iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ရင္ပံုသားေတြဟာ အဆီနည္းတယ္ က်န္းမာေရးနဲ႔ညီညြတ္တယ္လို႔လူသိမ်ားပါတယ္။ ဒါေပမဲ႔ ျခြင္းခ်က္အေနနဲ႔သိထားသင္႔တာက အျဖဴလိုင္းပါေနတဲ႔ ရင္ပံုသားေတြကို မစားသင္႔ဘူးဆိုတာပါပဲ။

အခုေနာက္ပိုင္းမွာ ၾကက္ရင္ပံုသားေတာ္ေတာ္မ်ားမ်ားမွာ အျဖဴလိုင္းေလးေတြပါဝင္လာတာေတြ႔ရပါတယ္။ ဒါဟာ အဆီလိုင္းေလးေတြလည္းျဖစ္ပါတယ္။

ဒီလိုျဖစ္လာျခင္းရဲ႕ အေၾကာင္းရင္းက ၾကက္ေမြးျမဴေရးလုပ္တဲ႔ေနရာမွာ ျမန္ျမန္အေကာင္ၾကီးထြားဖို႔အတြက္ အမ်ိဳးမ်ိဳးေသာနည္းလမ္းေတြကို အသံုးျပဳထားတာေၾကာင္႔ျဖစ္ပါတယ္။

၂၀၁၆ခုနစ္မွာ University Of Arkansas ႏွင္႔ Texas A&M University တို႕ရဲ႕ ေလ႔လာခ်က္ေတြအရ ၾကက္အေကာင္ ၂၈၅ ေကာင္ကိုစမ္းသပ္ရာမွာ ၉၆ ရာခိုင္ႏႈန္းက အျဖဴလိုင္းေတြေတြ႔လာရတယ္လို႔ဆိုပါတယ္။ ဒါဟာအသားရဲ႕အရည္အေသြးမေကာင္းတာကို ျပသေနျပီး ဒီလိုအသားမ်ိဳးဟာ ႏူးည႔ံမႈမရွိတဲ႔အျပင္ အရသာစိမ္႔ဝင္ဖို႔လည္း ခက္ခဲတယ္လို႔ဆိုပါတယ္။ ၂၀၁၃ ခုနစ္ကေလ႔လာခ်က္ေတြအရ ဒီလိုအေနအထားမ်ိဳးရွိတဲ႔ ၾကက္ရင္ပံုသားေတြဟာ ပံုမွန္ထက္ ၂၂၄ ရာခိုင္ႏႈန္း အဆီပိုမ်ားတယ္လို႔ သိရပါတယ္။

မျဖစ္မေနမစားသင္႔ဘူးလို႔ ဆိုလိုတာမဟုတ္ေပမယ္႔ စူပါမားကက္ေတြမွာ ၾကက္ရင္ပံုသားဝယ္တဲ႔အခါ သတိထားေရြးခ်ယ္ႏိုင္ရင္ပိုေကာင္းပါတယ္။


Credit: (အခရာ)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကြက်ရင်ပုံသားတွေဟာ အဆီနည်းတယ် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့လူသိများပါတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့သိထားသင့်တာက အဖြူလိုင်းပါနေတဲ့ ရင်ပုံသားတွေကို မစားသင့်ဘူးဆိုတာပါပဲ။

အခုနောက်ပိုင်းမှာ ကြက်ရင်ပုံသားတော်တော်များများမှာ အဖြူလိုင်းလေးတွေပါဝင်လာတာတွေ့ရပါတယ်။ ဒါဟာ အဆီလိုင်းလေးတွေလည်းဖြစ်ပါတယ်။

ဒီလိုဖြစ်လာခြင်းရဲ့ အကြောင်းရင်းက ကြက်မွေးမြူရေးလုပ်တဲ့နေရာမှာ မြန်မြန်အကောင်ကြီးထွားဖို့အတွက် အမျိုးမျိုးသောနည်းလမ်းတွေကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။

၂၀၁၆ခုနစ်မှာ University Of Arkansas နှင့် Texas A&M University တို့ရဲ့ လေ့လာချက်တွေအရ ကြက်အကောင် ၂၈၅ ကောင်ကိုစမ်းသပ်ရာမှာ ၉၆ ရာခိုင်နှုန်းက အဖြူလိုင်းတွေတွေ့လာရတယ်လို့ဆိုပါတယ်။ ဒါဟာအသားရဲ့အရည်အသွေးမကောင်းတာကို ပြသနေပြီး ဒီလိုအသားမျိုးဟာ နူးညံ့မှုမရှိတဲ့အပြင် အရသာစိမ့်ဝင်ဖို့လည်း ခက်ခဲတယ်လို့ဆိုပါတယ်။ ၂၀၁၃ ခုနစ်ကလေ့လာချက်တွေအရ ဒီလိုအနေအထားမျိုးရှိတဲ့ ကြက်ရင်ပုံသားတွေဟာ ပုံမှန်ထက် ၂၂၄ ရာခိုင်နှုန်း အဆီပိုများတယ်လို့ သိရပါတယ်။

မဖြစ်မနေမစားသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပေမယ့် စူပါမားကက်တွေမှာ ကြက်ရင်ပုံသားဝယ်တဲ့အခါ သတိထားရွေးချယ်နိုင်ရင်ပိုကောင်းပါတယ်။


Credit: (အခရာ)



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top