iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလ အမ်ိဳးသားေတြဟာ ကိုယ့္ခ်စ္သူအေပၚ ၊ အမ်ိဳးသမီးသူငယ္ခ်င္းေတြအေပၚ၊ ဒါမွမဟုတ္ တစ္ခါမွ မသိ၊ မခင္ေသးတဲ့ အမ်ိဳးသမီးေတြအေပၚ ျပဳမူေျပာဆိုဆက္ဆံတာေတြက ရိုင္းစိုင္းတာေတြ ရွိပါတယ္။ သူုတို႔ဘက္က အဲ့ဒီ ေလာက္လည္း မဟုတ္ပါဘူးလို႔ ေတြးလိုက္တဲ့အရာေတြက အေျပာခံလုိက္ရတဲ့ အမ်ိဳးသမီးေတြ အေနနဲ႔ကေတာ့ ေတာ္ေတာ္ေလး ကသိကေအာက္ျဖစ္ေစတာပါ။

၁။ေတြ႕သမွ်အမ်ိဳးသမီးေတြကို အခ်စ္ကေလး၊ အသည္းကေလးလို႔ လိုက္ေခၚေနတာမ်ိဳး။

ကိုယ္က သူ႕ခ်စ္သူဆုိရင္ေတာ့ ဒါမ်ိဳးက ကိစၥမရွိပါဘူး။ အဲ့ဒီလိုမွ မဟုတ္ရင္ေတာ့ ကိုယ္နဲ႔လည္း ဘာမွမပတ္သက္ပဲ အခ်စ္ကေလး၊ အသည္းကေလးလုိ႔ ဘယ္သူက အေခၚခံခ်င္မွာလဲ။ စဥ္းစားၾကည့္ေပါ့။

၂။ကလပ္ထဲမွာ ကတဲ့အခါ ဟိုထိ၊ ဒီထိ၊ ဟိုကိုင္၊ ဒီကိုင္ လာလုပ္တာ။

သူငယ္ခ်င္းေတြလို ေပါင္းေနၾကေပမယ့္ ကလပ္ထဲလည္း ေရာက္ေရာ ဘာအထာမွ မထားေတာ့ပဲ ကိုယ့္ကိုဟိုထိဒီထိ လာလုပ္တာမ်ိဳးေပါ့။

၃။လမ္းေပၚကေန ညစ္တီးညစ္ပတ္ေတြ ေအာ္ဟစ္ေျပာဆိုသြားတာ။

ကိုယ္က ကားလမ္းေဘးမွာ လမ္းေလွ်ာက္ေနတုန္း ကားေမာင္းသြားတဲ့ ငနဲက ညစ္တီးညစ္ပတ္ စေနာက္တာမ်ိဳးဆိုရင္လည္း ဘယ္အမ်ိဳးသမီးက သည္းခံႏိုင္မွာလဲ။ စိတ္ကသိကေအာက္ အျဖစ္ရဆံုးတစ္ခုပါ။

၄။စိတ္တိုလုိ႔ တစ္ခုခုေျပာလိုက္မိတုိင္း ရာသီလာေနတာလားလို႔ ေမးတာ။

ကိုယ့္ခ်စ္သူမို႔လို႔ သည္းခံေပးေနရတာ မွန္ပါတယ္။ ဒါေပမယ့္ စိတ္တုိစရာေတြ႕လို႔ ေျပာဆိုလိုက္တုိင္း မင္း ရာသီလာေနတာလားလို႔ အေမးခံရတာေလာက္ ဘယ္သူက သည္းမခံႏိုင္ ျဖစ္စရာရွိေသးသလဲ။

၅။တစ္ေနရာသြားၿပီဆုိရင္ သူတုိ႔ရွိသမွ်ပစၥည္းေတြကို ကိုယ့္အိတ္ထဲ လာစုၿပံဳထိုးထည့္တတ္တာ။

ေယာက်ၤားေလးေတြဟာ အပိုပစၥည္းေတြ သယ္ရတာ သေဘာက်ေလ့မရွိပါဘူး။ လြတ္လြတ္လပ္လပ္ လက္ဗလာနဲ႔ကို အိမ္ကထြက္ခ်င္ၾကတာပါ။ အဲ့ဒီေတာ့ သူတုိ႔သယ္ရမယ့္ပစၥည္းအတုိအစေတြကို ကို္ယ့္ပိုက္ဆံအိတ္ထဲလာထိုးထည့္ ရံုမွတပါး အျခားဘာရွိေသးလို႔လဲ။

၆။စကားေျပာေနရင္ ျဖတ္ျဖတ္ေျပာတတ္တာ။

တစ္ခုခုကို ေျပာေနၿပီဆုိ ၿပီးေအာင္မေစာင့္ပဲ ေျပာခ်င္တာ၀င္ေျပာတတ္တာမ်ိဳးကလည္း တကယ္ကို မုန္းစရာေကာင္းတဲ့အျပဳအမူပါပဲ။

၇။တထီြထြီနဲ႔ တံေတြးေထြးတတ္တာ။

လူၾကားသူၾကားထဲမွာ ေဘးညာမၾကည့္ပဲ ထြီခနဲ တံေတြးေထြးတတ္တဲ့ေယာက်ၤားေတြကို ေမးခ်င္တာက  ဒါကိုရွက္စရာလို႔ မျမင္ဘူးလားဆိုတာပါပဲ။

၈။အေတြ႕အႀကံဳနည္းနည္းေလးမွ မရွိဘူးလားလို႔ ေမးတတ္တာ။

ဘယ္သူကမွေတာ့ ေမြးကတည္းက အေတြ႕အႀကံဳေကာင္းေတြနဲ႔အတူ ေမြးဖြားမလာတတ္ပါဘူး။ အလုပ္ထဲမွာ ႏွိမ္ခ်ဆက္ဆံျခင္းဟာ အမ်ိဳးသားေတြအေနနဲ႔ မလုပ္သင့္တဲ့အရာပါပဲ။

၉။တစ္ခုခု ေ၀ဖန္လိုက္တာနဲ႔ မိန္းမ၀ါဒီသမားလို႔ သတ္မွတ္တာ။

တစ္ခါတစ္ေလ ကိုယ္က ေယာက်ၤားေတြဟာ ဒီလိုေလးေတာ့ ျဖစ္သင့္တယ္လို႔ နည္းနည္းေျပာလိုက္တာနဲ႔ မင္းက မိန္းမ၀ါဒီသမားသက္သက္ပဲဆုိၿပီး ေျပာဆိုတတ္တာကလည္း ၾကာရင္ အမ်ိဳးသမီးေတြအေနနဲ႔ သည္းခံႏိုင္ဖြယ္ရာ မရွိပါ ဘူး။

၁၀။ေဒါသထြက္ေနခ်ိန္မွာ ခ်စ္စရာေကာင္းလိုက္တာ ဆိုၿပီးရြဲ႕ေျပာတာ။

အမ်ိဳးသမီးေတြအေနနဲ႔ အတည္ေျပာဆိုခ်ိန္၊ ဟန္ေဆာင္စိတ္ေကာက္ေနခ်ိန္ဆိုၿပီး ရွိပါတယ္။ ဟန္ေဆာင္စိတ္ေကာက္ေနတဲ့အခ်ိန္မ်ိဳး ကိုယ့္ကိုလုိက္ျပန္ေခ်ာ့တာ၊ ခ်စ္စရာေကာင္းတယ္လို႔ ေျပာတာကိစၥမရွိေပမယ့္ တကယ့္ကို အေလးအနက္ထားၿပီး ေျပာဆိုေနတဲ့အခ်ိန္၊ ေဒါသထြက္ေနတ့ဲအခ်ိန္မ်ိဳးမွာ အဲ့ဒီလိုပံုက ခ်စ္စရာေကာင္းတယ္လို႔ စေနာက္တာကိုေတာ့ ဘယ္သူကမွ ပီတိမျဖစ္ႏိုင္ဘူးေလ။

Credit:cosmopolitan.com

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်လေ အမျိုးသားတွေဟာ ကိုယ့်ချစ်သူအပေါ် ၊ အမျိုးသမီးသူငယ်ချင်းတွေအပေါ်၊ ဒါမှမဟုတ် တစ်ခါမှ မသိ၊ မခင်သေးတဲ့ အမျိုးသမီးတွေအပေါ် ပြုမူပြောဆိုဆက်ဆံတာတွေက ရိုင်းစိုင်းတာတွေ ရှိပါတယ်။ သူုတို့ဘက်က အဲ့ဒီ လောက်လည်း မဟုတ်ပါဘူးလို့ တွေးလိုက်တဲ့အရာတွေက အပြောခံလိုက်ရတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ တော်တော်လေး ကသိကအောက်ဖြစ်စေတာပါ။

၁။တွေ့သမျှအမျိုးသမီးတွေကို အချစ်ကလေး၊ အသည်းကလေးလို့ လိုက်ခေါ်နေတာမျိုး။

ကိုယ်က သူ့ချစ်သူဆိုရင်တော့ ဒါမျိုးက ကိစ္စမရှိပါဘူး။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ကိုယ်နဲ့လည်း ဘာမှမပတ်သက်ပဲ အချစ်ကလေး၊ အသည်းကလေးလို့ ဘယ်သူက အခေါ်ခံချင်မှာလဲ။ စဉ်းစားကြည့်ပေါ့။

၂။ကလပ်ထဲမှာ ကတဲ့အခါ ဟိုထိ၊ ဒီထိ၊ ဟိုကိုင်၊ ဒီကိုင် လာလုပ်တာ။

သူငယ်ချင်းတွေလို ပေါင်းနေကြပေမယ့် ကလပ်ထဲလည်း ရောက်ရော ဘာအထာမှ မထားတော့ပဲ ကိုယ့်ကိုဟိုထိဒီထိ လာလုပ်တာမျိုးပေါ့။

၃။လမ်းပေါ်ကနေ ညစ်တီးညစ်ပတ်တွေ အော်ဟစ်ပြောဆိုသွားတာ။

ကိုယ်က ကားလမ်းဘေးမှာ လမ်းလျှောက်နေတုန်း ကားမောင်းသွားတဲ့ ငနဲက ညစ်တီးညစ်ပတ် စနောက်တာမျိုးဆိုရင်လည်း ဘယ်အမျိုးသမီးက သည်းခံနိုင်မှာလဲ။ စိတ်ကသိကအောက် အဖြစ်ရဆုံးတစ်ခုပါ။

၄။စိတ်တိုလို့ တစ်ခုခုပြောလိုက်မိတိုင်း ရာသီလာနေတာလားလို့ မေးတာ။

ကိုယ့်ချစ်သူမို့လို့ သည်းခံပေးနေရတာ မှန်ပါတယ်။ ဒါပေမယ့် စိတ်တိုစရာတွေ့လို့ ပြောဆိုလိုက်တိုင်း မင်း ရာသီလာနေတာလားလို့ အမေးခံရတာလောက် ဘယ်သူက သည်းမခံနိုင် ဖြစ်စရာရှိသေးသလဲ။

၅။တစ်နေရာသွားပြီဆိုရင် သူတို့ရှိသမျှပစ္စည်းတွေကို ကိုယ့်အိတ်ထဲ လာစုပြုံထိုးထည့်တတ်တာ။

ယောကျၤားလေးတွေဟာ အပိုပစ္စည်းတွေ သယ်ရတာ သဘောကျလေ့မရှိပါဘူး။ လွတ်လွတ်လပ်လပ် လက်ဗလာနဲ့ကို အိမ်ကထွက်ချင်ကြတာပါ။ အဲ့ဒီတော့ သူတို့သယ်ရမယ့်ပစ္စည်းအတိုအစတွေကို ကိုယ့်ပိုက်ဆံအိတ်ထဲလာထိုးထည့် ရုံမှတပါး အခြားဘာရှိသေးလို့လဲ။

၆။စကားပြောနေရင် ဖြတ်ဖြတ်ပြောတတ်တာ။

တစ်ခုခုကို ပြောနေပြီဆို ပြီးအောင်မစောင့်ပဲ ပြောချင်တာဝင်ပြောတတ်တာမျိုးကလည်း တကယ်ကို မုန်းစရာကောင်းတဲ့အပြုအမူပါပဲ။

၇။တထွီထွီနဲ့ တံတွေးထွေးတတ်တာ။

လူကြားသူကြားထဲမှာ ဘေးညာမကြည့်ပဲ ထွီခနဲ တံတွေးထွေးတတ်တဲ့ယောကျၤားတွေကို မေးချင်တာက  ဒါကိုရှက်စရာလို့ မမြင်ဘူးလားဆိုတာပါပဲ။

၈။အတွေ့အကြုံနည်းနည်းလေးမှ မရှိဘူးလားလို့ မေးတတ်တာ။

ဘယ်သူကမှတော့ မွေးကတည်းက အတွေ့အကြုံကောင်းတွေနဲ့အတူ မွေးဖွားမလာတတ်ပါဘူး။ အလုပ်ထဲမှာ နှိမ်ချဆက်ဆံခြင်းဟာ အမျိုးသားတွေအနေနဲ့ မလုပ်သင့်တဲ့အရာပါပဲ။

၉။တစ်ခုခု ဝေဖန်လိုက်တာနဲ့ မိန်းမဝါဒီသမားလို့ သတ်မှတ်တာ။

တစ်ခါတစ်လေ ကိုယ်က ယောကျၤားတွေဟာ ဒီလိုလေးတော့ ဖြစ်သင့်တယ်လို့ နည်းနည်းပြောလိုက်တာနဲ့ မင်းက မိန်းမဝါဒီသမားသက်သက်ပဲဆိုပြီး ပြောဆိုတတ်တာကလည်း ကြာရင် အမျိုးသမီးတွေအနေနဲ့ သည်းခံနိုင်ဖွယ်ရာ မရှိပါ ဘူး။

၁၀။ဒေါသထွက်နေချိန်မှာ ချစ်စရာကောင်းလိုက်တာ ဆိုပြီးရွဲ့ပြောတာ။

အမျိုးသမီးတွေအနေနဲ့ အတည်ပြောဆိုချိန်၊ ဟန်ဆောင်စိတ်ကောက်နေချိန်ဆိုပြီး ရှိပါတယ်။ ဟန်ဆောင်စိတ်ကောက်နေတဲ့အချိန်မျိုး ကိုယ့်ကိုလိုက်ပြန်ချော့တာ၊ ချစ်စရာကောင်းတယ်လို့ ပြောတာကိစ္စမရှိပေမယ့် တကယ့်ကို အလေးအနက်ထားပြီး ပြောဆိုနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်မျိုးမှာ အဲ့ဒီလိုပုံက ချစ်စရာကောင်းတယ်လို့ စနောက်တာကိုတော့ ဘယ်သူကမှ ပီတိမဖြစ်နိုင်ဘူးလေ။

Credit:cosmopolitan.com



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top