iMyanmarHouse.com - Best Property Website for Myanmar
×

လူခႏၶာကိုယ္ က်န္းမာဖို႔အတြက္ေရာ အသားအေရလွပ ဖို႔အတြက္ပါ လိုအပ္တဲ့ အာဟာရေတြ ျပည့္ျပည့္ ၀၀ရရွိဖို႔ အရမ္းအေရးၾကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ အာဟာရ မျပည့္၀တဲ့အခါ ခႏၶာကိုယ္က လုပ္ငန္းေဆာင္တာေတြ ကို ပံုမွန္မလုပ္ေတာ့ပဲ မူမမွန္တဲ့ အေျခ အေနေတြ ျဖစ္ေပၚလာႏိုင္တယ္ေလ။ အဲဒီလုိ ခႏၶာကိုယ္ အတြက္ အေရးပါလွတဲ႔ အာဟာရဓာတ္ေတြထဲကမွ ၀က္ျခံရွိတဲ့ အသားအေရ ပိုင္ရွင္ေတြအတြက္ လိုအပ္တဲ့ အဟာရဓာတ္ေလးေတြကို ေျပာျပမယ္ေနာ္။

Vitamin A
Vit A ဟာ ၀က္ျခံရွိတဲ့ အသားအေရပိုင္ရွင္ေတြအတြက္ အေရးအၾကီးဆံုး ဗီတာမင္ပါ။ အသားအေရရဲ႕ အစိုဓာတ္ကို ၾကာရွည္စြာထိန္းေပးျခင္း၊ အသားအေရကို ျပန္ လည္ျပဳျပင္ေပးျခင္း၊ ေကာ္လာဂ်င္ ဓာတ္ထုတ္ လုပ္မွုကို အားေပးျခင္း၊ ခုခံအားစနစ္ကို ေကာင္းမြန္ေစျခင္းတို႔ေၾကာင့္ ၀က္ျခံေတြကို သက္သာေပ်ာက္ ကင္းေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ Vit A ကို အလြန္အကၽြံ မေသာက္သံုးသင့္ပါဘူး ။ ကိုယ္ ၀န္ေဆာင္ ခ်ိန္မွာလည္း မေသာက္သံုးသင့္ပါဘူး။

Vitamin C
Vit C ဟာအေရျပားကို တင္းရင္းေစျပီး အနာက်က္ျမန္ေစတဲ့ ေကာလာဂ်င္ထုတ္လုပ္ရာမွာ အေရးပါ လွပါတယ္။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္ ။ ဒီလိုနည္းေတြနဲ႔ ၀က္ျခံေတြ ကို သက္သာလာေစတာပါ။

Zinc
ဇင့္ဓာတ္ဟာ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစျပီး ေဟာ္မုန္းေတြကို ပံုမွန္ေစပါတယ္။ ဒါေၾကာင့္ ၀က္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ မေပါက္ပြားေအာင္ မပြားမ်ားေအာင္ ကာကြယ္ေပးႏိုင္ပါ တယ္ ။ ေဟာ္ မုန္းေတြ ညီမွ်လို႔ ၀က္ျခံျဖစ္ေပၚမွုကိုလည္း ေလွ်ာ့နည္းေစပါတယ္။

Fish Oil
ငါးၾကီးဆီမွာ အေရာင္က်ေစတဲ့ အစြမ္းရွိပါတယ္။ ေရာဂါပိုးေတြကိုလည္း တိုက္ထုတ္ႏိုင္လို႔ ၀က္ျခံေတြ ပိုး၀င္ေရာင္ရမ္းတာကို သက္သာေစပါတယ္။

ဒီအာဟာရဓာတ္ေလးေတြက သူငယ္ခ်င္းတို႔ကို ကူညီေပးႏိုင္မွာပါ။ တစ္ခုေတာ့ မွာခ်င္တယ္ေနာ္..။ ဘယ္ အရာမဆို တန္ေဆး လြန္ေဘးပဲေလ။ ဒါေၾကာင့္ ဒီအာဟာရဓာတ္ေတြရေအာင္ဆိုၿပီး အားေဆးေတြ အလြန္အကၽြံ၀ယ္ေသာက္တာမ်ဳိးလည္း မလုပ္ပါနဲ႔။ တတ္ႏိုင္သေလာက္ သဘာ၀အစားအစာေတြကိုပဲ စားပါ။ ဘယ္အစားအစာေတြမွာ ဘယ္လိုအာဟာရေတြပါတယ္ဆိုတာကိုေတာ့ သဘာ၀ရဲ႕အာဟာရဆိုတဲ့ ပို႔စ္ေလး က ကူညီေပးပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Original up-loader

#Unicode Version

လူခန္ဓာကိုယ် ကျန်းမာဖို့အတွက်ရော အသားအရေလှပ ဖို့အတွက်ပါ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့် ၀၀ရရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အာဟာရ မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ ကို ပုံမှန်မလုပ်တော့ပဲ မူမမှန်တဲ့ အခြေ အနေတွေ ဖြစ်ပေါ်လာနိုင်တယ်လေ။ အဲဒီလို ခန္ဓာကိုယ် အတွက် အရေးပါလှတဲ့ အာဟာရဓာတ်တွေထဲကမှ ဝက်ခြံရှိတဲ့ အသားအရေ ပိုင်ရှင်တွေအတွက် လိုအပ်တဲ့ အဟာရဓာတ်လေးတွေကို ပြောပြမယ်နော်။

Vitamin A
Vit A ဟာ ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် အရေးအကြီးဆုံး ဗီတာမင်ပါ။ အသားအရေရဲ့ အစိုဓာတ်ကို ကြာရှည်စွာထိန်းပေးခြင်း၊ အသားအရေကို ပြန် လည်ပြုပြင်ပေးခြင်း၊ ကော်လာဂျင် ဓာတ်ထုတ် လုပ်မှုကို အားပေးခြင်း၊ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ကြောင့် ဝက်ခြံတွေကို သက်သာပျောက် ကင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် Vit A ကို အလွန်အကျွံ မသောက်သုံးသင့်ပါဘူး ။ ကိုယ် ဝန်ဆောင် ချိန်မှာလည်း မသောက်သုံးသင့်ပါဘူး။

Vitamin C
Vit C ဟာအရေပြားကို တင်းရင်းစေပြီး အနာကျက်မြန်စေတဲ့ ကောလာဂျင်ထုတ်လုပ်ရာမှာ အရေးပါ လှပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ် ။ ဒီလိုနည်းတွေနဲ့ ဝက်ခြံတွေ ကို သက်သာလာစေတာပါ။

Zinc
ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဟော်မုန်းတွေကို ပုံမှန်စေပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ပွားအောင် မပွားများအောင် ကာကွယ်ပေးနိုင်ပါ တယ် ။ ဟော် မုန်းတွေ ညီမျှလို့ ဝက်ခြံဖြစ်ပေါ်မှုကိုလည်း လျှော့နည်းစေပါတယ်။

Fish Oil
ငါးကြီးဆီမှာ အရောင်ကျစေတဲ့ အစွမ်းရှိပါတယ်။ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်နိုင်လို့ ဝက်ခြံတွေ ပိုးဝင်ရောင်ရမ်းတာကို သက်သာစေပါတယ်။

ဒီအာဟာရဓာတ်လေးတွေက သူငယ်ချင်းတို့ကို ကူညီပေးနိုင်မှာပါ။ တစ်ခုတော့ မှာချင်တယ်နော်..။ ဘယ် အရာမဆို တန်ဆေး လွန်ဘေးပဲလေ။ ဒါကြောင့် ဒီအာဟာရဓာတ်တွေရအောင်ဆိုပြီး အားဆေးတွေ အလွန်အကျွံဝယ်သောက်တာမျိုးလည်း မလုပ်ပါနဲ့။ တတ်နိုင်သလောက် သဘာဝအစားအစာတွေကိုပဲ စားပါ။ ဘယ်အစားအစာတွေမှာ ဘယ်လိုအာဟာရတွေပါတယ်ဆိုတာကိုတော့ သဘာဝရဲ့အာဟာရဆိုတဲ့ ပို့စ်လေး က ကူညီပေးပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Original up-loader
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top