iMyanmarHouse.com - Best Property Website for Myanmar
×













 Credit : 7Day Daily



Unicode Version

ဗီတာမင်တွေရော သတ္တု ဓာတ်တွေရော အများကြီးပါသ လို ရေဓာတ်ကြွယ်ဝတဲ့ သခွားသီး ကို နေ့စဉ်ပုံမှန်စားရင် ထူးခြားမှု တွေကို လက်တွေ့ခံစားရမယ်လို့ ဆိုပါတယ်။ ဘာတွေကောင်းသ လဲဆိုရင် -

ရေဓာတ်ပြည့်ဝစေခြင်း - သခွား သီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ပါတယ်။

ဗီတာမင်လိုအပ်ချက်ဖြည့်ဆည်း ပေးခြင်း - သခွားသီးမှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေနဲ့ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ ဓာတ်တွေပါ တယ်ဆိုတာ သိထားပါ။

ကိုယ်တွင်းအဆိပ်များထုတ်ပေး ခြင်း - ရေဓာတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဆီး ကနေတစ်ဆင့် စွန့်ထုတ်စေပါ တယ်။

ခံတွင်းအနံ့ဆိုးကာကွယ်ပေးခြင်း - သခွားသီးပုံမှန်စားပေးရင် အစာအိမ်က အပူဓာတ်ကိုလည်း လျှော့ချပေးနိုင်ပြီး ခံတွင်းကိုရှင်း စေတဲ့အတွက် အနံ့အသက်ဆိုး တွေ မထွက်အောင် ကာကွယ်ပေး နိုင်ပါတယ်။

ကောင်းစွာအစာကြေစေခြင်း - အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာချေဖျက်မှုစနစ်ကို ကောင်း မွန်စွာ အလုပ်လုပ်စေပါတယ်။

အလေးချိန်လျော့ကျစေခြင်း - ကိုယ်အလေးချိန် လျှော့ချင်သူ တွေဆိုရင် သခွားသီးကို အဆာ ပြေအစားအစာအဖြစ် မကြာခဏ စားပေးနိုင်ပါတယ်။ ရေဓာတ် ကြောင့် ဗိုက်ပြည့်ပြီး အစာတွေ အများကြီးမစားမိတော့ပါဘူး။

သွေးဖိအားပုံမှန်ဖြစ်စေခြင်း - ပိုတက်ဆီယမ်လည်း ကြွယ်ဝတဲ့ အတွက် ခန္ဓာကိုယ်အတွက် သင့် တင့်တဲ့ သွေးဖိအားရှိနေအောင် ထောက်ကူပေးနိုင်ပါတယ်။

ကိုလက်စထရောပမာဏ လျှော့ ချပေးခြင်း - ကိုယ်တွင်းကမလို အပ်တဲ့၊ မကောင်းတဲ့ ကိုလက် စထရောတွေကိုလည်း လျှော့ချ ပေးပါတယ်။

အမြင်အာရုံကြည်လင်စေခြင်း - သခွားသီးကို အကွင်းလေးတွေ လှီးပြီး မျက်လုံးပေါ်တင်ပေးထား ရင် အမြင်ကြည်လင်စေသလို မျက်စိမို့အစ်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။

ကင်ဆာရောဂါကာကွယ်ပေး ခြင်း - ရင်သားကင်ဆာ၊ ပရော့ စတိတ်ကင်ဆာ၊ သားအိမ်ကင် ဆာ စတဲ့ အမျိုးမျိုးသော ကင် ဆာရောဂါတွေမဖြစ်အောင် ကာ ကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဆံပင်နှင့်အသားအရေ ကောင်း စေခြင်း - သခွားသီးမှာ ဆာလ ဖာနဲ့ဆီလီကွန်ကြွယ်ဝတဲ့အတွက် ဆံပင်သန်စွမ်းဖို့ ထောက်ကူ သလို ဗီတာမင်စီပါတဲ့အတွက် အသားအရေထိန်းသိမ်းရာမှာ လည်း အကောင်းဆုံးပါပဲ။


 Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top