iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္တကၠသိုလ္ကျပီးျပီး လူငယ္ေတြအမ်ားဆံုး ၾကံဳေနရတဲ့ျပသနာက ဘယ္အလုပ္ကိုေရြးခ်ယ္ရမွန္းမသိတဲ့ ျပသနာပါ။ တစ္ခါတစ္ေလ ကိုယ္၀ါသနာပါတာ ဘာမွန္းမသိျဖစ္ေနတတ္တဲ့ လူငယ္ေတြလညး္ ဒုနဲ႕ေဒးပါပဲ။ ဒီေတာ့ ကိုယ့္ကိုကိုယ္ ပထမဆံုးဆန္းစစ္ရမွာက ငါဟာ ဖန္တီးမႈစြမ္းအားေကာင္းမြန္သလားဆုိတဲ့ အခ်က္ပါပဲ။ တကယ္လို႕ သင္က ဖန္တီးမႈစြမ္းအားသာျမင့္မားတယ္လုိ႕ ခံယူထားရင္ ေအာက္ကအသက္ေမြး၀မ္းေၾကာင္း အလုပ္ေတြက သင့္အတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ဒီအလုပ္ေတြထဲကမွ သင္စိတ္၀င္စားတဲ့ အလုပ္တစ္ခုကို ေရြးခ်ယ္ျပီး ေအာက္ေျခကေနစသင္ယူျပီး အျမင့္ဆံုးအေနအထားေရာက္ေအာင္ ၾကိဳးစားေလ်ွာက္လွမ္းၾကည့္လိုက္ပါ။

Photo Stylist
Moodအတြက္ပဲျဖစ္ျဖစ္ ရိုက္ကြင္းအတြက္ပဲျဖစ္ျဖစ္ ဆက္တင္လုပ္ရတာဟာ စီးပြားေရးအရ ဓာတ္ပံုရိုက္တဲ့အခါ အေရးအႀကီးဆံုးေတြထဲက တစ္ခုျဖစ္ပါတယ္။သင္အေနနဲ႔ Freelancerပဲလုပ္လုပ္၊ လက္ေထာက္၀န္ထမ္းတစ္ေယာက္အေနနဲ႔ပဲ လုပ္လုပ္ လင္းအေမွာင္ကအစ ေနရာအထားအသိုအဆံုး Direction ေပးရမွာျဖစ္လို႔စိတ္ကူးစိတ္သန္းေကာင္းမြန္တဲ့သူေတြအတြက္ အလုပ္တစ္ခုပါ။


စာဖုိ႕မႈး
အစားအေသာက္ေတြကို ခ်က္တဲ့အခါမွာလည္း အရသာရွိေအာင္ ဘယ္လိုေပါင္းစပ္ရမလဲ ဘာေတြလုိအပ္လဲဆိုတာ သိဖို႔လိုအပ္သလို အရသာကုိ ျမည္းစမ္းတတ္ဖို႔လည္း လိုပါတယ္။ သင္အေနနဲ ႔ကုိယ္ပိုင္ ဟင္းလ်ာေတြကို ဖန္တီးႏိုင္သလို အျမင္လွေအာင္ ၊စားခ်င္သဖြယ္ျဖစ္ေအာင္ ဖန္တီးတတ္ဖို႔ကလည္း အေရးႀကီးလို႔ သင့္ေတာ္မယ့္ အသက္ေမြး၀မ္းေၾကာင္းတစ္ခုပါပဲ။


ေဆာ့ဖ္၀ဲလ္အင္ဂ်င္နီယာ
သူလည္း မပါမျဖစ္ဆိုတာ သိပ္ေသခ်ာတာေပါ့။ေဆာ့ဖ္၀ဲ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ရတာက လိုင္းေတြ၊ကုဒ္ေတြနဲ႔ ကြန္ျပဴတာၾကားက အခ်ိတ္အဆက္ေတြၾကားမွာ ေနေနရတာပါပဲ။ ဒါေပမယ့္ ေရြးခ်ယ္စရာေတြက ၀က္ဆိုက္ဘ္ေတြ၊ဒီဇိုင္းေတြ ဒါမွမဟုတ္ အပလီေကးရွင္းေတြပဲ ရွိတဲ့အျပင္ မ်က္လံုးေတြအတြက္ အနားမရမယ့္ အလုပ္တစ္ခုဆို မမွားပါဘူး။

ဆံပင္အလွပညာရွင္
သင့္အေနနဲ႔ပစၥည္းကိရိယာခပ္နည္းနည္းနဲ႔ လူတစ္ေယာက္ရဲ႕ သြင္ျပင္ကိုလံုး၀ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ ဆံပင္ကလူတစ္ေယာက္ရဲ႕ဒုတိယမ်က္ႏွာေလ။ မ်က္ႏွာပံုစံကိုလိုက္ၿပီးဘယ္လုိေျပာင္းလဲေပးရမလဲ၊ မတူညီတဲ့ ဆံပင္ေတြကို ဘယ္လုိကိုင္တြယ္ရမလဲဆိုတာ အျမင္ေကာင္းေကာင္းရွိဖို႔လိုပါတယ္။

Interior Designer
သင့္ရဲ႕ ဖန္တီးႏိုင္တဲ့ ကၽြမ္းက်င္မႈေတြက သင့္ရဲ႕ ပါတနာေတြ၊ေဖာက္သည္ေတြ သူတို႔ရဲ႔အိမ္ေတြ၊ ရံုးခန္းေတြကို အလွဆင္ဖို႔အတြက္ အေၾကာင္းျပခ်က္ေကာင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။ သင္လုပ္ရမွာ ကေတာ့ အခန္းဖြဲ႔စည္းပံုေတြ၊အေရာင္အတြဲအစပ္ေတြနဲ႔ အိမ္ေထာင္ပရိေဘာဂေတြကို အျမင္ဆန္းသစ္ေအာင္ထားၿပီး ေနခ်င္စဖြယ္ျဖစ္ေအာင္ျပင္ဆင္ရမွာပါ။ သင့္ရဲ႕ ေဖာက္သည္ေတြအတြက္ သူတို႔လိုအပ္ေတြကို ေျဖရွင္းေပးၿပီးလွပတဲ့ေနရာတစ္ခု ဖန္တီးေပးရမွာပါ။

စာေရးဆရာ
သင့္အေနနဲ႔ စာေရးဆရာပဲျဖစ္ျဖစ္ ၊ဂ်ာနယ္လစ္ပဲ ျဖစ္ျဖစ္ ဒီအသက္ေမြး၀မ္းေၾကာင္းရဲ႕ အျခားတစ္ဖက္မွာစိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ဖန္တီးႏိုင္မႈ အျပင္အျခားအရာေတြလည္း ရွိေနပါတယ္။အႀကံဥာဏ္ေတြကိုေရြးခ်ယ္တာ၊၀တၳဳေတြကိုေရးတာ၊ေခါင္းစဥ္စဥ္းစားတာေတြကအစ ဒီအလုပ္အတြက္ အလြန္အေရးႀကီးပါတယ္။

ပန္းအလွပညာရွင္
သင့္အေနနဲ႔ ပန္းစည္းတစ္စည္းကို လွလွေလးျဖစ္ေအာင္ႀကိဳးစားၿပီးလုပ္ဖူးခဲ့တယ္ဆုိရင္ ဒါကမလြယ္ကူဘူးဆိုတာ သိမွာပါ။ ပန္းေတြကို လွပေအာင္စီစဥ္ရတာနဲ႔ ဘယ္အမ်ိဳးအစားေတြကို တူညီေအာင္ထားရမလဲဆိုတာ ပေဟဠိကို ေျဖေနရသလိုပါပဲ။ သင့္အတြက္ အဆင္ေျပႏိုင္မွာပါ။

ဆရာ၊ဆရာမ
သင္က ဂီတသင္တဲ့ဆရာ၊ျပဇာတ္ေတြအေၾကာင္း ပို႔ခ်ရတဲ့ဆရာမဟုတ္ေတာင္မွ စာသင္ခန္းထဲမွာ ေနရတာ ေခါင္းစားရပါတယ္။သခ်ၤာ၊သိပၸံစတဲ့ဘာသာရပ္ေတြမွာေက်ာင္းသားေတြ နားလည္လာေအာင္၊ စိတ္၀င္စားၿပီး စာသင္ရာမွာေပ်ာ္ရႊင္တက္ၾကြဖို႔ အမ်ားႀကီး စဥ္းစားရပါတယ္။

Art Director
Art directorေတြက ကုမၸဏီေတြအတြက္ ဆန္းသစ္တဲ့ အျမင္ေတြ ဖန္တီးေပးေနရသူေတြလို႔ေျပာလို႔ ရပါတယ္။ သူတုိ႔ေတြဟာ ကုမၸဏီတစ္ခု သို႔မဟုတ္ တံဆိပ္တစ္ခုမွာဘယ္လိုအလွအပနဲ႔စတိုင္လ္ေတြ ရွိလဲဆိုတာ ေတြးရပါတယ္။ဒါ့အျပင္ တကယ့္လူေနမႈဘ၀ပံုစံအတိုင္း ရုပ္လံုးေပၚေအာင္ ရိုက္ကူးေရးလုပ္တဲ့အခါမွာ အႏုပညာရွင္ေတြကိုၾကီးၾကပ္ေပးရပါတယ္။

Marketing Associate
ဒီအလုပ္က ေခါင္းထဲမွာအၿမဲေတြးေတာေနရတဲ့အလုပ္ျဖစ္ၿပီး လူအမ်ားနဲ႔ပါ ဆက္ဆံတတ္ဖို႔လိုအပ္ပါတယ္။သင္ရဲ႕ အေျပာစြမ္းရည္နဲ႔ ျဖတ္ထိုးဥာဏ္ေတြကို ဒီေနရာမွာေကာင္းေကာင္းႀကီး အသံုးခ်ရမွာပါ။

Credit  : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘယ်တက္ကသိုလ်ကပြီးပြီး လူငယ်တွေအများဆုံး ကြုံနေရတဲ့ပြသနာက ဘယ်အလုပ်ကိုရွေးချယ်ရမှန်းမသိတဲ့ ပြသနာပါ။ တစ်ခါတစ်လေ ကိုယ်ဝါသနာပါတာ ဘာမှန်းမသိဖြစ်နေတတ်တဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီတော့ ကိုယ့်ကိုကိုယ် ပထမဆုံးဆန်းစစ်ရမှာက ငါဟာ ဖန်တီးမှုစွမ်းအားကောင်းမွန်သလားဆိုတဲ့ အချက်ပါပဲ။ တကယ်လို့ သင်က ဖန်တီးမှုစွမ်းအားသာမြင့်မားတယ်လို့ ခံယူထားရင် အောက်ကအသက်မွေးဝမ်းကြောင်း အလုပ်တွေက သင့်အတွက် အထူးသင့်လျော်ပါတယ်။ ဒီအလုပ်တွေထဲကမှ သင်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို ရွေးချယ်ပြီး အောက်ခြေကနေစသင်ယူပြီး အမြင့်ဆုံးအနေအထားရောက်အောင် ကြိုးစားလျှောက်လှမ်းကြည့်လိုက်ပါ။

Photo Stylist
Moodအတွက်ပဲဖြစ်ဖြစ် ရိုက်ကွင်းအတွက်ပဲဖြစ်ဖြစ် ဆက်တင်လုပ်ရတာဟာ စီးပွားရေးအရ ဓာတ်ပုံရိုက်တဲ့အခါ အရေးအကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။သင်အနေနဲ့ Freelancerပဲလုပ်လုပ်၊ လက်ထောက်ဝန်ထမ်းတစ်ယောက်အနေနဲ့ပဲ လုပ်လုပ် လင်းအမှောင်ကအစ နေရာအထားအသိုအဆုံး Direction ပေးရမှာဖြစ်လို့စိတ်ကူးစိတ်သန်းကောင်းမွန်တဲ့သူတွေအတွက် အလုပ်တစ်ခုပါ။


စာဖို့မှုး
အစားအသောက်တွေကို ချက်တဲ့အခါမှာလည်း အရသာရှိအောင် ဘယ်လိုပေါင်းစပ်ရမလဲ ဘာတွေလိုအပ်လဲဆိုတာ သိဖို့လိုအပ်သလို အရသာကို မြည်းစမ်းတတ်ဖို့လည်း လိုပါတယ်။ သင်အနေနဲ့ကိုယ်ပိုင် ဟင်းလျာတွေကို ဖန်တီးနိုင်သလို အမြင်လှအောင် ၊စားချင်သဖွယ်ဖြစ်အောင် ဖန်တီးတတ်ဖို့ကလည်း အရေးကြီးလို့ သင့်တော်မယ့် အသက်မွေးဝမ်းကြောင်းတစ်ခုပါပဲ။


ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ
သူလည်း မပါမဖြစ်ဆိုတာ သိပ်သေချာတာပေါ့။ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်ရတာက လိုင်းတွေ၊ကုဒ်တွေနဲ့ ကွန်ပြူတာကြားက အချိတ်အဆက်တွေကြားမှာ နေနေရတာပါပဲ။ ဒါပေမယ့် ရွေးချယ်စရာတွေက ဝက်ဆိုက်ဘ်တွေ၊ဒီဇိုင်းတွေ ဒါမှမဟုတ် အပလီကေးရှင်းတွေပဲ ရှိတဲ့အပြင် မျက်လုံးတွေအတွက် အနားမရမယ့် အလုပ်တစ်ခုဆို မမှားပါဘူး။

ဆံပင်အလှပညာရှင်
သင့်အနေနဲ့ပစ္စည်းကိရိယာခပ်နည်းနည်းနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ကိုလုံးဝပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဆံပင်ကလူတစ်ယောက်ရဲ့ဒုတိယမျက်နှာလေ။ မျက်နှာပုံစံကိုလိုက်ပြီးဘယ်လိုပြောင်းလဲပေးရမလဲ၊ မတူညီတဲ့ ဆံပင်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အမြင်ကောင်းကောင်းရှိဖို့လိုပါတယ်။

Interior Designer
သင့်ရဲ့ ဖန်တီးနိုင်တဲ့ ကျွမ်းကျင်မှုတွေက သင့်ရဲ့ ပါတနာတွေ၊ဖောက်သည်တွေ သူတို့ရဲ့အိမ်တွေ၊ ရုံးခန်းတွေကို အလှဆင်ဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ သင်လုပ်ရမှာ ကတော့ အခန်းဖွဲ့စည်းပုံတွေ၊အရောင်အတွဲအစပ်တွေနဲ့ အိမ်ထောင်ပရိဘောဂတွေကို အမြင်ဆန်းသစ်အောင်ထားပြီး နေချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ရမှာပါ။ သင့်ရဲ့ ဖောက်သည်တွေအတွက် သူတို့လိုအပ်တွေကို ဖြေရှင်းပေးပြီးလှပတဲ့နေရာတစ်ခု ဖန်တီးပေးရမှာပါ။

စာရေးဆရာ
သင့်အနေနဲ့ စာရေးဆရာပဲဖြစ်ဖြစ် ၊ဂျာနယ်လစ်ပဲ ဖြစ်ဖြစ် ဒီအသက်မွေးဝမ်းကြောင်းရဲ့ အခြားတစ်ဖက်မှာစိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ဖန်တီးနိုင်မှု အပြင်အခြားအရာတွေလည်း ရှိနေပါတယ်။အကြံဉာဏ်တွေကိုရွေးချယ်တာ၊ဝတ္ထုတွေကိုရေးတာ၊ခေါင်းစဉ်စဉ်းစားတာတွေကအစ ဒီအလုပ်အတွက် အလွန်အရေးကြီးပါတယ်။

ပန်းအလှပညာရှင်
သင့်အနေနဲ့ ပန်းစည်းတစ်စည်းကို လှလှလေးဖြစ်အောင်ကြိုးစားပြီးလုပ်ဖူးခဲ့တယ်ဆိုရင် ဒါကမလွယ်ကူဘူးဆိုတာ သိမှာပါ။ ပန်းတွေကို လှပအောင်စီစဉ်ရတာနဲ့ ဘယ်အမျိုးအစားတွေကို တူညီအောင်ထားရမလဲဆိုတာ ပဟေဠိကို ဖြေနေရသလိုပါပဲ။ သင့်အတွက် အဆင်ပြေနိုင်မှာပါ။

ဆရာ၊ဆရာမ
သင်က ဂီတသင်တဲ့ဆရာ၊ပြဇာတ်တွေအကြောင်း ပို့ချရတဲ့ဆရာမဟုတ်တောင်မှ စာသင်ခန်းထဲမှာ နေရတာ ခေါင်းစားရပါတယ်။သချၤာ၊သိပ္ပံစတဲ့ဘာသာရပ်တွေမှာကျောင်းသားတွေ နားလည်လာအောင်၊ စိတ်ဝင်စားပြီး စာသင်ရာမှာပျော်ရွှင်တက်ကြွဖို့ အများကြီး စဉ်းစားရပါတယ်။

Art Director
Art directorတွေက ကုမ္ပဏီတွေအတွက် ဆန်းသစ်တဲ့ အမြင်တွေ ဖန်တီးပေးနေရသူတွေလို့ပြောလို့ ရပါတယ်။ သူတို့တွေဟာ ကုမ္ပဏီတစ်ခု သို့မဟုတ် တံဆိပ်တစ်ခုမှာဘယ်လိုအလှအပနဲ့စတိုင်လ်တွေ ရှိလဲဆိုတာ တွေးရပါတယ်။ဒါ့အပြင် တကယ့်လူနေမှုဘဝပုံစံအတိုင်း ရုပ်လုံးပေါ်အောင် ရိုက်ကူးရေးလုပ်တဲ့အခါမှာ အနုပညာရှင်တွေကိုကြီးကြပ်ပေးရပါတယ်။

Marketing Associate
ဒီအလုပ်က ခေါင်းထဲမှာအမြဲတွေးတောနေရတဲ့အလုပ်ဖြစ်ပြီး လူအများနဲ့ပါ ဆက်ဆံတတ်ဖို့လိုအပ်ပါတယ်။သင်ရဲ့ အပြောစွမ်းရည်နဲ့ ဖြတ်ထိုးဉာဏ်တွေကို ဒီနေရာမှာကောင်းကောင်းကြီး အသုံးချရမှာပါ။


Credit  : Trend Myanmar


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top