iMyanmarHouse.com - Best Property Website for Myanmar
×

နည္းပညာကိုပဲရူးသြပ္၊ ကြန္ပ်ဴတာကိုပဲလက္ထပ္ေတာ႔မလိုလိုနဲ႔ နည္းပညာအလုပ္ကိုပဲ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးစြာလုပ္တတ္တဲ႔ ေကာင္ေလးေတြကို ခ်စ္သူေတာ္ထားရသူေတြမ်ား ရွိေနမလား။ ဒီလိုေကာင္ေလးမ်ိဳးေတြနဲ႔  ခ်စ္သူေတာ္ရမယ္ဆိုရင္ ၾကံဳရႏိုင္တာေလးေတြ ေျပာျပမယ္ေနာ္။

Logic က်က်အလုပ္လုပ္တယ္

“အခ်စ္ေရ ေပါင္မုန္႔တစ္လံုးနဲ႔႔ ၾကက္ဥရမယ္ဆိုရင္လည္း တစ္ဒါဇင္ေလာက္ဝယ္ခဲ႔ပါေနာ္” ဆိုရင္ သူက ေပါင္မုန္႔ ၁၂ လံုးဝယ္လာတတ္တာမ်ိဳး။ ျပီးရင္ေျပာတယ္ “ေပါင္မုန္႔ ၁၂ လံုးထဲ ၾကက္ဥ ၁၂ လံုးပါတယ္ေလကြာ” တဲ႔။ ဒီလို Logic က်က်ေတြးေခၚတတ္တဲ႔ သူ႔ရဲ႕အက်င္႔ေတြကို ေနာက္ထပ္ ေနာက္ထပ္ တအ႔ံတၾသျဖစ္ရဖို႔ ၾကိဳျပီးျပင္ဆင္သာထားေပေရာ႔။

သပ္သပ္ရပ္ရပ္မရွိတဲ့ ေနထိုင္မႈပံုစံ

သူတို႔ အလုပ္မ်ားျပီဆိုရင္ ကိိုယ္႔ကိုလာေတြ႔ဖို႔ ဂရုစိုက္ဖို႔ေဝးစြ ထမင္းမစား ဟင္းမစားနဲ႔ အလုပ္မွအလုပ္ ဆိုတဲ့ သူမ်ိဳးေတြ။ အလုပ္မ်ားေနတဲ႔ရက္ေတြမွာမ်ား သြားမၾကည္႔နဲ႔ တာဇံနဲ႔မွားသြားမယ္။ မုတ္ဆိတ္ေမြးဗလပ်စ္ ဆံပင္ပြေယာင္းေယာင္းနဲ႔။ အလုပ္ျပီးတဲ႔ရက္တိုင္း မုတ္ဆိတ္ရိတ္ဓားတစ္ေခ်ာင္း လက္ေဆာင္ေပးေနရတဲ႔ အေနအထားမ်ိဳး ခဏခဏၾကံဳရလိမ္႔ဦးမယ္။

ေဒါသကုမၻာရ

သူတို႔လုပ္ျပီးတဲ႔ ဒီဇိုင္းေတြကို Customer က မၾကိဳက္လို႔ ဟိုျပင္ဒီျပင္ဆိုရင္ ေဒါသစိတ္ကို မ်ိဳသိပ္ထားၾကရတာ။ အဲလိုအခ်ိန္မ်ိဳးမွာ ကိုယ္ကမ်ားဂ်ီမက်လိုက္နဲ႔ နင္ပဲငဆ အေအာ္ခံရႏိုင္တယ္။ တစ္ခါတေလကိုင္ေပါက္  ခံရမလားပဲ။ ဒါေၾကာင္႔အရိပ္အျခည္ၾကည္႔ျပီး ေနေပးတတ္ဖို႔ေတာ႔လိုမယ္ေနာ္။

ကြန္ပ်ဴတာက ပထမဇနီး

သူတို႔ေတြက အလုပ္လုပ္လည္း ကြန္ပ်ဴတာ၊ ဖုန္းေဘလ္ေဆာင္တာ၊ မိတ္ေဆြနဲ႔စကားေျပာတာ၊ သီခ်င္းနားေထာင္၊ တီဗီၾကည္႔တာ၊ မုန္႔စားတာေတာင္ကြန္ပ်ဴတာေရွ႕မွာ။ အိပ္ခါနီးအထိကြန္ပ်ဴတာသံုးျပီး မိုးလင္းခ်ိန္ ကြန္ပ်ဴတာနဲ႔ ႏိုးထတတ္သူမ်ိဳးေတြ။ ဒီေတာ့ ကြန္ပ်ဴတာက သူ႕ရဲ႕ဇနီးမယားနီးနီး ေနရာယူထားၾကတာမို႔ ကုန္ကုန္ေျပာရရင္ကိုယ္က ဒုတိယေနရာျဖစ္ရင္ျဖစ္ေနမွာ။ ဒီႏိုင္ငံမွာ ကြန္ပ်ဴတာနဲ႔ လက္ထပ္လို႔မရလို႔သာ ေတာ္ေသးတာေပါ့။ ခ်စ္စကားေျပာရင္ေတာင္ “ You are the css to my html” ဆိုတာမ်ိဳး။ ရုပ္ရွင္ၾကည္႔ရင္လည္း ဘယ္လိုအခ်စ္ကားေလးမို႔ဆိုျပီး မဆြယ္ေလနဲ႔ နည္းပညာဇာတ္ကားေတြသာ အသဲစြဲၾကသူေတြေလ။

Idol ကြာျခားမႈ

သူတို႔ေတြက နည္းပညာဂုရုေတြကိုသာ ဟီးရိုးအေနနဲ႔ သတ္မွတ္ထားၾကတာမ်ိဳး။ ေရႊထူးတို႔ G-Fatt တို႔ သြားမေျပာနဲ႔။ ဝတ္မႈန္ေရႊရည္ ေဖြးေဖြးကိုေတာင္ မသိတသိဆိုတာမ်ိဳးေတြ။ အဲ Microsoft သူေဌးက်ေတာ႔ ဘယ္သူ၊ ဘယ္နည္းပညာ ကုမၸဏီက CEO က ဘယ္ကိုေရာက္သြားတာဆိုတာမ်ိဳးကို သူ႔ေကာင္မေလး ရာထူးတိုးတာထက္ကို အ႔ံၾသဘနန္းျဖစ္ေနရင္ ျဖစ္ေနတတ္ေသးတာ။ အညာကအမ်ိဳးေတြ ဘယ္မွာေနတာသာ အတိအက်မသိရင္ေနမယ္ Silicon Valley မွာ ဘယ္သူေတြရွိတာက်ေတာ႔ ကြက္တိကြက္က် အကုန္သိ။

ခ်စ္ေလးတို႔လည္း ဒီလိုအခ်က္ေလးေတြကို သည္းခံႏိုင္မယ္ဆိုမွပဲ နည္းပညာသမားေတြကို ခ်စ္သူေတာ္ပါလို႔။ တစ္ဖက္မွာလည္း သူတို႔ဆီမွာေကာင္းတဲ႔အားသာခ်က္ေလးေတြ ရွိေသးတာမို႔ ေနာက္ထပ္တင္ဆက္ေပးဦးမွာပါေနာ။


Credit:ဂ်ဴဂ်ဴး (အခရာ)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နည်းပညာကိုပဲရူးသွပ်၊ ကွန်ပျူတာကိုပဲလက်ထပ်တော့မလိုလိုနဲ့ နည်းပညာအလုပ်ကိုပဲ နှစ်နှစ်ကာကာ ချစ်မြတ်နိုးစွာလုပ်တတ်တဲ့ ကောင်လေးတွေကို ချစ်သူတော်ထားရသူတွေများ ရှိနေမလား။ ဒီလိုကောင်လေးမျိုးတွေနဲ့  ချစ်သူတော်ရမယ်ဆိုရင် ကြုံရနိုင်တာလေးတွေ ပြောပြမယ်နော်။

Logic ကျကျအလုပ်လုပ်တယ်

“အချစ်ရေ ပေါင်မုန့်တစ်လုံးနဲ့ ကြက်ဥရမယ်ဆိုရင်လည်း တစ်ဒါဇင်လောက်ဝယ်ခဲ့ပါနော်” ဆိုရင် သူက ပေါင်မုန့် ၁၂ လုံးဝယ်လာတတ်တာမျိုး။ ပြီးရင်ပြောတယ် “ပေါင်မုန့် ၁၂ လုံးထဲ ကြက်ဥ ၁၂ လုံးပါတယ်လေကွာ” တဲ့။ ဒီလို Logic ကျကျတွေးခေါ်တတ်တဲ့ သူ့ရဲ့အကျင့်တွေကို နောက်ထပ် နောက်ထပ် တအံ့တသြဖြစ်ရဖို့ ကြိုပြီးပြင်ဆင်သာထားပေရော့။

သပ်သပ်ရပ်ရပ်မရှိတဲ့ နေထိုင်မှုပုံစံ

သူတို့ အလုပ်များပြီဆိုရင် ကိုယ့်ကိုလာတွေ့ဖို့ ဂရုစိုက်ဖို့ဝေးစွ ထမင်းမစား ဟင်းမစားနဲ့ အလုပ်မှအလုပ် ဆိုတဲ့ သူမျိုးတွေ။ အလုပ်များနေတဲ့ရက်တွေမှာများ သွားမကြည့်နဲ့ တာဇံနဲ့မှားသွားမယ်။ မုတ်ဆိတ်မွေးဗလပျစ် ဆံပင်ပွယောင်းယောင်းနဲ့။ အလုပ်ပြီးတဲ့ရက်တိုင်း မုတ်ဆိတ်ရိတ်ဓားတစ်ချောင်း လက်ဆောင်ပေးနေရတဲ့ အနေအထားမျိုး ခဏခဏကြုံရလိမ့်ဦးမယ်။

ဒေါသကုမ္ဘာရ

သူတို့လုပ်ပြီးတဲ့ ဒီဇိုင်းတွေကို Customer က မကြိုက်လို့ ဟိုပြင်ဒီပြင်ဆိုရင် ဒေါသစိတ်ကို မျိုသိပ်ထားကြရတာ။ အဲလိုအချိန်မျိုးမှာ ကိုယ်ကများဂျီမကျလိုက်နဲ့ နင်ပဲငဆ အအော်ခံရနိုင်တယ်။ တစ်ခါတလေကိုင်ပေါက်  ခံရမလားပဲ။ ဒါကြောင့်အရိပ်အခြည်ကြည့်ပြီး နေပေးတတ်ဖို့တော့လိုမယ်နော်။

ကွန်ပျူတာက ပထမဇနီး

သူတို့တွေက အလုပ်လုပ်လည်း ကွန်ပျူတာ၊ ဖုန်းဘေလ်ဆောင်တာ၊ မိတ်ဆွေနဲ့စကားပြောတာ၊ သီချင်းနားထောင်၊ တီဗီကြည့်တာ၊ မုန့်စားတာတောင်ကွန်ပျူတာရှေ့မှာ။ အိပ်ခါနီးအထိကွန်ပျူတာသုံးပြီး မိုးလင်းချိန် ကွန်ပျူတာနဲ့ နိုးထတတ်သူမျိုးတွေ။ ဒီတော့ ကွန်ပျူတာက သူ့ရဲ့ဇနီးမယားနီးနီး နေရာယူထားကြတာမို့ ကုန်ကုန်ပြောရရင်ကိုယ်က ဒုတိယနေရာဖြစ်ရင်ဖြစ်နေမှာ။ ဒီနိုင်ငံမှာ ကွန်ပျူတာနဲ့ လက်ထပ်လို့မရလို့သာ တော်သေးတာပေါ့။ ချစ်စကားပြောရင်တောင် “ You are the css to my html” ဆိုတာမျိုး။ ရုပ်ရှင်ကြည့်ရင်လည်း ဘယ်လိုအချစ်ကားလေးမို့ဆိုပြီး မဆွယ်လေနဲ့ နည်းပညာဇာတ်ကားတွေသာ အသဲစွဲကြသူတွေလေ။

Idol ကွာခြားမှု

သူတို့တွေက နည်းပညာဂုရုတွေကိုသာ ဟီးရိုးအနေနဲ့ သတ်မှတ်ထားကြတာမျိုး။ ရွှေထူးတို့ G-Fatt တို့ သွားမပြောနဲ့။ ဝတ်မှုန်ရွှေရည် ဖွေးဖွေးကိုတောင် မသိတသိဆိုတာမျိုးတွေ။ အဲ Microsoft သူဌေးကျတော့ ဘယ်သူ၊ ဘယ်နည်းပညာ ကုမ္ပဏီက CEO က ဘယ်ကိုရောက်သွားတာဆိုတာမျိုးကို သူ့ကောင်မလေး ရာထူးတိုးတာထက်ကို အံ့သြဘနန်းဖြစ်နေရင် ဖြစ်နေတတ်သေးတာ။ အညာကအမျိုးတွေ ဘယ်မှာနေတာသာ အတိအကျမသိရင်နေမယ် Silicon Valley မှာ ဘယ်သူတွေရှိတာကျတော့ ကွက်တိကွက်ကျ အကုန်သိ။

ချစ်လေးတို့လည်း ဒီလိုအချက်လေးတွေကို သည်းခံနိုင်မယ်ဆိုမှပဲ နည်းပညာသမားတွေကို ချစ်သူတော်ပါလို့။ တစ်ဖက်မှာလည်း သူတို့ဆီမှာကောင်းတဲ့အားသာချက်လေးတွေ ရှိသေးတာမို့ နောက်ထပ်တင်ဆက်ပေးဦးမှာပါနော။


Credit:ဂျူဂျူး (အခရာ)



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top