iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္က Journey of Family Psychology မွ ပုံႏွိပ္ထုတ္ေဝထားတဲ့  ေလ့လာမႈတစ္ခုမွာ အိမ္ေထာင္ျပဳ ျခင္းဟာ အမ်ဳိးသားေတြရဲ႕ စိတ္က်န္းမာေရးအတြက္ တကယ္ ေကာင္းမြန္ေၾကာင္း ေတြ႔ရိွခဲ့ တယ္လို႕ ေဖာ္ျပထားပါတယ္။ Ohio State University မွ သုေတသီေတြရဲ႕ အဆုိအရ အမ်ဳိးသားေတြက အိမ္ေထာင္ျပဳတဲ့အခါ စိတ္က်န္းမာေရး ပုိမုိတုိးတက္ေကာင္းမြန္မႈ ရရိွၾကတယ္လုိ႔ သိရပါတယ္။

သုေတသီေတြက လက္မထပ္ဘဲ အတူေနျခင္းနဲ႔ လက္ထက္ျခင္းတုိ႔က စိတ္က်န္းမာေရးကို ဘယ္လို အက်ဳိးသက္ေရာက္ေစေၾကာင္း အေသးစိတ္ ခြဲျခမ္းေလ့လာကာ ၁၉၈၀ နဲ႔ ၁၉၈၄ ခုႏွစ္အတြင္းေမြးဖြားတဲ့ အေမရိကန္ လူမ်ဳိးေတြကို  ေလ့လာထားတဲ့ ေဒတာအခ်က္အလက္ စုေဆာင္းမႈကို ၾကည့္ရႈခဲ့ၾကတာျဖစ္ပါတယ္။ ေတြ႔ရိွတဲ့ ရလဒ္မွာေတာ့ အမ်ဳိးသားေတြ လက္တြဲေဖာ္နဲ႔ Living together အျဖစ္  ေနထုိင္တဲ့အခါ  စိတ္ဖိစီးမႈ ေလ်ာ့နည္းျခင္း မရိွျဖစ္ေနခ်ိန္မွာ တစ္ဖက္က သမီးရည္းစားခ်ိန္းေတြ႔တဲ့ အဆင့္ကေန အိမ္ေထာင္ျပဳတဲ့အဆင့္သုိ႔ တက္လွမ္းတဲ့ အခါမွာေတာ့ အမ်ဳိးသားေတြဟာ  စိတ္ပုိင္းဆုိင္ရာ ပူပန္ေသာက ေလ်ာ့နည္းသြားၾကပါတယ္။ အဲဒီ တခ်ိန္တည္းမွာပဲ အမ်ဳိးသမီးေတြကေတာ့ အိမ္ေထာင္ျပဳျခင္းနဲ႔ လက္မထပ္ဘဲ အတူေနျခင္းေၾကာင့္ စိတ္ဖိစီးမႈ ေလ်ာ့နည္းၾကပါတယ္။

အမ်ဳိးသားေတြဟာ အမ်ဳိးသမီးေတြထက္ သမီးရည္းစားဆက္ဆံေရး အေျခအေနတစ္ခု စမ္းသပ္ စစ္ေဆးတဲ့ နည္းလမ္းတစ္အခုဖြယ္ လက္မထပ္ဘဲ အတူေနၾကေၾကာင္း ပိုအေျပာခံရၾကပါတယ္။ ေနာက္ျပီး သမီးရည္းစား ဆက္ဆံေရး စမ္းသပ္တဲ့ နည္းလမ္းတစ္ခုအျဖစ္ လက္မထပ္ဘဲ အတူေနျခင္းက ေနာက္ဆက္တြဲ အခ်စ္ေရးျပသနာမ်ားစြာနဲ႔ ဆက္ႏြယ္လ်က္ ရိွေနပါတယ္။

တခါတည္း အိမ္ေထာင္ျပဳ လက္ထပ္လုိက္သြားၾကတဲ့ အမ်ဳိးသားေတြက အိမ္ေထာင္က်ျခင္းကို လက္တြဲေဖာ္နဲ႔ဆက္ဆံေရး အေျခအေန စမ္းသပ္ျခင္းအျဖစ္ ရႈျမင္ႏုိင္ေျခ ပုိနည္းျပီး အက်ဳိးေက်းဇူးမ်ား ပုိမို ရရိွခံစားႏုိင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myamar

#Unicode Version

မကြာသေးခင်က Journey of Family Psychology မှ ပုံနှိပ်ထုတ်ဝေထားတဲ့  လေ့လာမှုတစ်ခုမှာ အိမ်ထောင်ပြု ခြင်းဟာ အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေးအတွက် တကယ် ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ Ohio State University မှ သုတေသီတွေရဲ့ အဆိုအရ အမျိုးသားတွေက အိမ်ထောင်ပြုတဲ့အခါ စိတ်ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်မှု ရရှိကြတယ်လို့ သိရပါတယ်။

သုတေသီတွေက လက်မထပ်ဘဲ အတူနေခြင်းနဲ့ လက်ထက်ခြင်းတို့က စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေကြောင်း အသေးစိတ် ခွဲခြမ်းလေ့လာကာ ၁၉၈၀ နဲ့ ၁၉၈၄ ခုနှစ်အတွင်းမွေးဖွားတဲ့ အမေရိကန် လူမျိုးတွေကို  လေ့လာထားတဲ့ ဒေတာအချက်အလက် စုဆောင်းမှုကို ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ တွေ့ရှိတဲ့ ရလဒ်မှာတော့ အမျိုးသားတွေ လက်တွဲဖော်နဲ့ Living together အဖြစ်  နေထိုင်တဲ့အခါ  စိတ်ဖိစီးမှု လျော့နည်းခြင်း မရှိဖြစ်နေချိန်မှာ တစ်ဖက်က သမီးရည်းစားချိန်းတွေ့တဲ့ အဆင့်ကနေ အိမ်ထောင်ပြုတဲ့အဆင့်သို့ တက်လှမ်းတဲ့ အခါမှာတော့ အမျိုးသားတွေဟာ  စိတ်ပိုင်းဆိုင်ရာ ပူပန်သောက လျော့နည်းသွားကြပါတယ်။ အဲဒီ တချိန်တည်းမှာပဲ အမျိုးသမီးတွေကတော့ အိမ်ထောင်ပြုခြင်းနဲ့ လက်မထပ်ဘဲ အတူနေခြင်းကြောင့် စိတ်ဖိစီးမှု လျော့နည်းကြပါတယ်။

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သမီးရည်းစားဆက်ဆံရေး အခြေအနေတစ်ခု စမ်းသပ် စစ်ဆေးတဲ့ နည်းလမ်းတစ်အခုဖွယ် လက်မထပ်ဘဲ အတူနေကြကြောင်း ပိုအပြောခံရကြပါတယ်။ နောက်ပြီး သမီးရည်းစား ဆက်ဆံရေး စမ်းသပ်တဲ့ နည်းလမ်းတစ်ခုအဖြစ် လက်မထပ်ဘဲ အတူနေခြင်းက နောက်ဆက်တွဲ အချစ်ရေးပြသနာများစွာနဲ့ ဆက်နွယ်လျက် ရှိနေပါတယ်။

တခါတည်း အိမ်ထောင်ပြု လက်ထပ်လိုက်သွားကြတဲ့ အမျိုးသားတွေက အိမ်ထောင်ကျခြင်းကို လက်တွဲဖော်နဲ့ဆက်ဆံရေး အခြေအနေ စမ်းသပ်ခြင်းအဖြစ် ရှုမြင်နိုင်ခြေ ပိုနည်းပြီး အကျိုးကျေးဇူးများ ပိုမို ရရှိခံစားနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myamar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top