iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၃ ႏွစ္အရြယ္ Delanie Weyer ဆိုသူ အေမရိကန္ အမ်ဳိးသမီးဟာ တစ္ခါအိပ္ရင္ ရက္သတၱပတ္ေပါင္းမ်ားစြာ အိပ္ေပ်ာ္ေနေစတတ္တဲ့ Kleine-Levin လို႔ေခၚတဲ့ အာရုံေၾကာမူမမွန္ ေရာဂါတစ္မ်ဳိး ျဖစ္ပြားေနပါတယ္။ ဒီေရာဂါေၾကာင့္ Ms Weyer ဟာ အားလပ္ရက္ေတြ၊ မိသားစုေတြ႔ဆုံပြဲေတြနဲ႔ သူမရဲ႕ ၂၁ ႏွစ္ျပည့္ ေမြးေန႔ကိုေတာင္ မတက္ေရာက္ႏုိင္ဘဲ အိပ္ေပ်ာ္ေနခဲ့ပါတယ္။

Ms Weyer က "ကၽြန္မက ဘယ္ေနရာမွာပဲျဖစ္ျဖစ္ တစ္ေန႔ကုိ ၁၅ နာရီကေန နာရီ ၂၀ ၾကာေအာင္ အိပ္တတ္ပါတယ္။ ႏုိးလာတဲ့အခ်ိန္မွာ ကေယာင္ကတမ္းျဖစ္ျပီး ခ်က္ခ်င္းလက္ေတြ႔ဘဝထဲကို မေရာက္ႏုိင္သလို ျဖစ္တတ္ပါတယ္။ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိ၊ စိတ္ဓာတ္က်ေနသလို ခံစားေနရတယ္။ ကၽြန္မကိုယ္ကၽြန္မ ဘာေတြျဖစ္ေနမွန္းမသိလို႔ ေဒါသေတြလည္း ထြက္ေနတတ္တယ္"လို႔ ေျပာပါတယ္။

သူမက တစ္ခါတစ္ခါအိပ္ရင္ ရက္ပိုင္းေလာက္ကေန သုံးေလးငါးပတ္ေလာက္ အိပ္ေပ်ာ္သြားတာအထိ ျဖစ္တတ္တယ္လို႔ ေျပာပါတယ္။ သူေနာက္ဆုံးအိပ္ေပ်ာ္သြားတဲ့အေခါက္ကေတာ့ ငါးပတ္ေလာက္ၾကာခဲ့ပါတယ္။ ဒီအေတာအတြင္းမွာ သူက စားဖုိ႔ရယ္၊ ေရေသာက္ဖုိ႔ရယ္နဲ႔ အိမ္သာသြားတဲ့အခ်ိန္ေတြပဲ ႏုိးေနတာျဖစ္ပါတယ္။

သူက ဒီေရာဂါကုိ သူမအသက္ ၁၈ ႏွစ္ေလာက္မွာ စျဖစ္ခဲ့တာျဖစ္ျပီး သူ႔အေမက သူ႔ကိုမူးယစ္ေဆး တစ္ခုခုသုံးထားတယ္လို႔ သံသယျဖစ္ခဲ့ပါေသးတယ္။ သူ႔အေမက ကၽြန္မက သူ႔ကို အိပ္ယာကအတင္းႏႈိးတဲ့အခါ သူကမ်က္လုံးၾကီးေၾကာင္ျပီးၾကည့္တာ၊ ဆတ္ဆတ္ထိမခံျဖစ္ျပီး ျပန္အိပ္သြားတာေတြ ၾကဳံခဲ့ရတယ္။ သူကၽြန္မကို လိမ္ေနတာ၊ သူအပ်င္းၾကီးေနတာ ဒါမွမဟုတ္ ေဆးသုံးထားတယ္လို႔ ထင္ခဲ့ပါတယ္။

ဒီေရာဂါကုိ “Sleeping Beauty Syndrome” လို႔လည္းေခၚျပီး ေဝဒနာရွင္ေတြက ဆတ္ဆတ္ထိ မခံျဖစ္တာ၊ ေသြးေလေခ်ာက္ျခားကာ ကေယာင္ေခ်ာက္ျခားျဖစ္တာေတြ ၾကဳံရတတ္ပါတယ္။ ကမာၻတစ္ဝန္းလုံးမွာ ဒီေရာဂါျဖစ္ပြားမႈေပါင္း ၅၀၀ ေက်ာ္ရွိျပီး ဆယ္ေက်ာ္သက္ေယာက္်ားေလးေတြမွာ အျဖစ္မ်ားတယ္လို႔ Kleine Levin ေရာဂါေဖာင္ေဒးရွင္းက တင္ျပထားပါတယ္။

Kleine Levin ေရာဂါကို ေပ်ာက္ကင္းေအာင္ ကုသႏုိင္တဲ့ေဆးဝါးမရွိေသးေပမဲ့ ေရာဂါျဖစ္တဲ့ အၾကိမ္ေရနဲ႔ အေျခအေနေတြကို သက္သာေအာင္ေတာ့ ျပဳလုပ္ေပးႏုိင္ပါတယ္။ Ms Weyer ကသူ႔ေရာဂါနဲ႔ ပတ္သက္ျပီး ပိုမိုသိရွိလာႏုိင္ဖို႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္။
Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက် ၂၃ နှစ်အရွယ် Delanie Weyer ဆိုသူ အမေရိကန် အမျိုးသမီးဟာ တစ်ခါအိပ်ရင် ရက်သတ္တပတ်ပေါင်းများစွာ အိပ်ပျော်နေစေတတ်တဲ့ Kleine-Levin လို့ခေါ်တဲ့ အာရုံကြောမူမမှန် ရောဂါတစ်မျိုး ဖြစ်ပွားနေပါတယ်။ ဒီရောဂါကြောင့် Ms Weyer ဟာ အားလပ်ရက်တွေ၊ မိသားစုတွေ့ဆုံပွဲတွေနဲ့ သူမရဲ့ ၂၁ နှစ်ပြည့် မွေးနေ့ကိုတောင် မတက်ရောက်နိုင်ဘဲ အိပ်ပျော်နေခဲ့ပါတယ်။

Ms Weyer က "ကျွန်မက ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်နေ့ကို ၁၅ နာရီကနေ နာရီ ၂၀ ကြာအောင် အိပ်တတ်ပါတယ်။ နိုးလာတဲ့အချိန်မှာ ကယောင်ကတမ်းဖြစ်ပြီး ချက်ချင်းလက်တွေ့ဘဝထဲကို မရောက်နိုင်သလို ဖြစ်တတ်ပါတယ်။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ စိတ်ဓာတ်ကျနေသလို ခံစားနေရတယ်။ ကျွန်မကိုယ်ကျွန်မ ဘာတွေဖြစ်နေမှန်းမသိလို့ ဒေါသတွေလည်း ထွက်နေတတ်တယ်"လို့ ပြောပါတယ်။

သူမက တစ်ခါတစ်ခါအိပ်ရင် ရက်ပိုင်းလောက်ကနေ သုံးလေးငါးပတ်လောက် အိပ်ပျော်သွားတာအထိ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ သူနောက်ဆုံးအိပ်ပျော်သွားတဲ့အခေါက်ကတော့ ငါးပတ်လောက်ကြာခဲ့ပါတယ်။ ဒီအတောအတွင်းမှာ သူက စားဖို့ရယ်၊ ရေသောက်ဖို့ရယ်နဲ့ အိမ်သာသွားတဲ့အချိန်တွေပဲ နိုးနေတာဖြစ်ပါတယ်။

သူက ဒီရောဂါကို သူမအသက် ၁၈ နှစ်လောက်မှာ စဖြစ်ခဲ့တာဖြစ်ပြီး သူ့အမေက သူ့ကိုမူးယစ်ဆေး တစ်ခုခုသုံးထားတယ်လို့ သံသယဖြစ်ခဲ့ပါသေးတယ်။ သူ့အမေက ကျွန်မက သူ့ကို အိပ်ယာကအတင်းနှိုးတဲ့အခါ သူကမျက်လုံးကြီးကြောင်ပြီးကြည့်တာ၊ ဆတ်ဆတ်ထိမခံဖြစ်ပြီး ပြန်အိပ်သွားတာတွေ ကြုံခဲ့ရတယ်။ သူကျွန်မကို လိမ်နေတာ၊ သူအပျင်းကြီးနေတာ ဒါမှမဟုတ် ဆေးသုံးထားတယ်လို့ ထင်ခဲ့ပါတယ်။

ဒီရောဂါကို “Sleeping Beauty Syndrome” လို့လည်းခေါ်ပြီး ဝေဒနာရှင်တွေက ဆတ်ဆတ်ထိ မခံဖြစ်တာ၊ သွေးလေချောက်ခြားကာ ကယောင်ချောက်ခြားဖြစ်တာတွေ ကြုံရတတ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ဒီရောဂါဖြစ်ပွားမှုပေါင်း ၅၀၀ ကျော်ရှိပြီး ဆယ်ကျော်သက်ယောက်ျားလေးတွေမှာ အဖြစ်များတယ်လို့ Kleine Levin ရောဂါဖောင်ဒေးရှင်းက တင်ပြထားပါတယ်။

Kleine Levin ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါးမရှိသေးပေမဲ့ ရောဂါဖြစ်တဲ့ အကြိမ်ရေနဲ့ အခြေအနေတွေကို သက်သာအောင်တော့ ပြုလုပ်ပေးနိုင်ပါတယ်။ Ms Weyer ကသူ့ရောဂါနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလာနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top