iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တတ္တဲ့ ေယာက္်ားေလးေတြမရွားေပမယ့္မိန္းကေလးတစ္ေယာက္ကို တစ္ဘ၀လံုးစာအတြက္ရည္ရြယ္ၿပီး ထာ၀ရခ်စ္သြားမယ့္ ေယာက္်ားေလးမ်ိဳးကေတာ့ရွိေတာ့ရွိတယ္၊ ရွားမယ္ထင္ပါတယ္။ခပ္ရွားရွားေယာက္်ားေလးေတြရဲ႕အမူအက်င့္ေတြနဲ႔သူတို႔မွာ ေလးစားစရာေကာင္းတဲ့ဘယ္လိုအခ်က္ေလးေတြရွိေန တယ္ဆိုတာ ပ်ိဳေမေလးေတြသိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁)ျပႆနာကို ေခါင္းမေရွာင္တတ္ဘူး

မိန္းကေလးတစ္ေယာက္ကိုတစ္ဘ၀လံုးစာရည္ရြယ္ထားတဲ့ ေယာက္်ားတစ္ေယာက္ဟာဘယ္ေလာက္ပဲအခက္အခဲေတြနဲ႔ႀကံဳပါေစ ေရွာင္ေျပးမသြားပါဘူး။မထူးဇာတ္ခင္းၿပီး အရက္နဲ႔ခံစားခ်က္ေတြကိုေျဖသိမ့္ေနမယ့္သူမ်ိဳးလည္းမဟုတ္ပါဘူး။ သူ႔အတြက္တခါတေလ ၿငီးေငြ႕စရာေကာင္းခဲ့မယ္ဆိုရင္ေတာင္ ဂရုစိုက္မႈ၊အေလးထားမႈေတြနဲ႔ သူ႔ရဲ႕လက္တြဲေဖာ္ကို သက္ေတာင့္သက္သာျဖစ္ေစမွာပါ။

(၂) ဥာဏ္ပညာႀကီးတယ္

ေယာက္်ားတစ္ေယာက္ဥာဏ္ပညာႀကီးတာဟာ သူဘယ္ေလာက္ထိ စမတ္က်တယ္၊ ထူးခၽြန္ထက္ျမက္သလဲဆိုတဲ့ အေပၚမွာမမူတည္ဘဲ ႀကံဳေတြ႕လာတဲ့အခက္အခဲအေျခအေနေပၚမူတည္ၿပီးအေကာင္းဆံုးအႀကံျပဳခ်က္ေတြ ဘယ္ေလာက္ေပးႏိုင္သလဲ၊ရႈေထာင့္ေပါင္းစံုရဲ႕အျမင္ေတြကိုထည့္သြင္းစဥ္းစားႏိုင္သလဲဆိုတဲ့အေပၚမွာပဲမူတည္ပါတယ္။အဲဒီလိုခ်စ္သူမ်ိဳးကိုပိုင္ဆိုင္ထားရင္ေတာ့ သင္နဲ႔ပတ္သက္ၿပီးအဆင္မေျပစရာေတြႀကံဳလာခဲ့ရင္ေတာင္ ဘယ္လိုေျဖရွင္း ရမလဲဆိုတာသိလို႔ သင့္ကိုထားသြားဖို႔မရွိႏိုင္ေတာ့ပါဘူး။

(၃)သင့္အမွားေတြကို လက္ခံႏိုင္မယ္

ဒီအခ်က္ေၾကာင့္ သင့္ကိုခြင့္မလႊတ္ႏိုင္တဲ့အမွားမ်ိဳးက်ဴးလြန္ဖို႔ဆိုလိုတာမဟုတ္ပါဘူး။လူတိုင္းကအမွားနဲ႔မကင္းႏိုင္ၾကဘူး ဆိုတာကိုေတာ့သူေကာင္းေကာင္းနားလည္ထားပါတယ္။သင့္ရဲ႕မွားယြင္းေနတဲ့အယူအဆ၊လုပ္ရပ္ေတြအတြက္လည္း သူ႔ဘက္ကအေကာင္းဆံုးလမ္းျပေပးႏိုင္မွာပါ။သင့္ရဲ႕အမွားေတြနဲ႔သင့္ကိုျပန္ၿပီးနာက်င္ေစမွာမဟုတ္ပါဘူး။

(၄)သူ႔အမွားကိုတာ၀န္ယူတယ္

သင့္ကိုတစ္သက္လံုးလက္တြဲသြားမယ့္ ေယာက္်ားတစ္ေယာက္ဟာ သူ႔အမွားအတြက္ဘယ္ေတာ့မွသင့္ကိုနာက်င္ေစမွာ မဟုတ္ဘူး။သူ႔အမွားကိုလည္း ဘယ္ေတာ့မွ လ်စ္လ်ဴရႈဖံုးကြယ္လိုက္တာမ်ိဳးလုပ္မွာမဟုတ္သလို သင့္ရဲ႕ခြင့္လႊတ္မႈကို အရိုးသားဆံုးနည္းလမ္းနဲ႔ပဲေတာင္းခံပါလိမ့္မယ္။တခါတေလ သူ႔ဘက္ကမွန္ေနခဲ့ရင္ေတာင္ သင့္ကိုနာက်င္ေစမိရင္ သူ႔ကိုသူျပန္ၿပီး အျပစ္တင္တတ္တဲ့ ေယာက္်ားမ်ိဳးပါ။

(၅)အခ်ိန္တိုင္းအတူရွိေနမယ္

ဆိုးတူေကာင္းဖက္ သင့္အနားမွာရွိေနေပးတဲ့ေယာက္်ားတစ္ေယာက္ဟာ သင့္ကိုထားသြားဖို႔ဘယ္ေတာ့မွစဥ္းစားမွာ မဟုတ္ဘူး။ခ်စ္သူေတြအတြက္ ေ၀းကြာျခင္းဆိုတာ အႏၱရာယ္တစ္ခု၊အတားအဆီးတစ္ခုဆုိတာ သူေကာင္းေကာင္းနား လည္ထားလို႔ပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ ျပီးျပည့္စံုတဲ့အခ်စ္ဆိုတာမရွိသလို အရာရာျပည့္စံုေနတဲ့ လူဆိုတာလည္းမရွိပါဘူး။ဒါေၾကာင့္ ခ်စ္သူေတြ ၾကားမွာ တစ္ေယာက္ရဲ႕အားသာခ်က္၊အားနည္းခ်က္ေတြကို တစ္ေယာက္ကနားလည္ေပးဖို႔ပဲအေရးႀကီးပါတယ္။
Credit :(Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်တတ်တဲ့ ယောက်ျားလေးတွေမရှားပေမယ့်မိန်းကလေးတစ်ယောက်ကို တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီး ထာဝရချစ်သွားမယ့် ယောက်ျားလေးမျိုးကတော့ရှိတော့ရှိတယ်၊ ရှားမယ်ထင်ပါတယ်။ခပ်ရှားရှားယောက်ျားလေးတွေရဲ့အမူအကျင့်တွေနဲ့သူတို့မှာ လေးစားစရာကောင်းတဲ့ဘယ်လိုအချက်လေးတွေရှိနေ တယ်ဆိုတာ ပျိုမေလေးတွေသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)ပြဿနာကို ခေါင်းမရှောင်တတ်ဘူး

မိန်းကလေးတစ်ယောက်ကိုတစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာဘယ်လောက်ပဲအခက်အခဲတွေနဲ့ကြုံပါစေ ရှောင်ပြေးမသွားပါဘူး။မထူးဇာတ်ခင်းပြီး အရက်နဲ့ခံစားချက်တွေကိုဖြေသိမ့်နေမယ့်သူမျိုးလည်းမဟုတ်ပါဘူး။ သူ့အတွက်တခါတလေ ငြီးငွေ့စရာကောင်းခဲ့မယ်ဆိုရင်တောင် ဂရုစိုက်မှု၊အလေးထားမှုတွေနဲ့ သူ့ရဲ့လက်တွဲဖော်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။

(၂) ဉာဏ်ပညာကြီးတယ်

ယောက်ျားတစ်ယောက်ဉာဏ်ပညာကြီးတာဟာ သူဘယ်လောက်ထိ စမတ်ကျတယ်၊ ထူးချွန်ထက်မြက်သလဲဆိုတဲ့ အပေါ်မှာမမူတည်ဘဲ ကြုံတွေ့လာတဲ့အခက်အခဲအခြေအနေပေါ်မူတည်ပြီးအကောင်းဆုံးအကြံပြုချက်တွေ ဘယ်လောက်ပေးနိုင်သလဲ၊ရှုထောင့်ပေါင်းစုံရဲ့အမြင်တွေကိုထည့်သွင်းစဉ်းစားနိုင်သလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။အဲဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားရင်တော့ သင်နဲ့ပတ်သက်ပြီးအဆင်မပြေစရာတွေကြုံလာခဲ့ရင်တောင် ဘယ်လိုဖြေရှင်း ရမလဲဆိုတာသိလို့ သင့်ကိုထားသွားဖို့မရှိနိုင်တော့ပါဘူး။

(၃)သင့်အမှားတွေကို လက်ခံနိုင်မယ်

ဒီအချက်ကြောင့် သင့်ကိုခွင့်မလွှတ်နိုင်တဲ့အမှားမျိုးကျူးလွန်ဖို့ဆိုလိုတာမဟုတ်ပါဘူး။လူတိုင်းကအမှားနဲ့မကင်းနိုင်ကြဘူး ဆိုတာကိုတော့သူကောင်းကောင်းနားလည်ထားပါတယ်။သင့်ရဲ့မှားယွင်းနေတဲ့အယူအဆ၊လုပ်ရပ်တွေအတွက်လည်း သူ့ဘက်ကအကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။သင့်ရဲ့အမှားတွေနဲ့သင့်ကိုပြန်ပြီးနာကျင်စေမှာမဟုတ်ပါဘူး။

(၄)သူ့အမှားကိုတာဝန်ယူတယ်

သင့်ကိုတစ်သက်လုံးလက်တွဲသွားမယ့် ယောက်ျားတစ်ယောက်ဟာ သူ့အမှားအတွက်ဘယ်တော့မှသင့်ကိုနာကျင်စေမှာ မဟုတ်ဘူး။သူ့အမှားကိုလည်း ဘယ်တော့မှ လျစ်လျူရှုဖုံးကွယ်လိုက်တာမျိုးလုပ်မှာမဟုတ်သလို သင့်ရဲ့ခွင့်လွှတ်မှုကို အရိုးသားဆုံးနည်းလမ်းနဲ့ပဲတောင်းခံပါလိမ့်မယ်။တခါတလေ သူ့ဘက်ကမှန်နေခဲ့ရင်တောင် သင့်ကိုနာကျင်စေမိရင် သူ့ကိုသူပြန်ပြီး အပြစ်တင်တတ်တဲ့ ယောက်ျားမျိုးပါ။

(၅)အချိန်တိုင်းအတူရှိနေမယ်

ဆိုးတူကောင်းဖက် သင့်အနားမှာရှိနေပေးတဲ့ယောက်ျားတစ်ယောက်ဟာ သင့်ကိုထားသွားဖို့ဘယ်တော့မှစဉ်းစားမှာ မဟုတ်ဘူး။ချစ်သူတွေအတွက် ဝေးကွာခြင်းဆိုတာ အန္တရာယ်တစ်ခု၊အတားအဆီးတစ်ခုဆိုတာ သူကောင်းကောင်းနား လည်ထားလို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပြီးပြည့်စုံတဲ့အချစ်ဆိုတာမရှိသလို အရာရာပြည့်စုံနေတဲ့ လူဆိုတာလည်းမရှိပါဘူး။ဒါကြောင့် ချစ်သူတွေ ကြားမှာ တစ်ယောက်ရဲ့အားသာချက်၊အားနည်းချက်တွေကို တစ်ယောက်ကနားလည်ပေးဖို့ပဲအရေးကြီးပါတယ်။
Credit :(Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top