iMyanmarHouse.com - Best Property Website for Myanmar
×

သင္ထင္ေနသလို အမ်ိဳးသမီးတစ္ဦးအတြက္ ရင္သားအရြယ္အစားက အေရးအၾကီးဆံုးဆိုတာ တကယ္ေတာ့ မဟုတ္ပါဘူး။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႕ရင္သားေတြ ေသးေနရင္ အဲ့ဒါအတြက္စိတ္ထဲ မလံုမလဲျဖစ္ၾကသလို စိတ္ညစ္စိတ္ပ်က္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ့္အတြက္ကိုယ္ ပိုၾကည့္ေကာင္းခ်င္လုိ႕ ရင္သားကိုျပင္ခ်င္တာမ်ိဳးေတြ ဘာေတြရွိေပမယ့္ တစ္ခ်ိဳ ႕အမ်ိဳးသမီးေတြက်ေတာ့လည္း ပုရိသေတြအတြက္ ပိုဆြဲေဆာင္မႈရွိေစဖုိ႕ ျပင္ခ်င္ၾကတာမ်ိဳးပါ။ ပုရိသေတြပိုမိုစြဲမက္ေစဖုိ႕ ရင္သားျပဳျပင္မယ္ဆုိျပီး ဆံုးျဖတ္ထားသူေတြအတြက္ ေျပာျပခ်င္တာကေတာ့ အမ်ိဳးသားေတြ အေနနဲ႕ ရင္သားေသးတာ၊ ၾကီးတာထက္ ပိုအာရံုစိုက္ေလ့ရွိတဲ့ အရာ (၇) မ်ိဳး ရွိတယ္ဆုိတာပါပဲ။ အဲ့ဒါေတြကေတာ့

၁။  သူမရဲ႕တင္ပါး
ဒီအခ်က္မွာတစ္ခု ထည့္ေျပာခ်င္တာက ေကာင္ေလးေတြက သင္တုိ႕ထင္သလို မိန္းကေလးေတြရဲ႕ ရင္သားၾကီးမွ သေဘာက်တယ္ဆုိတာ ျဖစ္ႏိုင္ေပမယ့္ အမ်ိဳးသားေတြကေတာ့ အဲ့ဒီလို မဟုတ္ေတာ့ပါဘူး။ သူတုိ႕ဟာ တင္ပါးၾကီးတဲ့ အမ်ိဳးသမီးေတြကိုသာ ပုိဆြဲေဆာင္မႈရွိတယ္လို႕ ထင္တတ္ၾကပါတယ္။ Kardashian မိသားစုရဲ႕ လ်ွိဳ႕၀ွက္ခ်က္မွာလညး္ တင္ၾကီးတဲ့အတြက္ ပုရိသေတြ စြဲမက္ရျခင္းျဖစ္တယ္လို႕ စစ္တမ္းအရ သိျပီးပါျပီ။

၂။ ဟာသဥာဏ္ရွိျခင္း
နံပါတ္ (၁)မွာ ေဖာ္ျပခဲ့တဲ့ တင္ၾကီးျခင္းနဲ႕ ဒုတိယအခ်က္ ဟာသဥာဏ္ရွိျခင္းက ဆက္စပ္မႈရွိသလားလုိ႕ ေမးရင္ရွိတယ္လို႕ ေျပာရပါလိမ့္မယ္။ ဘာလို႕လဲဆုိေတာ့ ဟာသဥာဏ္ရႊင္ျပီး ရယ္စရာေျပာတတ္တဲ့ အမ်ိဳးသမီးေတြက တကယ္ကို hot ျဖစ္လုိ႕ပါ။ ဒီအရာက သင့္ကို စိတ္လႈပ္ရွားေစသလို စိန္ေခၚမႈတစ္ရပ္ လည္း ျဖစ္ပါတယ္။ ေသခ်ာတာ ကေတာ့ သူမနဲ႕ အတူရွိခ်င္စိတ္ သင့္ဆီမွာ ရွိကုိရွိမွာပါပဲ။ တစ္ခုပဲ စဥ္းစားၾကည့္ Road trip လုိခရီးရွည္ၾကီးတစ္ခုကို ကားေမာင္းျပီး သြားရမယ္။ သင္နဲ႕အတူ အမ်ိဳးသမီးတစ္ဦးကို ေခၚသြားရမယ္ဆုိရင္ ရင္သားၾကီးၾကီး အမ်ိဳးသမီးတစ္ေယာက္ကို ေခၚမလား၊ ဟာသဥာဏ္ရွိျပီး ရယ္ေမာစရာေတြေျပာတတ္တဲ့ ခႏၶာကိုယ္အခ်ိဳးအစား သာမာန္တစ္ေယာက္ကိုပဲ ေရြးမလား။

၃။ သူမ တီဗီမွာဘာေတြၾကည့္တယ္သလဲဆုိတာေပၚ မူတည္ျခင္း
တကယ္လို႕မ်ား သင္ဟာ ရင္သားၾကီးတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႕ဆံုမယ္။ သူက အရည္မရ အဖတ္မရ reality show ေတြ ၾကည့္တယ္။ ေနာက္တစ္ေယာက္ကေတာ့ ရင္သားမၾကီးပဲ သာမာန္အရြယ္ေလာက္ပဲရွိတယ္။ သူၾကည့္တာက တကယ္ကို စိတ္၀င္စားဖုိ႕ေကာင္းတဲ့ Orphan Black လို Fargoလုိ ဟာမ်ိဳးေတြ ၾကည့္ေနမယ္ဆုိရင္ သင္ဟာ ဒုတိယတစ္ေယာက္နဲ႕ ပိုအခ်ိန္ျဖဳန္းခ်င္မိမွာ အမွန္ပါပဲ။ ဒီေတာ့ အမ်ိဳးသမီးေတြ စိတ္၀င္တစားၾကည့္တတ္တဲ့ တီဗီအစီအစဥ္၊ အေခြ စတာေတြကလည္း အမ်ိဳးသားေတြအတြက္ ထည့္တြက္ေလ့ရွိတာေတြေပါ့။

၄။ သူမရဲ႕စတုိင္လ္
အမ်ိဳးသားေတြဟာ ဖက္ရွင္အရမ္းမက်ရင္ေနပါေစ၊ အ၀တ္အစားပိုင္းကို အျမင္ရွိျပီး ေသခ်ာေလး ဂရုတစိုက္ ၀တ္တတ္သူကုိ ေတာ့ သေဘာက်ၾကတာခ်ည္းပါပဲ။ သူ ၀တ္တဲ့ အ၀တ္အစားကိုၾကည့္ျပီးေတာ့လည္း ဒီအမ်ိဳးသမီးဟာ ဘယ္လိုမ်ိဳးေတာ့ ျဖစ္လိမ့္မယ္ဆုိျပီး သူတုိ႕စိတ္ထဲ ေကာက္ခ်က္ခ်ထားတတ္ပါတယ္။ အမ်ိဳးသားအမ်ားစုဟာ က်န္းမာေရးေကာင္းျပီး ေအးေဆးျဖစ္မယ့္ အမ်ိဳးသမီးေတြကို ရွာေဖြတတ္ပါတယ္။ ဒါက ဘာကိုဆုိလိုသလဲဆုိရင္ သူတုိ႕ဟာ သူတုိ႕ပိုင္ဆုိင္ထားတဲ့အရာေပၚ မူတည္ျပီး ေအးေဆးပဲလား၊ လိုခ်င္တက္မက္မႈေတြ အရမ္းမ်ားေနသလားဆုိတာကို ထည့္ေတြးၾကပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက အ၀တ္အစားနဲ႕ပတ္သက္ျပီး၊ ေနာက္ သူတုိ႕အသားအေရ၊ ဆံပင္စတာေတြနဲ႕ပတ္သက္လာရင္ မလံုမျခံဳခံစားေနတတ္ၾကလို႕ပါ။

၅။ ဆံပင္
ဒီအခ်က္ကိုေတာ့ အူေၾကာင္ေၾကာင္ႏိုင္တယ္လို႕ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ကလည္း အေရးပါတဲ့ အခ်က္ပါပဲ။ အမ်ိဳးသားေတြမ်ာ သူတုိ႕သေဘာက်တဲ့ ဆံပင္အရွည္၊ ဆံပင္ပံုစံဆုိျပီး ရွိေနတတ္ၾကပါတယ္။ ဥပမာေျပာရရင္ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြကို ခ်ဥ္းကပ္ေတာ့မယ္ဆုိ သူမရဲ႕ ရင္သားအရြယ္အစားေလးက ေသးေနလုိ႕ ငါသူ႕ကို မလိုက္ေတာ့ဘူးဆိုတာ မရွိသေလာက္ ရွားပါတယ္။ ဒါေပမယ့္ အဲ့ဒီအမ်ိဳးသမီးရဲ႕ ဆံပင္ပံုစံၾကီးက ဘယ္လိုလဲ၊ သေဘာမက်ဘူးဆုိျပီး မခ်ဥ္းကပ္ေတာ့တဲ့ အမ်ိဳးသားေတြကေတာ့ အမ်ားၾကီးပါပဲ။ လူတိုင္းမွာ အၾကိဳက္ေတြ မတူညီတာ မွန္ပါတယ္။ တစ္ခ်ိဳ႕က ဆံပင္ဂုတ္၀ဲဆုိၾကိဳက္တယ္။ တစ္ခ်ိဳ႕က ကိုယ့္ခ်စ္သူက ဆံပင္ရွည္ေလးနဲ႕မွ၊ တစ္ခ်ိဳ႕က်ေတာ့လည္း ေခတ္ဆန္ဆန္ေနလည္းရတယ္ ဆုိတဲ့ အၾကိဳက္ အမ်ိဳးမ်ိဳးပါ။ ဒါေပမယ့္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဆံပင္ပံုစံဟာ အမ်ိဳးသားတစ္ေယာက္ သူမကို ခ်ဥ္းကပ္ရာမွာေတာ့ အေရးပါေနဆဲပါပဲ။

၆။ သူမရဲ႕အသံ
အမ်ိဳးသားတစ္ဦးက တစ္ဘက္လွည့္ေနမယ္၊ ဒါေပမယ့္ အမ်ိဳးသမီးရဲ႕အသံကို ၾကားၾကားခ်င္းခ်က္ခ်င္း ဆုိသလို အဲ့ဒီအမ်ိဳးသမီး ကို ဖ်တ္ခနဲၾကည့္မိသြားပါလိမ့္မယ္။ သူသေဘာက်တဲ့ အသံမ်ိဳးဆုိရင္ ပိုလို႕ေတာင္ အခ်ိန္အၾကာၾကီး ေငးေနႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားတစ္ေယာက္နဲ႕ အမ်ိဳးသမီးတစ္ေယာက္ အခ်ိန္အၾကာၾကီး စကားေတြေျပာတဲ့အခါ အဲ့ဒီအမ်ိဳးသမီးရဲ႕စကားသံကို နားမေထာင္ႏိုင္ပဲ စိတ္ထဲ ငါ့နားေတြေတာ့ ေသြးေတာင္ထြက္ေတာ့မယ္ထင္တယ္လို႕ အဲ့ဒီအမ်ိဳးသားက ေတြးေနရင္ သူဟာ  သူမရဲ႕ ရင္သားေသးတာၾကီးတာကလည္း စိတ္ထဲထည့္ေတြးမွာကို မဟုတ္ေတာ့ပါဘူး။

၇။ အမ်ိဳးသမီးေတြ သူတုိ႕ကို ဘယ္လိုသံုးသပ္သလဲဆုိတာ
အမ်ိဳးသားေတြက အမ်ိဳးသမီးေတြရဲ႕ ရင္သားထက္ ေနာက္ထပ္ျမတ္ႏိုးသေဘာက်တာ ဘာလဲသိပါသလား။ အမ်ိဳးသားေတြဟာ သူတုိ႕ရုပ္ရည္၊ အရပ္အေမာင္း၊ စိတ္ေနစိတ္ထား စတာေတြကို သေဘာက်တဲ့သူကိုပဲ သူတုိ႕ပိုစြဲလန္းပါတယ္။ သူ႕ဆံပင္ပါးခ်င္ပါးလိမ့္မယ္၊ သူ႕မ်က္ႏွာဟာ ေယာက်ၤားဆန္ျပီး ေခ်ာခ်င္မွ ေခ်ာမယ္၊ ဒါေပမယ့္ အဲ့ဒီအမ်ိဳးသမီးဟာ သူတုိ႕ရဲ႕ခ်ိဳဳ႔ယြင္းခ်က္ေတြကို မၾကည့္ပဲ အခြင့္အေရးတစ္ခုကို ေပးလာခဲ့မယ္ဆိုရင္ အဲ့ဒီအမ်ိဳးသမီးအေပၚ သူတုိ႕စြဲလန္းသေဘာက်စိတ္က ဘယ္လိုမွ တားလို႕မရေတာ့ပါဘူး။

Credit : trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်ထင်နေသလို အမျိုးသမီးတစ်ဦးအတွက် ရင်သားအရွယ်အစားက အရေးအကြီးဆုံးဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများဟာ သူတို့ရင်သားတွေ သေးနေရင် အဲ့ဒါအတွက်စိတ်ထဲ မလုံမလဲဖြစ်ကြသလို စိတ်ညစ်စိတ်ပျက်တတ်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ့်အတွက်ကိုယ် ပိုကြည့်ကောင်းချင်လို့ ရင်သားကိုပြင်ချင်တာမျိုးတွေ ဘာတွေရှိပေမယ့် တစ်ချို့အမျိုးသမီးတွေကျတော့လည်း ပုရိသတွေအတွက် ပိုဆွဲဆောင်မှုရှိစေဖို့ ပြင်ချင်ကြတာမျိုးပါ။ ပုရိသတွေပိုမိုစွဲမက်စေဖို့ ရင်သားပြုပြင်မယ်ဆိုပြီး ဆုံးဖြတ်ထားသူတွေအတွက် ပြောပြချင်တာကတော့ အမျိုးသားတွေ အနေနဲ့ ရင်သားသေးတာ၊ ကြီးတာထက် ပိုအာရုံစိုက်လေ့ရှိတဲ့ အရာ (၇) မျိုး ရှိတယ်ဆိုတာပါပဲ။ အဲ့ဒါတွေကတော့

၁။  သူမရဲ့တင်ပါး
ဒီအချက်မှာတစ်ခု ထည့်ပြောချင်တာက ကောင်လေးတွေက သင်တို့ထင်သလို မိန်းကလေးတွေရဲ့ ရင်သားကြီးမှ သဘောကျတယ်ဆိုတာ ဖြစ်နိုင်ပေမယ့် အမျိုးသားတွေကတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ သူတို့ဟာ တင်ပါးကြီးတဲ့ အမျိုးသမီးတွေကိုသာ ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။ Kardashian မိသားစုရဲ့ လျှို့ဝှက်ချက်မှာလည်း တင်ကြီးတဲ့အတွက် ပုရိသတွေ စွဲမက်ရခြင်းဖြစ်တယ်လို့ စစ်တမ်းအရ သိပြီးပါပြီ။

၂။ ဟာသဉာဏ်ရှိခြင်း
နံပါတ် (၁)မှာ ဖော်ပြခဲ့တဲ့ တင်ကြီးခြင်းနဲ့ ဒုတိယအချက် ဟာသဉာဏ်ရှိခြင်းက ဆက်စပ်မှုရှိသလားလို့ မေးရင်ရှိတယ်လို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဟာသဉာဏ်ရွှင်ပြီး ရယ်စရာပြောတတ်တဲ့ အမျိုးသမီးတွေက တကယ်ကို hot ဖြစ်လို့ပါ။ ဒီအရာက သင့်ကို စိတ်လှုပ်ရှားစေသလို စိန်ခေါ်မှုတစ်ရပ် လည်း ဖြစ်ပါတယ်။ သေချာတာ ကတော့ သူမနဲ့ အတူရှိချင်စိတ် သင့်ဆီမှာ ရှိကိုရှိမှာပါပဲ။ တစ်ခုပဲ စဉ်းစားကြည့် Road trip လိုခရီးရှည်ကြီးတစ်ခုကို ကားမောင်းပြီး သွားရမယ်။ သင်နဲ့အတူ အမျိုးသမီးတစ်ဦးကို ခေါ်သွားရမယ်ဆိုရင် ရင်သားကြီးကြီး အမျိုးသမီးတစ်ယောက်ကို ခေါ်မလား၊ ဟာသဉာဏ်ရှိပြီး ရယ်မောစရာတွေပြောတတ်တဲ့ ခန္ဓာကိုယ်အချိုးအစား သာမာန်တစ်ယောက်ကိုပဲ ရွေးမလား။

၃။ သူမ တီဗီမှာဘာတွေကြည့်တယ်သလဲဆိုတာပေါ် မူတည်ခြင်း
တကယ်လို့များ သင်ဟာ ရင်သားကြီးတဲ့ အမျိုးသမီးတစ်ဦးနဲ့ဆုံမယ်။ သူက အရည်မရ အဖတ်မရ reality show တွေ ကြည့်တယ်။ နောက်တစ်ယောက်ကတော့ ရင်သားမကြီးပဲ သာမာန်အရွယ်လောက်ပဲရှိတယ်။ သူကြည့်တာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Orphan Black လို Fargoလို ဟာမျိုးတွေ ကြည့်နေမယ်ဆိုရင် သင်ဟာ ဒုတိယတစ်ယောက်နဲ့ ပိုအချိန်ဖြုန်းချင်မိမှာ အမှန်ပါပဲ။ ဒီတော့ အမျိုးသမီးတွေ စိတ်ဝင်တစားကြည့်တတ်တဲ့ တီဗီအစီအစဉ်၊ အခွေ စတာတွေကလည်း အမျိုးသားတွေအတွက် ထည့်တွက်လေ့ရှိတာတွေပေါ့။

၄။ သူမရဲ့စတိုင်လ်
အမျိုးသားတွေဟာ ဖက်ရှင်အရမ်းမကျရင်နေပါစေ၊ အဝတ်အစားပိုင်းကို အမြင်ရှိပြီး သေချာလေး ဂရုတစိုက် ဝတ်တတ်သူကို တော့ သဘောကျကြတာချည်းပါပဲ။ သူ ဝတ်တဲ့ အဝတ်အစားကိုကြည့်ပြီးတော့လည်း ဒီအမျိုးသမီးဟာ ဘယ်လိုမျိုးတော့ ဖြစ်လိမ့်မယ်ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတတ်ပါတယ်။ အမျိုးသားအများစုဟာ ကျန်းမာရေးကောင်းပြီး အေးဆေးဖြစ်မယ့် အမျိုးသမီးတွေကို ရှာဖွေတတ်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုရင် သူတို့ဟာ သူတို့ပိုင်ဆိုင်ထားတဲ့အရာပေါ် မူတည်ပြီး အေးဆေးပဲလား၊ လိုချင်တက်မက်မှုတွေ အရမ်းများနေသလားဆိုတာကို ထည့်တွေးကြပါတယ်။ တစ်ချို့အမျိုးသမီးတွေက အဝတ်အစားနဲ့ပတ်သက်ပြီး၊ နောက် သူတို့အသားအရေ၊ ဆံပင်စတာတွေနဲ့ပတ်သက်လာရင် မလုံမခြုံခံစားနေတတ်ကြလို့ပါ။

၅။ ဆံပင်
ဒီအချက်ကိုတော့ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကလည်း အရေးပါတဲ့ အချက်ပါပဲ။ အမျိုးသားတွေမျာ သူတို့သဘောကျတဲ့ ဆံပင်အရှည်၊ ဆံပင်ပုံစံဆိုပြီး ရှိနေတတ်ကြပါတယ်။ ဥပမာပြောရရင် အမျိုးသားတွေဟာ အမျိုးသမီးတွေကို ချဉ်းကပ်တော့မယ်ဆို သူမရဲ့ ရင်သားအရွယ်အစားလေးက သေးနေလို့ ငါသူ့ကို မလိုက်တော့ဘူးဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးရဲ့ ဆံပင်ပုံစံကြီးက ဘယ်လိုလဲ၊ သဘောမကျဘူးဆိုပြီး မချဉ်းကပ်တော့တဲ့ အမျိုးသားတွေကတော့ အများကြီးပါပဲ။ လူတိုင်းမှာ အကြိုက်တွေ မတူညီတာ မှန်ပါတယ်။ တစ်ချို့က ဆံပင်ဂုတ်ဝဲဆိုကြိုက်တယ်။ တစ်ချို့က ကိုယ့်ချစ်သူက ဆံပင်ရှည်လေးနဲ့မှ၊ တစ်ချို့ကျတော့လည်း ခေတ်ဆန်ဆန်နေလည်းရတယ် ဆိုတဲ့ အကြိုက် အမျိုးမျိုးပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်ပုံစံဟာ အမျိုးသားတစ်ယောက် သူမကို ချဉ်းကပ်ရာမှာတော့ အရေးပါနေဆဲပါပဲ။

၆။ သူမရဲ့အသံ
အမျိုးသားတစ်ဦးက တစ်ဘက်လှည့်နေမယ်၊ ဒါပေမယ့် အမျိုးသမီးရဲ့အသံကို ကြားကြားချင်းချက်ချင်း ဆိုသလို အဲ့ဒီအမျိုးသမီး ကို ဖျတ်ခနဲကြည့်မိသွားပါလိမ့်မယ်။ သူသဘောကျတဲ့ အသံမျိုးဆိုရင် ပိုလို့တောင် အချိန်အကြာကြီး ငေးနေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အချိန်အကြာကြီး စကားတွေပြောတဲ့အခါ အဲ့ဒီအမျိုးသမီးရဲ့စကားသံကို နားမထောင်နိုင်ပဲ စိတ်ထဲ ငါ့နားတွေတော့ သွေးတောင်ထွက်တော့မယ်ထင်တယ်လို့ အဲ့ဒီအမျိုးသားက တွေးနေရင် သူဟာ  သူမရဲ့ ရင်သားသေးတာကြီးတာကလည်း စိတ်ထဲထည့်တွေးမှာကို မဟုတ်တော့ပါဘူး။

၇။ အမျိုးသမီးတွေ သူတို့ကို ဘယ်လိုသုံးသပ်သလဲဆိုတာ
အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ရင်သားထက် နောက်ထပ်မြတ်နိုးသဘောကျတာ ဘာလဲသိပါသလား။ အမျိုးသားတွေဟာ သူတို့ရုပ်ရည်၊ အရပ်အမောင်း၊ စိတ်နေစိတ်ထား စတာတွေကို သဘောကျတဲ့သူကိုပဲ သူတို့ပိုစွဲလန်းပါတယ်။ သူ့ဆံပင်ပါးချင်ပါးလိမ့်မယ်၊ သူ့မျက်နှာဟာ ယောကျၤားဆန်ပြီး ချောချင်မှ ချောမယ်၊ ဒါပေမယ့် အဲ့ဒီအမျိုးသမီးဟာ သူတို့ရဲ့ချိုု့ယွင်းချက်တွေကို မကြည့်ပဲ အခွင့်အရေးတစ်ခုကို ပေးလာခဲ့မယ်ဆိုရင် အဲ့ဒီအမျိုးသမီးအပေါ် သူတို့စွဲလန်းသဘောကျစိတ်က ဘယ်လိုမှ တားလို့မရတော့ပါဘူး။

Credit : trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top