iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတုိင္း တစ္လတစ္ႀကိမ္ လစဥ္ ခံစားရေလ့ရွိတဲ့ အရာကေတာ့ ဓမၼတာလာစဥ္ ကိုက္ခဲျခင္းပါပဲ။ ဒီကိစၥကို အမ်ိဳးသမီးထုရဲ႕ (၉၀)ရာခုိင္ႏႈန္းေလာက္ကေတာ့ မလဲြမေသြ ႀကံဳဖူးၾကမယ္လုိ႕ ထင္ပါတယ္။ ဒီေတာ့ ဒီကိစၥကို အသက္သာဆံုးနဲ႕ အလြယ္ကူဆံုးျဖစ္ေအာင္ ဘယ္လုိေျဖရွင္းၾကမလဲ သိခ်င္ လာၾကပါၿပီ။

(၁)     အမ်ားစုက ပရိုတိန္းဓါတ္ကို ညစာေလာက္မွသာ ျဖည့္တင္းစားေသာက္ေလ့ ရွိပါတယ္။ ဒါေပမယ့္ ပရိုတိန္းဓါတ္ကို မနက္စာ ၊ ေန႕လည္စာနဲ႕ ညစာပါ တစ္ေန႕လံုး ထည့္သြင္းစားေသာက္ေပးမယ္ ဆုိရင္ေတာ့ သင့္ရဲ႕ အသဲကို အကူအညီေပးႏုိင္ၿပီး လစဥ္ ကိုက္ခဲမႈကို သက္သာေစႏုိင္ပါတယ္။ ဒီေတာ့ ပရိုတိန္းဓါတ္မ်ားတဲ့ ၾကက္သား ၊ ငါး ၊ ၾကက္/ဘဲဥေတြကို ေန႕စဥ္ မပါမျဖစ္အားျပဳၿပီး စားသံုးေပးပါ။

(၂)     လဖက္စိမ္းရည္ ေသာက္ျခင္းက သင့္ရဲ႕စိတ္ကို တည္ၿငိမ္ေစႏုိင္ၿပီး ခႏၶာကိုယ္ကို လန္းဆန္းေစပါတယ္။ ဒါေၾကာင့္ တစ္ေန႕ကို လက္ဖက္ရည္ၾကမ္း သံုးခြက္ေလာက္အနည္းဆံုး ေသာက္သံုးေပးသင့္ပါတယ္။ ဒါေပမယ့္လည္း ယေန႕ေခတ္မွာ ဓါတုဓါတ္ျပဳမႈနဲ႕ ျပဳလုပ္ထားတဲ့ လက္ဖက္ေျခာက္ေတြက မ်ားေနတာေၾကာင့္ သဘာ၀ပစၥည္းမ်ားကိုသာ အသံုးျပဳထားၿပီး ဓါတုပစၥည္းမပါ၀င္တဲ့ ထုတ္ကုန္မ်ိဳးကိုသာ ေရြးခ်ယ္ေသာက္သံုး ျဖစ္ဖို႕ေတာ့ အေရးႀကီးပါတယ္။

(၃)     ေယာဂက်င့္စဥ္က်င့္ပါ။ မွန္ပါတယ္။ ေယာဂလို ပံုမွန္ေလ့က်င့္ရတဲ့ ေလ့က်င့္ခန္းမ်ိဳးဟာ သင့္ခႏၶာကိုယ္ရဲ႕ ေသြး ၊ ေခၽြး လွည့္ပတ္မႈႏႈန္းမ်ားကို ပံုမွန္ျဖစ္ေစတာေၾကာင့္ ဓမၼတာလာခ်ိန္ ကိုက္ခဲျခင္းကို သက္သာေပ်ာက္ကင္းေစႏုိင္တဲ့ နည္းလမ္းေကာင္းတစ္ခုပါပဲ။

(၄)     အသားေတြ ၊ ငါးေတြကို ခ်က္ျပဳတ္ရာမွာ တုိက္ရိုက္အပူရွိန္ (မီးကင္ျခင္း ၊ မီးဖိုနဲ႕ခ်က္ျခင္း)နဲ႕ ထိေတြ႕ရတာျဖစ္ပါက အပူခ်ိန္ ၃၀၀ ဒီဂရီဖာရင္ဟိုက္ေအာက္သာ ရွိသင့္ပါတယ္။ အပူခ်ိန္ အလြန္မ်ားတဲ့အခါ အသားေတြ ေလာင္ကၽြမ္းမႈကေန ထြက္လာတဲ့ (HCAs) (PAHs) စတဲ့ ဓါတု ဓါတ္ျပဳမႈေတြက သင့္ကိုကင္ဆာ ေရာဂါျဖစ္ဖုိ႕ အလားအလာရွိႏုိင္ၿပီး ဓမၼတာျဖစ္စဥ္အတြက္လည္း အေထာက္အကူမျပဳပါဘူး။

(၅)     အစားအေသာက္ၿပီး ေနာက္တစ္ခုက စိတ္ကိုလည္း ဂရုတစိုက္ ျပဳျပင္ထားဖို႕လုိပါမယ္။ ဖိအား မ်ားေနတဲ့အခ်ိန္မ်ိဳးမွာ ဓမၼတာျဖစ္စဥ္ ျဖစ္လာခဲ့ရင္ ေ၀ဒနာပိုျဖစ္လြယ္တာမုိ႕ စိတ္ကိုထိန္းခ်ဳပ္ႏုိင္ရပါမယ္။ ဒါေၾကာင့္ႀကိဳတင္ကာကြယ္မႈ အေနနဲ႔ တစ္ေန႕ကို တစ္နာရီေလာက္ေတာ့ စိတ္အပန္းေျဖတဲ့အခ်ိန္ ထားရွိဖို႕ လိုပါလိမ့္မယ္။

တစ္လစာအတြက္ဒီလုိ ႀကိဳတင္ျပင္ဆင္သြားမယ္ဆုိရင္ေတာ့ သင့္အတြက္ ခက္ခဲတဲ့ ရာသီစက္၀န္း ဆုိတာ မရွိႏုိင္ေတာ့လုိ႕ လာမယ့္ရက္ကို ႀကိဳတင္တြက္ၿပီး စိတ္ညစ္ေနစရာလဲ မလုိေတာ့ပါဘူး။ အေရးႀကီးတာက သင့္ရဲ႕ တစ္ေန႕တာ က်န္းမာေရးဂရုစိုက္မႈနဲ႕ ေနပံုထုိင္ပံုပဲျဖစ္ပါတယ္။


Credit:womenhealthmag.com

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။

(၁)     အများစုက ပရိုတိန်းဓါတ်ကို ညစာလောက်မှသာ ဖြည့်တင်းစားသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ပရိုတိန်းဓါတ်ကို မနက်စာ ၊ နေ့လည်စာနဲ့ ညစာပါ တစ်နေ့လုံး ထည့်သွင်းစားသောက်ပေးမယ် ဆိုရင်တော့ သင့်ရဲ့ အသဲကို အကူအညီပေးနိုင်ပြီး လစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ပရိုတိန်းဓါတ်များတဲ့ ကြက်သား ၊ ငါး ၊ ကြက်/ဘဲဥတွေကို နေ့စဉ် မပါမဖြစ်အားပြုပြီး စားသုံးပေးပါ။

(၂)     လဖက်စိမ်းရည် သောက်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည်ကြမ်း သုံးခွက်လောက်အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ ဓါတုဓါတ်ပြုမှုနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်တွေက များနေတာကြောင့် သဘာဝပစ္စည်းများကိုသာ အသုံးပြုထားပြီး ဓါတုပစ္စည်းမပါဝင်တဲ့ ထုတ်ကုန်မျိုးကိုသာ ရွေးချယ်သောက်သုံး ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

(၃)     ယောဂကျင့်စဉ်ကျင့်ပါ။ မှန်ပါတယ်။ ယောဂလို ပုံမှန်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေး ၊ ချွေး လှည့်ပတ်မှုနှုန်းများကို ပုံမှန်ဖြစ်စေတာကြောင့် ဓမ္မတာလာချိန် ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

(၄)     အသားတွေ ၊ ငါးတွေကို ချက်ပြုတ်ရာမှာ တိုက်ရိုက်အပူရှိန် (မီးကင်ခြင်း ၊ မီးဖိုနဲ့ချက်ခြင်း)နဲ့ ထိတွေ့ရတာဖြစ်ပါက အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အောက်သာ ရှိသင့်ပါတယ်။ အပူချိန် အလွန်များတဲ့အခါ အသားတွေ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ (HCAs) (PAHs) စတဲ့ ဓါတု ဓါတ်ပြုမှုတွေက သင့်ကိုကင်ဆာ ရောဂါဖြစ်ဖို့ အလားအလာရှိနိုင်ပြီး ဓမ္မတာဖြစ်စဉ်အတွက်လည်း အထောက်အကူမပြုပါဘူး။

(၅)     အစားအသောက်ပြီး နောက်တစ်ခုက စိတ်ကိုလည်း ဂရုတစိုက် ပြုပြင်ထားဖို့လိုပါမယ်။ ဖိအား များနေတဲ့အချိန်မျိုးမှာ ဓမ္မတာဖြစ်စဉ် ဖြစ်လာခဲ့ရင် ဝေဒနာပိုဖြစ်လွယ်တာမို့ စိတ်ကိုထိန်းချုပ်နိုင်ရပါမယ်။ ဒါကြောင့်ကြိုတင်ကာကွယ်မှု အနေနဲ့ တစ်နေ့ကို တစ်နာရီလောက်တော့ စိတ်အပန်းဖြေတဲ့အချိန် ထားရှိဖို့ လိုပါလိမ့်မယ်။

တစ်လစာအတွက်ဒီလို ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ သင့်အတွက် ခက်ခဲတဲ့ ရာသီစက်ဝန်း ဆိုတာ မရှိနိုင်တော့လို့ လာမယ့်ရက်ကို ကြိုတင်တွက်ပြီး စိတ်ညစ်နေစရာလဲ မလိုတော့ပါဘူး။ အရေးကြီးတာက သင့်ရဲ့ တစ်နေ့တာ ကျန်းမာရေးဂရုစိုက်မှုနဲ့ နေပုံထိုင်ပုံပဲဖြစ်ပါတယ်။


Credit:womenhealthmag.com



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top