iMyanmarHouse.com - Best Property Website for Myanmar
×

ေပါင္မုန္ ့မီးကင္၊ အာလူးေၾကာ္ အစရွိသည္တို ့ကိုနွစ္ျခိဳက္စြာစားတတ္သူမ်ားအေနျဖင့္ မီးကင္ျခင္း ၊ ေၾကာ္ေလွာ္ျခင္းတို ့ကိုျပဳလုပ္ရာတြင္ ေရႊေရာင္ သို ့မဟုတ္ အ၀ါေရာင္ျဖစ္သည္ အထိသာ အပူေပးသင့္ျပီး အညိဳေရာင္သမ္းသြားေသာသို ့မဟုတ္ ညိဳမည္းသြားေသာေပါင္မုန္ ့၊အာလူးေၾကာ္ အစရွိသည္တို ့သည္ ကင္ဆာျဖစ္ပြားမႈကိုအားေပးနိုင္မည္ျဖစ္ေၾကာင္း UK သိပၸံပညာရွင္မ်ားကေျပာသည္။

ကစီဓါတ္ၾကြယ္၀တဲ့အစားအစာေတြကို ကင္တဲ့အခါ ၊ ေၾကာ္တဲ့အခါ အခ်ိန္သိပ္ၾကာသြားျပီး အပူခ်ိန္ ျမင့္မားလြန္းသြားရင္ အက္ခရီလာမိုက္ ဆိုတဲ့ဓါတုပစၥည္းထြက္လာပါတယ္ ။ အဲဒီဓါတုပစၥည္းဟာ ကင္ဆာ ျဖစ္ပြားမႈကိုအားေပးပါတယ္ ။ ဒါေၾကာင့္ ေၾကာ္၊ေလွာ္၊ကင္၊ဖုတ္တဲ့ အစားအစာေတြဟာ ကစီဓါတ္ေပါၾကြယ္ ၀တယ္ဆိုရင္ ညိဳမည္းမသြားခင္ မီးဖိုေပၚကခ်ဖို ့ အေရးၾကီးပါတယ္ဟု အစားအစာ အဆင့္အတန္း စိစစ္ေရးေအဂ်င္စီ FSA မွ တာ၀န္ရွိသူတစ္ဦးက ေျပာျပသည္ ။ ထို ့အျပင္ အာလူး ကိုေရခဲေသတၱာထဲတြင္ အေအးမခံသင့္ေၾကာင္း ၊ အေအးခံလိုက္လ်င္ အာလူးထဲရွိ သၾကား ပမာဏ ျမင့္တက္ လာေလ့ရွိေၾကာင္း ၊ ၄င္းအာလူးကိုခ်က္ျပဳတ္ေသာအခါ အက္ခရီလာမိုက္ ဓါတုပစၥည္းပို၍ပင္ ထြက္လာမည္ျဖစ္ေၾကာင္း ၊ အက္ခရီလာမိုက္သည္ အစားအစာအမ်ားစုကို ခ်က္ျပဳတ္ရာတြင္ သဘာ၀အေလ်ာက္ထြက္ေပၚလာေလ့ရွိသည့္ ေဘးထြက္ပစၥည္းျဖစ္ေၾကာင္း၊ အက္ခရီလာမိုက္ ပမာဏအျမင့္ဆံုးကို အပူခ်ိန္ျမင့္ျမင့္ နွင့္ေၾကာ္ေလွာ္ခ်က္ျပဳတ္ဖုတ္ေသာ အစားအစာမ်ား တြင္ေတြ ့ရေၾကာင္း ၊ အပူခ်ိန္ ၁၂၀ စင္တီဂရိတ္ထက္ေက်ာ္ေနလ်င္ လူအတြက္အႏၱရာယ္ရွိေၾကာင္း၊ အာလူးၾကြပ္ၾကြပ္ေၾကာ္၊ ေပါင္မုန္ ့၊ ဘီစကစ္၊ ကိတ္၊ ေကာ္ဖီအစရွိသည္တို ့သည္ ပူလြန္းလ်င္ ကင္ဆာကိုျဖစ္ေစနိုင္သည့္ အက္္ ခရီလာမိုက္ဓါတုပစၥည္းထုတ္လုပ္ေၾကာင္းသိရသည္ ။

အစားအစာေတြကို သဘာ၀နဲ ့အနီးဆံုးပံုစံနဲ ့ပဲခ်က္ျပဳတ္စားေသာက္တာေကာင္းပါတယ္။ ခ်က္ျပဳတ္တဲ့ အဆင့္မ်ားလာေလ၊ အက္ခရီလာမိုက္ပမာဏျမင့္လာေလျဖစ္ပါတယ္။ အိမ္တြင္း ခ်က္ျပဳတ္ နည္းေတြမွာ လည္း ပထမျပဳတ္ ၊ ျပီးရင္ေက်ာ္ ၊ ျပီးရင္သုပ္ အဲဒီလိုလုပ္တာမ်ိဳးထက္ သဘာ၀ထက္တစ္ဆင့္၊ ဒါမွမဟုတ္ နွစ္ဆင့္ေလာက္ပဲပိုတဲ့နည္းနဲ ့ခ်က္ျပဳတ္စားေသာက္ရင္ က်န္းမာေရးနဲ ့ပိုျပီးညီညႊတ္ပါလိမ့္မယ္။ အထူးသျဖင့္ ကေလးေတြ ၾကိဳက္တဲ့အာလူးေၾကာ္၊ဘီစကစ္၊ေပါင္မုန္ ့ အစရွိတာေတြကို ညိဳေအာင္ မည္းေအာင္ မီးဖုတ္တာ ၊ မီးကင္တာ ၊ ဒါမွမဟုတ္ ေအးလို ့အၾကိမ္ၾကိမ္ျပန္ေႏြးတာေတြဟာ လံုး၀ေရွာင္ၾကဥ္သင့္တဲ့ အျပဳအမူေတြျဖစ္ပါတယ္ဟု သုေတသီတစ္ဦးကေျပာျပသည္ ။

Credit:ရတနာပုံ သတင္းစာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပေါင်မုန့်မီးကင်၊ အာလူးကြော် အစရှိသည်တို့ကိုနှစ်ခြိုက်စွာစားတတ်သူများအနေဖြင့် မီးကင်ခြင်း ၊ ကြော်လှော်ခြင်းတို့ကိုပြုလုပ်ရာတွင် ရွှေရောင် သို့မဟုတ် အဝါရောင်ဖြစ်သည် အထိသာ အပူပေးသင့်ပြီး အညိုရောင်သမ်းသွားသောသို့မဟုတ် ညိုမည်းသွားသောပေါင်မုန့်၊အာလူးကြော် အစရှိသည်တို့သည် ကင်ဆာဖြစ်ပွားမှုကိုအားပေးနိုင်မည်ဖြစ်ကြောင်း UK သိပ္ပံပညာရှင်များကပြောသည်။

ကစီဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို ကင်တဲ့အခါ ၊ ကြော်တဲ့အခါ အချိန်သိပ်ကြာသွားပြီး အပူချိန် မြင့်မားလွန်းသွားရင် အက်ခရီလာမိုက် ဆိုတဲ့ဓါတုပစ္စည်းထွက်လာပါတယ် ။ အဲဒီဓါတုပစ္စည်းဟာ ကင်ဆာ ဖြစ်ပွားမှုကိုအားပေးပါတယ် ။ ဒါကြောင့် ကြော်၊လှော်၊ကင်၊ဖုတ်တဲ့ အစားအစာတွေဟာ ကစီဓါတ်ပေါကြွယ် ဝတယ်ဆိုရင် ညိုမည်းမသွားခင် မီးဖိုပေါ်ကချဖို့ အရေးကြီးပါတယ်ဟု အစားအစာ အဆင့်အတန်း စိစစ်ရေးအေဂျင်စီ FSA မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည် ။ ထို့အပြင် အာလူး ကိုရေခဲသေတ္တာထဲတွင် အအေးမခံသင့်ကြောင်း ၊ အအေးခံလိုက်လျင် အာလူးထဲရှိ သကြား ပမာဏ မြင့်တက် လာလေ့ရှိကြောင်း ၊ ၎င်းအာလူးကိုချက်ပြုတ်သောအခါ အက်ခရီလာမိုက် ဓါတုပစ္စည်းပို၍ပင် ထွက်လာမည်ဖြစ်ကြောင်း ၊ အက်ခရီလာမိုက်သည် အစားအစာအများစုကို ချက်ပြုတ်ရာတွင် သဘာဝအလျောက်ထွက်ပေါ်လာလေ့ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်ကြောင်း၊ အက်ခရီလာမိုက် ပမာဏအမြင့်ဆုံးကို အပူချိန်မြင့်မြင့် နှင့်ကြော်လှော်ချက်ပြုတ်ဖုတ်သော အစားအစာများ တွင်တွေ့ရကြောင်း ၊ အပူချိန် ၁၂၀ စင်တီဂရိတ်ထက်ကျော်နေလျင် လူအတွက်အန္တရာယ်ရှိကြောင်း၊ အာလူးကြွပ်ကြွပ်ကြော်၊ ပေါင်မုန့်၊ ဘီစကစ်၊ ကိတ်၊ ကော်ဖီအစရှိသည်တို့သည် ပူလွန်းလျင် ကင်ဆာကိုဖြစ်စေနိုင်သည့် အက် ခရီလာမိုက်ဓါတုပစ္စည်းထုတ်လုပ်ကြောင်းသိရသည် ။

အစားအစာတွေကို သဘာဝနဲ့အနီးဆုံးပုံစံနဲ့ပဲချက်ပြုတ်စားသောက်တာကောင်းပါတယ်။ ချက်ပြုတ်တဲ့ အဆင့်များလာလေ၊ အက်ခရီလာမိုက်ပမာဏမြင့်လာလေဖြစ်ပါတယ်။ အိမ်တွင်း ချက်ပြုတ် နည်းတွေမှာ လည်း ပထမပြုတ် ၊ ပြီးရင်ကျော် ၊ ပြီးရင်သုပ် အဲဒီလိုလုပ်တာမျိုးထက် သဘာဝထက်တစ်ဆင့်၊ ဒါမှမဟုတ် နှစ်ဆင့်လောက်ပဲပိုတဲ့နည်းနဲ့ချက်ပြုတ်စားသောက်ရင် ကျန်းမာရေးနဲ့ပိုပြီးညီညွှတ်ပါလိမ့်မယ်။ အထူးသဖြင့် ကလေးတွေ ကြိုက်တဲ့အာလူးကြော်၊ဘီစကစ်၊ပေါင်မုန့် အစရှိတာတွေကို ညိုအောင် မည်းအောင် မီးဖုတ်တာ ၊ မီးကင်တာ ၊ ဒါမှမဟုတ် အေးလို့အကြိမ်ကြိမ်ပြန်နွေးတာတွေဟာ လုံးဝရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေဖြစ်ပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည် ။

Credit:ရတနာပုံ သတင်းစာ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top