iMyanmarHouse.com - Best Property Website for Myanmar
×






Credit:trend myanmar

#Unicode Version

သင့်ရဲ့ အလုပ်ရှင်က သင့်ကို စာမျက်နှာ ၂၅ မျက်နှာလောက်ရှိတဲ့ အစီရင်ခံစာ ကို အစကနေ ပြန်လုပ်ပေးဖို့ ညွှန်ကြားလိုက်တဲ့အခါမျိုးမှာ သင့်နှုတ်ခမ်းက မထင်မှတ်ပဲ ရုတ်တရက် ဆိုသလို ဖရုသဝါစာ စကားလုံးတွေ ရေရွတ်လိုက်မိပါလိမ့်မယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီလို မရည်ရွယ်ပဲ ဆဲရေးတိုင်းထွာမိတာမျိုးဟာ ဖြစ်တတ်တဲ့ သဘာ၀ တစ်ခုလိုပါပဲ။

အဲဒီ အမူအကျင့်ဟာ မကောင်းဘူးလို့ဆိုပေမယ့်လည်း Cambridge တက္ကသိုလ် က အတည်ပြုပေးတဲ့ လေ့လာမှု အသစ်တစ်ခုအရတော့ ဆဲရေးတိုင်းထွာခြင်းဟာ သင့်အနီးအနားက ရိုးသားမှုတွေကို ထင်ပေါ်လာအောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ပါဝင်ကူညီသူ လူဦးရေ ၂၇၆ ယောက်နဲ့ Facebook အသုံးပြုသူ လူဦးရေ ၇၅၀၀၀ ယောက်တို့ကို သုတေသနပြုလုပ်ခဲ့တဲ့ ဒီ လေ့လာမှုက တဆင့် ရှာဖွေတွေ့ရှိခဲ့တာကတော့ မရည်ရွယ်ပဲ ဆဲရေးတိုင်းထွာမိခြင်းဟာ မှန်တာကို ပြောဆိုနေခြင်းနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုတာပါပဲ။ ရည်ရွယ်ချက်ရှိရှိ ဆဲရေးတိုင်းထွာ တတ်သူတွေမှာတော့ သူတို့ အသုံးပြုလိုက်တဲ့ ဖရုသဝါစာ စကားလုံးတွေကို အတိုင်းအတာ မသတ်မှတ်ထားတဲ့အတွက် သူတို့ ပြောဆိုနေတာဟာလည်း ယုံကြည်မှု အတိုင်းအတာ တစ်ခု ပြန်လည် မသက်ရောက်နိုင်ဘူးလို့ လေ့လာမှုက ဆိုပါတယ်။

ဒါကြောင့် နောက်တစ်ခါ သင့်အနေနဲ့ ရိုးသားမှုကို ပြသဖို့ လိုအပ်နေတဲ့အချိန် ရင်ထဲမှာရှိတဲ့ အတိုင်းပဲ ဖရုသဝါစာ စကားလုံးတွေကို ရေရွတ်လိုက်ပါ။ သင့်ရဲ့ ရိုးသားမှု အရာထင်လာပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top