iMyanmarHouse.com - Best Property Website for Myanmar
×






Credit:trend myanmar

#Unicode Version

ကိုယ်ဝန်ဆောင်ကာလမှာ ကလေးအတွက် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ ဘယ်လိုနည်းလမ်းဖြစ်မလဲဆိုပြီး ကိုယ်ဝန်ဆောင်စမိခင်လောင်းတိုင်း သိချင်ကြသလို တစ်ချို့အတွေ့အကြုံရှိပြီးသား မိခင်တွေကလည်း ဘယ်လိုအိပ်ရင်တော့ဖြင့် ကလေးအတွက် ကောင်းတယ်ဆိုပြီး အကြံပေးတတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘယ်ဘက်စောင်းအိပ်တဲ့ အိပ်စက်မှုပုံစံက အကောင်းဆုံးပါပဲလို့ သိရပါတယ်။

ခြေထောက်နှစ်ခုကြား ခေါင်းအုံးနဲ့အတူ ဘေးတစ်စောင်းအိပ်ခြင်းက သင့်အတွက်ရယ်၊ ကလေးကို ကိုယ်လုံးနဲ့ တိုးမိတိုက်မိ ဆောင့်မိခြင်းမဖြစ်ဖို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထား ဖြစ်ပါတယ်။ တကယ်လို့ ဘယ်ဘက် လှည့်အိပ်တတ်အောင် အာရုံစိုက်လုပ်ဆောင်မယ်ဆိုရင် သန္ဓေသားနဲ့ အချင်းအတွက် အလွန်အရေးပါတဲ့ အာဟာရဓာတ်တွေ ပိုရစေနိုင်ပြီး အသည်းပေါ် မလိုလားအပ်တဲ့ တွန်းဖိခံရနိုင်ခြေ ပိုနည်းစေတယ်လို့ American Pregnancy Association က ဆိုပါတယ်။

မှောက်အိပ် သို့မဟုတ် ပက်လက် မအိပ်ပဲ နေသ၍တော့ ပြုပြင်လို့ မရတဲ့ ပျက်စီးထိခိုက်မှုတွေ ပြုလုပ်မိမှာ မဟုတ်ပါဘူး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myanmar


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top