iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမွေတာ့ ေျခာက္ျပစ္ကင္းသဲလဲစင္မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ခ်စ္မိၿပီဆိုရင္ အျပစ္မျမင္ပါဘူး၊ ခ်စ္ခ်င္တာပဲသိတဲ့ေနာက္ ဆိုသလိုေပါ့။ သူ႔အျပစ္ေတြ၊ တစ္ခ်ိဳ႕ အက်င့္ေလးေတြကို နားလည္ေနႏိုင္ၿပီ၊ လက္ခံေပးထားၿပီ။ ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ ဒီအက်င့္ေလးေတြကို လက္ခံတာ လက္ခံလို႔ရတယ္၊ သူက ငါ့ၾကင္ယာဖက္ျဖစ္ေကာ ျဖစ္ႏိုင္ပါ့မလားလို႔ ေတြးမိတတ္ၾကပါတယ္။ သမီးရည္းစား၊ ခ်စ္သူ၊ လက္တဲြေဖာ္၊ အိမ္ေထာင္ဖက္ေကာင္း၊ ခင္ပြန္းေလာင္းေတြမွာ  ဒီလိုအရည္အခ်င္းေလးေတြ မလဲြမေသြရွိတတ္ၾကပါတယ္။


(၁) ဘာလာလာ ေအးေဆးပဲ

သူက ဘယ္လိုအခက္အခဲမ်ိဳးမဆို ေက်ာ္လႊားႏိုင္သူျဖစ္တယ္။ ျပႆနာတစ္ခုခုၾကံဳတိုင္း၊ အေရးေပၚလိုအပ္တိုင္း ေျဖရွင္းဖို႔ အသင့္ရွိေနသူတစ္ဦးျဖစ္တယ္။ တကယ့္ ေယာက်္ားစစ္တစ္ေယာက္က စကားလံုးလွလွေလးေတြပဲ ေျပာၿပီး တကယ့္ဆံုးျဖတ္ခ်က္ခ်သင့္တဲ့အရာေတြမွာ တံု႔ေႏွးမေနတတ္ပါဘူး။ ဘယ္ေလာက္ပဲ အၾကပ္အတည္းၾကားကို ေရာက္ေနပါေစ၊ သူက သင့္အတြက္ဆို မားမားမတ္မတ္ရပ္တည္ေပးမယ့္ သူအျဖစ္ရွိေနသူတစ္ေယာက္ပါ။

(၂) ထမင္း၊ ဟင္း ခ်က္တတ္တယ္

၂၁ ရာစုေခတ္အမ်ိဳးသမီးေတြက ထမင္း၊ ဟင္းခ်က္တတ္တဲ့ေယာက်္ားေတြကို သေဘာက်ပါတယ္။ မီးဖိုေခ်ာင္ထဲမွာ ရွိတဲ့ ပစၥည္းေတြနဲ႔ပဲ စားစရာတစ္ခုခုျဖစ္ေအာင္ ဖန္တီးခ်က္ျပဳတ္ျပင္ဆင္ၿပီး စားတတ္တဲ့ ေယာက်္ားေတြက ဆဲြေဆာင္မႈအလြန္ရွိေနသလိုပါပဲ။ အရမ္းႀကီး ထူးျခားဆန္းျပားတဲ့ အစားအေသာက္ျဖစ္စရာမလိုပါဘူး။ ဗိုက္ျဖည့္ဖို႔ တစ္ခုခုကို ျပင္ဆင္ၿပီး ပန္းကန္ထဲ သပ္သပ္ရပ္ရပ္ ခူးခပ္စားတတ္ရင္ပဲ အေတာ္ကို ဟုတ္ေနပါၿပီ။

(၃) သင့္ဘက္မွာ ရွိတယ္

သင္ လုပ္တာက အလဲြႀကီးျဖစ္ေနရင္ေတာင္ သူမ်ားက ဒါအလဲြႀကီးဆိုၿပီး ေျပာတာကို ခံမယ့္သူမဟုတ္ပါဘူး။ ႏွစ္ေယာက္တည္းက်မွ သူက ဆူခ်င္ဆူပါလိမ့္မယ္၊ ဒါေပမယ့္ သင့္ဘက္ကေနပဲ ရပ္တည္ၿပီး ခိုင္ခန္႔စြာ ေထာက္ခံေပးဦးမယ့္သူပါ။

(၄) ဒီဘက္နားကဝင္ၿပီး ဟိုဘက္နားက ထြက္မသြားဘူး

မ်ားေသာအားျဖင့္ ေယာက်္ားေတြက အေၾကာင္းအရာတစ္ခုကိုပဲ အာရုံစိုက္တတ္ေလ့ရွိၾကၿပီး မိန္းမေတြလို အခ်ိန္ျပည့္ အားလံုးကို အေသးစိတ္ အာရုံမစိုက္ၾကဘူး။ ဒါေပမယ့္ သူက သင္နဲ႔ ခုေလးတင္ေျပာထားတဲ့ စကားေတြ၊ အေၾကာင္းအရာေတြကို သူဘာႀကီးပဲလုပ္ေနေန အခ်ိန္မေရြး ျပန္သတိရ ျပန္ေတြးႏိုင္တယ္။ ဥပမာ သင့္အလုပ္မွာ အဆင္မေျပတာကို ညက သူ႔ကို ေျပာျပၿပီး ရင္ဖြင့္ထားတယ္ေပါ့၊ သူက ေနာက္ႏွစ္ရက္ေလာက္ေနေတာ့ စကားလည္းအဆက္အစပ္မရွိဘဲ သင္အလုပ္မွာ အဆင္ေျပသြားၿပီလား အဲဒီကိစၥ ဘယ္လိုျဖစ္သြားလဲ စသျဖင့္ သတင္းေမးတတ္တာမ်ိဳးေလးေတြ လုပ္တတ္တယ္။

(၅) သူက လက္ရုံးရည္တင္မက ႏွလံုးရည္နဲ႔ ျပည့္စံုေသးတယ္

ေယာက်္ားအမ်ားစုုက အလုပ္ကိစၥ၊ လူမႈေရး၊ စီးပြားေရး ေတြမွာ အရည္အခ်င္း ရွိတယ္၊ ေတာ္တယ္၊ အကြက္ျမင္တယ္၊ ဒါေပမယ့္ သူတို႔အားလံုး မိသားစုအေရး၊ ဆက္ဆံေရးေတြမွာ ေတြးတတ္ေခၚတတ္ၿပီး သူ႔ဖက္ကိုယ့္ဖက္ ႏွစ္ဖက္ျမင္တတ္ၾကတယ္ ရယ္လို႔ေတာ့ မဟုတ္ဘူး။ သူက တျခားသူေတြအတြက္ ဒီလိုအပိုင္းေတြမွာ ေတြးေပး၊ စဥ္းစားေပးတာမ်ိဳး မရွိေပမယ့္ သင့္အတြက္ဆိုရင္ ဒီလိုအပိုင္းေတြမွာ သူကႀကိဳးစားပမ္းစား နားလည္ေပးရွာတယ္။

(၆) သင့္ကို ေပ်ာ္ေအာင္ ဘယ္လိုလုပ္ရမလဲ သိတယ္

သင္မ်က္ႏွာမေကာင္းတာ၊ စိတ္ရႈပ္ေနတာမ်ိဳး သူျမင္ရတာနဲ႔ သင့္ေရွ႕မွာ လာၿပီး မ်က္ႏွာေျပာင္ျပမယ္၊ ကိတ္မုန္႔ေလး တစ္တံုးဝယ္ၿပီး လာေကၽြးမယ္၊ အေအးလာတိုက္မယ္ စသျဖင့္ သင္ေပ်ာ္သြားေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာ သူသိတယ္။

(၇) အိမ္အလုပ္ေတြ ၾကံဳရင္ၾကံဳသလို ကူလုပ္ေပးေသးတယ္

အိမ္ရွင္းတာ၊ အဝတ္ေလွ်ာ္တာ၊ လွန္းတာ၊ ပန္းကန္ေဆးတာေတြက သူနဲ႔ သိပ္မဆိုင္သလိုသာ ေနခ်င္ေနလိမ့္မယ္။ သင္အလုပ္မ်ားတာ၊ သင္ပင္ပန္းေနတာ သူျမင္တယ္ဆိုရင္ သူ႔ဘာသာ ထလုပ္တတ္တယ္။ သင္သာ အကူအညီေတာင္းရင္ သူက လုပ္ေပးဖို႔ အသင့္ပါပဲ။ ေပ်ာ္ေတာင္ေပ်ာ္ေနေသးတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးၿပီး အတူတကြ တုိင္တိုင္ပင္ပင္နဲ႔ တစ္ေယာက္ကို တစ္ေယာက္ဦးစားေပးတယ္၊ နားလည္မႈရွိတယ္ဆိုရင္ေတာ့ အလွပဆံုး၊ အသာယာဆံုး အ္ိမ္ေထာင္တစ္ခုကို တည္ေဆာက္ႏိုင္မွာ ေသခ်ာပါတယ္။
Credit : duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

ဘယ်သူမှတော့ ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ချစ်မိပြီဆိုရင် အပြစ်မမြင်ပါဘူး၊ ချစ်ချင်တာပဲသိတဲ့နောက် ဆိုသလိုပေါ့။ သူ့အပြစ်တွေ၊ တစ်ချို့ အကျင့်လေးတွေကို နားလည်နေနိုင်ပြီ၊ လက်ခံပေးထားပြီ။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဒီအကျင့်လေးတွေကို လက်ခံတာ လက်ခံလို့ရတယ်၊ သူက ငါ့ကြင်ယာဖက်ဖြစ်ကော ဖြစ်နိုင်ပါ့မလားလို့ တွေးမိတတ်ကြပါတယ်။ သမီးရည်းစား၊ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ကောင်း၊ ခင်ပွန်းလောင်းတွေမှာ  ဒီလိုအရည်အချင်းလေးတွေ မလွဲမသွေရှိတတ်ကြပါတယ်။


(၁) ဘာလာလာ အေးဆေးပဲ

သူက ဘယ်လိုအခက်အခဲမျိုးမဆို ကျော်လွှားနိုင်သူဖြစ်တယ်။ ပြဿနာတစ်ခုခုကြုံတိုင်း၊ အရေးပေါ်လိုအပ်တိုင်း ဖြေရှင်းဖို့ အသင့်ရှိနေသူတစ်ဦးဖြစ်တယ်။ တကယ့် ယောကျ်ားစစ်တစ်ယောက်က စကားလုံးလှလှလေးတွေပဲ ပြောပြီး တကယ့်ဆုံးဖြတ်ချက်ချသင့်တဲ့အရာတွေမှာ တုံ့နှေးမနေတတ်ပါဘူး။ ဘယ်လောက်ပဲ အကြပ်အတည်းကြားကို ရောက်နေပါစေ၊ သူက သင့်အတွက်ဆို မားမားမတ်မတ်ရပ်တည်ပေးမယ့် သူအဖြစ်ရှိနေသူတစ်ယောက်ပါ။

(၂) ထမင်း၊ ဟင်း ချက်တတ်တယ်

၂၁ ရာစုခေတ်အမျိုးသမီးတွေက ထမင်း၊ ဟင်းချက်တတ်တဲ့ယောကျ်ားတွေကို သဘောကျပါတယ်။ မီးဖိုချောင်ထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ စားစရာတစ်ခုခုဖြစ်အောင် ဖန်တီးချက်ပြုတ်ပြင်ဆင်ပြီး စားတတ်တဲ့ ယောကျ်ားတွေက ဆွဲဆောင်မှုအလွန်ရှိနေသလိုပါပဲ။ အရမ်းကြီး ထူးခြားဆန်းပြားတဲ့ အစားအသောက်ဖြစ်စရာမလိုပါဘူး။ ဗိုက်ဖြည့်ဖို့ တစ်ခုခုကို ပြင်ဆင်ပြီး ပန်းကန်ထဲ သပ်သပ်ရပ်ရပ် ခူးခပ်စားတတ်ရင်ပဲ အတော်ကို ဟုတ်နေပါပြီ။

(၃) သင့်ဘက်မှာ ရှိတယ်

သင် လုပ်တာက အလွဲကြီးဖြစ်နေရင်တောင် သူများက ဒါအလွဲကြီးဆိုပြီး ပြောတာကို ခံမယ့်သူမဟုတ်ပါဘူး။ နှစ်ယောက်တည်းကျမှ သူက ဆူချင်ဆူပါလိမ့်မယ်၊ ဒါပေမယ့် သင့်ဘက်ကနေပဲ ရပ်တည်ပြီး ခိုင်ခန့်စွာ ထောက်ခံပေးဦးမယ့်သူပါ။

(၄) ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ထွက်မသွားဘူး

များသောအားဖြင့် ယောကျ်ားတွေက အကြောင်းအရာတစ်ခုကိုပဲ အာရုံစိုက်တတ်လေ့ရှိကြပြီး မိန်းမတွေလို အချိန်ပြည့် အားလုံးကို အသေးစိတ် အာရုံမစိုက်ကြဘူး။ ဒါပေမယ့် သူက သင်နဲ့ ခုလေးတင်ပြောထားတဲ့ စကားတွေ၊ အကြောင်းအရာတွေကို သူဘာကြီးပဲလုပ်နေနေ အချိန်မရွေး ပြန်သတိရ ပြန်တွေးနိုင်တယ်။ ဥပမာ သင့်အလုပ်မှာ အဆင်မပြေတာကို ညက သူ့ကို ပြောပြပြီး ရင်ဖွင့်ထားတယ်ပေါ့၊ သူက နောက်နှစ်ရက်လောက်နေတော့ စကားလည်းအဆက်အစပ်မရှိဘဲ သင်အလုပ်မှာ အဆင်ပြေသွားပြီလား အဲဒီကိစ္စ ဘယ်လိုဖြစ်သွားလဲ စသဖြင့် သတင်းမေးတတ်တာမျိုးလေးတွေ လုပ်တတ်တယ်။

(၅) သူက လက်ရုံးရည်တင်မက နှလုံးရည်နဲ့ ပြည့်စုံသေးတယ်

ယောကျ်ားအများစုုက အလုပ်ကိစ္စ၊ လူမှုရေး၊ စီးပွားရေး တွေမှာ အရည်အချင်း ရှိတယ်၊ တော်တယ်၊ အကွက်မြင်တယ်၊ ဒါပေမယ့် သူတို့အားလုံး မိသားစုအရေး၊ ဆက်ဆံရေးတွေမှာ တွေးတတ်ခေါ်တတ်ပြီး သူ့ဖက်ကိုယ့်ဖက် နှစ်ဖက်မြင်တတ်ကြတယ် ရယ်လို့တော့ မဟုတ်ဘူး။ သူက တခြားသူတွေအတွက် ဒီလိုအပိုင်းတွေမှာ တွေးပေး၊ စဉ်းစားပေးတာမျိုး မရှိပေမယ့် သင့်အတွက်ဆိုရင် ဒီလိုအပိုင်းတွေမှာ သူကကြိုးစားပမ်းစား နားလည်ပေးရှာတယ်။

(၆) သင့်ကို ပျော်အောင် ဘယ်လိုလုပ်ရမလဲ သိတယ်

သင်မျက်နှာမကောင်းတာ၊ စိတ်ရှုပ်နေတာမျိုး သူမြင်ရတာနဲ့ သင့်ရှေ့မှာ လာပြီး မျက်နှာပြောင်ပြမယ်၊ ကိတ်မုန့်လေး တစ်တုံးဝယ်ပြီး လာကျွေးမယ်၊ အအေးလာတိုက်မယ် စသဖြင့် သင်ပျော်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူသိတယ်။

(၇) အိမ်အလုပ်တွေ ကြုံရင်ကြုံသလို ကူလုပ်ပေးသေးတယ်

အိမ်ရှင်းတာ၊ အဝတ်လျှော်တာ၊ လှန်းတာ၊ ပန်းကန်ဆေးတာတွေက သူနဲ့ သိပ်မဆိုင်သလိုသာ နေချင်နေလိမ့်မယ်။ သင်အလုပ်များတာ၊ သင်ပင်ပန်းနေတာ သူမြင်တယ်ဆိုရင် သူ့ဘာသာ ထလုပ်တတ်တယ်။ သင်သာ အကူအညီတောင်းရင် သူက လုပ်ပေးဖို့ အသင့်ပါပဲ။ ပျော်တောင်ပျော်နေသေးတယ်။

တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး အတူတကွ တိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကို တစ်ယောက်ဦးစားပေးတယ်၊ နားလည်မှုရှိတယ်ဆိုရင်တော့ အလှပဆုံး၊ အသာယာဆုံး အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်မှာ သေချာပါတယ်။
Credit : duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top