယ့္
 ေဖာက္ျပန္တဲ့အေၾကာင္းအရင္းကိုေသခ်ာရွာတြ႕မယ္ဆိုရင္သူ႔ကိုခြင့္မလႊတ္ႏိုင္ဘူးလား။အိုေကခြင့္မလႊတ္ဘူး။ဒါေပမယ့္ငါ့က်မွျဖစ္ရတယ္ဆိုၿပီး၀မ္းနည္းပူေဆြးမႈေတြ၊ခံျပင္းမႈေတြထဲကရုန္းမထြက္ႏိုင္တာမ်ိဳးလည္းမျဖစ္ေတာ့ဘူး။အေျခအေနကိုအေကာင္းဆံုးလက္ခံေျဖရွင္းႏိုင္ဖို႔ဘာေၾကာင့္ေဖာက္ျပန္သလဲဆိုတဲ့အခ်က္ကိုထည့္သြင္းစဥ္းစားဖို႔တိုက္တြန္းျခင္းျဖစ္ပါတယ္။တခ်ိဳ႕က်ေတာ့လည္း လူကိုယ္တိုင္က သစၥာတရားကိုတန္ဖိုးမထားတတ္လို႔၊ တခ်ိဳ႕က်ေတာ့ အိမ္ေထာင္ေရးကိုစိတ္ပ်က္ၿငီးေငြ႕ေနလို႔ျဖစ္ၿပီး ၿငီးေငြ႕ရတဲ့အေၾကာင္းအရင္းမွာလည္းအိမ္ေထာင္ေရးသုခအတြက္ဆႏၵေတြမတင္းတိမ္ႏိုင္တာမ်ိဳးလား၊
တစ္ေယာက္နဲ႔တစ္ေယာက္ဂရုစိုက္မႈ၊ၾကင္နာမႈေတြမရွိလို႔လားဒါမွမဟုတ္ကိုယ့္အတၱကိုယ္ေရွ႕
တန္းတင္ေနမိၾကလို႔လားစသျဖင့္အေကာင္းဆံုးရလဒ္ကိုရွာေတြ႕ႏုိင္ဖို႔ထည့္သြင္းစဥ္းစားသင့္ပါတယ္။

သူတို႔မွားေၾကာင္းေနာင္တရေနသလား

တခ်ိဳ႕က်ေတာ့မွားသြားမွန္းသိေပမယ့္မွားမွန္း၀န္မခံဘူး။ေရွ႕လည္းဆက္မတိုးဘူး။အျပစ္ကိုေတာ့ကာ
ကြယ္ေျပာေနေသးတယ္။တခ်ိဳ႕က်ေတာ့မွားေနမွန္းသိရက္နဲ႔ ေရွ႕ဆက္တိုးေနသလိုကိုယ့္ရဲ႕အိမ္ေထာင္
ဖက္ကိုလည္း ျပန္ၿပီးအျပစ္တင္တာမ်ိဳး၊ေနာက္ဆံုးအမ်ိဳးအစားကေတာ့စိတ္လိုက္မာန္ပါနဲ႔ပဲျဖစ္ျဖစ္၊ပတ္၀န္း
က်င္ပေယာဂေၾကာင့္ပဲျဖစ္ျဖစ္ ေဖာက္ျပန္မိသြားတယ္။ေဖာက္ျပန္မိၿပီဆိုတာသိသိခ်င္း၊ဘယ္အဆင့္
ပဲေရာက္ေရာက္မွားမွန္း၀န္ခံသလို၊ ေရွ႕လည္းဆက္မတိုးေတာ့ဘူး။ကိုယ့္ရဲ႕အျပစ္အတြက္အေကာင္း
ဆံုးေပးဆပ္ဖို႔ႀကိဳးစားတဲ့သူမ်ိဳးပါ။ဒါေပမယ့္တခါက်ဴးလြန္ဖူးတဲ့သူက ေနာက္ထပ္က်ဴးလြန္ဖို႔၀န္မေလးေတာ့
ဘူးဆိုတဲ့စကားရွိေနတာကိုလည္းသတိရပါ။ဘာပဲျဖစ္ျဖစ္အျပစ္တစ္ခုက်ဴးလြန္မိတာကိုသူ ေနာင္တရေန
သလား၊အဲဒီအျပစ္ကိုဘယ္လိုေဆးေၾကာေနသလဲ။အဲဒီအခ်က္ေပၚမူတည္ၿပီးကိုယ့္ဘက္ကအေကာင္း
ဆံုးအေျဖအတြက္ဆံုးျဖတ္ခ်က္ခ်ႏိုင္ပါလိမ့္မယ္။

ေဖာက္ျပန္ေနတာကို သင္ဘယ္လိုပံုစံနဲ႔ရွာေတြ႕တာလဲ

ဘယ္လိုအေျခအေနပဲရွိရွိ ေဖာက္ျပန္တာကိုဘယ္လိုလက္ခံရမွာလဲဆိုၿပီးအေျဖရွာမရျဖစ္ေနသူေတြရွိပါ
တယ္။တခ်ိဳ႕က်ေတာ့ ေဖာက္ျပန္ဖို႔ ေျခလွမ္းျပင္ေနတာမ်ိဳးရွိသလိုလိင္ဆႏၵအရေဖာက္ျပန္တာမ်ိဳးလည္းမ
ဟုတ္ဘဲတစ္ေယာက္နဲ႔တစ္ေယာက္ အားေပးႏွစ္သိမ့္မႈရယူတာ၊ ဆိုရွယ္မီဒီယာလိုလူမႈကြန္ရက္ေတြကေန ဆက္သြယ္ၿပီးေလာ္လည္ေဖာက္ျပန္တာ၊ အထိအေတြ႕မဟုတ္ဘဲအေျပာအဆိုအာရံုေတြကေန ေဖာက္ျပန္ေနတာစသျဖင့္အေျခအေနအမ်ိဳးမ်ိဳးရွိႏိုင္
ပါတယ္။သင့္အေနနဲ႔အိမ္ေထာင္ဖက္ ေဖာက္ျပန္မႈရွိမရွိကိုဘယ္အခ်ိန္ေလာက္မွာစတင္သတိထားမိသလဲ။
သူဟာလံုး၀ေဖာက္ျပန္တာမ်ိဳးမရွိေသးေပမယ့္ ေဖာက္ျပန္ဖို႔ျပင္ေနတာမ်ိဳးဆိုရင္သင့္ဘက္ကအခ်ိန္မီတား
ဆီးႏိုင္ဖို႔အခြင့္အလမ္းေတြရွိေနပါတယ္။အခ်ိန္မီျပင္ဆင္ဖို႔ ေဆြးေႏြးဖို႔အခြင့္လမ္းေတြရွိေနပါေသးတယ္။

အလိုတူအလိုပါ ေဖာက္ျပန္ေနသလား

တခါတေလအိမ္ေထာင္ေရးမွာငဲ့ကြက္ရမယ့္အေျခအေနေတြရွိေနတဲ့အတြက္လမ္းခြဲဖို႔အထိမဆံုးျဖတ္
ထားေပမယ့္တစ္ဖက္မွာလည္းလိင္ဆႏၵအရေလာ္လည္ေဖာက္ျပားေနတာမ်ိဳးေတြရွိပါတယ္။သာယာ
မႈရွာတယ္ဆိုတာမ်ိဳးပါ။ေနာက္တစ္မ်ိဳးကေတာ့ငဲ့ကြက္စရာမိသားစု၀င္ေတြကိုေတာင္ထည့္မစဥ္းစားေတာ့
ဘဲလက္ရွိအိမ္ေထာင္ေရးကိုမလိုခ်င္ေတာ့ဘဲ ေနာက္ထပ္ပါတနာတစ္ေယာက္နဲ႔ဘ၀သစ္ထူေထာင္ခ်င္ေန
တာမ်ိဳးပါ။ႏွစ္မ်ဳိးစလံုးကအလိုတူအလိုပါကိုယ္တိုင္ကိုယ္က်စိတ္ဆႏၵအရေဖာက္ျပန္ေနတာေတြခ်ည္းပါပဲ။

ဒီလိုအေျခအေနဆိုရင္သူ႔ဘက္ကဒီအိမ္ေထာင္ေရးကိုမလိုလားေတာ့တာေသခ်ာေနပါၿပီ။ဒါဆိုရင္ဘ
ယ္လိုဆက္လုပ္မလဲ။သူ႔ကိုခြင့္မလႊတ္ႏိုင္သလိုသြားခြင့္မေပးဘဲထားမလား။ခြင့္မလႊတ္ဘူး။ဒါေပမယ့္
သြားခြင့္ျပဳလိုက္တာမ်ိဳးလားစသျဖင့္ ကိုယ္ဘာဆက္လုပ္ရမယ္ဆိုတဲ့ ျပတ္သားတဲ့ဆံုးျဖတ္ခ်က္မ်ိဳးခ်ႏိုင္မွာပါ။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Relationshipတစ်ခုမှာပုံမှန်အားဖြင့်အနည်းဆုံး၃နှစ်ထက်ပိုလာရင်တစ်ယောက်နဲ့တစ်ယောက်

စိတ်ဝင်စားမှုနည်းလာတယ်လို့သုတေသနမှတ်တမ်းတွေအရသိရပါတယ်။ဒါပေမယ့်သက်ဆုံး

တိုင်ပေါင်းဖက်သွားကြတဲ့ချစ်သူစုံတွဲတွေလည်းရှိနေပါတယ်။တကယ်တော့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေ

ကနေဆန့်ကျင်ပြီးတစ်ယောက်နဲ့တစ်ယောက်နားလည်မှု၊ဂရုစိုက်မှု၊သစ္စာစောင့်သိမှုတွေနဲ့ရေရှည်

ဆက်ဆံရေးကိုတည်ဆောက်ကြရတာပါ။ဒါပေမယ့် တခါတလေ အဲဒီလိုသမားရိုးကျဖြစ်ရိုးဖြစ်စဉ်တွေကို မတွန်းလှန်နိုင်တဲ့စုံတွဲတွေကျတော့ချစ်ခြင်းမေတ္တာတွေလျော့နည်းလာတယ်။တစ်ယောက်အပေါ်

တစ်ယောက်စိတ်ဝင်စားမှုမရှိတော့ဘဲအချစ်သစ်လို့ကင်ပွန်းတပ်လိုက်တဲ့အာရုံအသစ်တွေရှာဖွေလာတဲ့အ

ခါထားရှိခဲ့တဲ့သစ္စာတရားတွေပျက်ယွင်းကြရပါတော့တယ်။အဲဒီလိုကိုယ့်အပေါ်မှာ လော်လည်ဖောက်ပြန်တဲ့

အိမ်ထောင်ဖက်ကိုခွင့်လွှတ်ပေးသင့်လား၊ခွင့်မလွှတ်ပေးသင့်ဘူးလားဆိုတာစဉ်းစားကြည့်ရအောင်။

အဲဒီလိုစဉ်းစားတဲ့အခါထည့်သွင်းစဉ်းစားသင့်တဲ့အချက်လေးတွေကိုShwemomပရိသတ်ကြီးသိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

သူတို့ဘာကြောင့် ဖောက်ပြန်ကြတာလဲ

ဖောက်ပြန်တာကတော့ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ဖောက်ပြန်တာကဖောက်ပြန်တာပါပဲ။ဒါပေမယ့်

 ဖောက်ပြန်တဲ့အကြောင်းအရင်းကိုသေချာရှာတွ့မယ်ဆိုရင်သူ့ကိုခွင့်မလွှတ်နိုင်ဘူးလား။အိုကေခွင့်မလွှတ်ဘူး။ဒါပေမယ့်ငါ့ကျမှဖြစ်ရတယ်ဆိုပြီးဝမ်းနည်းပူဆွေးမှုတွေ၊ခံပြင်းမှုတွေထဲကရုန်းမထွက်နိုင်တာမျိုးလည်းမဖြစ်တော့ဘူး။အခြေအနေကိုအကောင်းဆုံးလက်ခံဖြေရှင်းနိုင်ဖို့ဘာကြောင့်ဖောက်ပြန်သလဲဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားဖို့တိုက်တွန်းခြင်းဖြစ်ပါတယ်။တချို့ကျတော့လည်း လူကိုယ်တိုင်က သစ္စာတရားကိုတန်ဖိုးမထားတတ်လို့၊ တချို့ကျတော့ အိမ်ထောင်ရေးကိုစိတ်ပျက်ငြီးငွေ့နေလို့ဖြစ်ပြီး ငြီးငွေ့ရတဲ့အကြောင်းအရင်းမှာလည်းအိမ်ထောင်ရေးသုခအတွက်ဆန္ဒတွေမတင်းတိမ်နိုင်တာမျိုးလား၊

တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်မှု၊ကြင်နာမှုတွေမရှိလို့လားဒါမှမဟုတ်ကိုယ့်အတ္တကိုယ်ရှေ့

တန်းတင်နေမိကြလို့လားစသဖြင့်အကောင်းဆုံးရလဒ်ကိုရှာတွေ့နိုင်ဖို့ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သူတို့မှားကြောင်းနောင်တရနေသလား

တချို့ကျတော့မှားသွားမှန်းသိပေမယ့်မှားမှန်းဝန်မခံဘူး။ရှေ့လည်းဆက်မတိုးဘူး။အပြစ်ကိုတော့ကာ

ကွယ်ပြောနေသေးတယ်။တချို့ကျတော့မှားနေမှန်းသိရက်နဲ့ ရှေ့ဆက်တိုးနေသလိုကိုယ့်ရဲ့အိမ်ထောင်

ဖက်ကိုလည်း ပြန်ပြီးအပြစ်တင်တာမျိုး၊နောက်ဆုံးအမျိုးအစားကတော့စိတ်လိုက်မာန်ပါနဲ့ပဲဖြစ်ဖြစ်၊ပတ်ဝန်း

ကျင်ပယောဂကြောင့်ပဲဖြစ်ဖြစ် ဖောက်ပြန်မိသွားတယ်။ဖောက်ပြန်မိပြီဆိုတာသိသိချင်း၊ဘယ်အဆင့်

ပဲရောက်ရောက်မှားမှန်းဝန်ခံသလို၊ ရှေ့လည်းဆက်မတိုးတော့ဘူး။ကိုယ့်ရဲ့အပြစ်အတွက်အကောင်း

ဆုံးပေးဆပ်ဖို့ကြိုးစားတဲ့သူမျိုးပါ။ဒါပေမယ့်တခါကျူးလွန်ဖူးတဲ့သူက နောက်ထပ်ကျူးလွန်ဖို့ဝန်မလေးတော့

ဘူးဆိုတဲ့စကားရှိနေတာကိုလည်းသတိရပါ။ဘာပဲဖြစ်ဖြစ်အပြစ်တစ်ခုကျူးလွန်မိတာကိုသူ နောင်တရနေ

သလား၊အဲဒီအပြစ်ကိုဘယ်လိုဆေးကြောနေသလဲ။အဲဒီအချက်ပေါ်မူတည်ပြီးကိုယ့်ဘက်ကအကောင်း

ဆုံးအဖြေအတွက်ဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မယ်။

ဖောက်ပြန်နေတာကို သင်ဘယ်လိုပုံစံနဲ့ရှာတွေ့တာလဲ

ဘယ်လိုအခြေအနေပဲရှိရှိ ဖောက်ပြန်တာကိုဘယ်လိုလက်ခံရမှာလဲဆိုပြီးအဖြေရှာမရဖြစ်နေသူတွေရှိပါ

တယ်။တချို့ကျတော့ ဖောက်ပြန်ဖို့ ခြေလှမ်းပြင်နေတာမျိုးရှိသလိုလိင်ဆန္ဒအရဖောက်ပြန်တာမျိုးလည်းမ

ဟုတ်ဘဲတစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်မှုရယူတာ၊ ဆိုရှယ်မီဒီယာလိုလူမှုကွန်ရက်တွေကနေ ဆက်သွယ်ပြီးလော်လည်ဖောက်ပြန်တာ၊ အထိအတွေ့မဟုတ်ဘဲအပြောအဆိုအာရုံတွေကနေ ဖောက်ပြန်နေတာစသဖြင့်အခြေအနေအမျိုးမျိုးရှိနိုင်

ပါတယ်။သင့်အနေနဲ့အိမ်ထောင်ဖက် ဖောက်ပြန်မှုရှိမရှိကိုဘယ်အချိန်လောက်မှာစတင်သတိထားမိသလဲ။

သူဟာလုံးဝဖောက်ပြန်တာမျိုးမရှိသေးပေမယ့် ဖောက်ပြန်ဖို့ပြင်နေတာမျိုးဆိုရင်သင့်ဘက်ကအချိန်မီတား

ဆီးနိုင်ဖို့အခွင့်အလမ်းတွေရှိနေပါတယ်။အချိန်မီပြင်ဆင်ဖို့ ဆွေးနွေးဖို့အခွင့်လမ်းတွေရှိနေပါသေးတယ်။

အလိုတူအလိုပါ ဖောက်ပြန်နေသလား

တခါတလေအိမ်ထောင်ရေးမှာငဲ့ကွက်ရမယ့်အခြေအနေတွေရှိနေတဲ့အတွက်လမ်းခွဲဖို့အထိမဆုံးဖြတ်

ထားပေမယ့်တစ်ဖက်မှာလည်းလိင်ဆန္ဒအရလော်လည်ဖောက်ပြားနေတာမျိုးတွေရှိပါတယ်။သာယာ

မှုရှာတယ်ဆိုတာမျိုးပါ။နောက်တစ်မျိုးကတော့ငဲ့ကွက်စရာမိသားစုဝင်တွေကိုတောင်ထည့်မစဉ်းစားတော့

ဘဲလက်ရှိအိမ်ထောင်ရေးကိုမလိုချင်တော့ဘဲ နောက်ထပ်ပါတနာတစ်ယောက်နဲ့ဘဝသစ်ထူထောင်ချင်နေ

တာမျိုးပါ။နှစ်မျိုးစလုံးကအလိုတူအလိုပါကိုယ်တိုင်ကိုယ်ကျစိတ်ဆန္ဒအရဖောက်ပြန်နေတာတွေချည်းပါပဲ။



ဒီလိုအခြေအနေဆိုရင်သူ့ဘက်ကဒီအိမ်ထောင်ရေးကိုမလိုလားတော့တာသေချာနေပါပြီ။ဒါဆိုရင်ဘ

ယ်လိုဆက်လုပ်မလဲ။သူ့ကိုခွင့်မလွှတ်နိုင်သလိုသွားခွင့်မပေးဘဲထားမလား။ခွင့်မလွှတ်ဘူး။ဒါပေမယ့်

သွားခွင့်ပြုလိုက်တာမျိုးလားစသဖြင့် ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်မျိုးချနိုင်မှာပါ။


Credit : Shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top