iMyanmarHouse.com - Best Property Website for Myanmar
×


၁ - လူမှုရေး


၂ - ပျော်စရာ အစီစဉ်


၃ - အလုပ်ကို အာရုံစိုက်


၎ - အလုပ်စားပွဲ


Credit : Duwun



Unicode Version

ပြဿနာတစ်ခု ရှိနေပြီဆိုတာနဲ့ အားလုံးကို အပြစ်မြင်တဲ့ အကျင့်မျိုး လူတွေမှာ ရှိတတ်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာနူနယ်တာ၊မရင့်ကျက်တဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုအတွက်နဲ့ အိမ်နဲ့ အလုပ်မှာပါ တစ်ချိန်လုံး စိတ်ညစ်နေရတဲ့ အဖြစ်မျိုး ရောက်တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ဖို့ သိထားသင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁ - လူမှုရေး

အလုပ်ထဲမှာ လူမှုဆက်ဆံရေး ဒီ့ထက်ပိုရှိရမှာပါ။ အလုပ်ပြီးတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူသွားသောက်တာ၊ ညစာ သွားစားတာမျိုး ရှိသင့်ပါတယ်။ အလုပ်ထဲက လူတွေနဲ့သင့်ရဲ့ ဆက်ဆံရေးကို ဒီ့ထက်ပိုဖြန့်ကျက်သင့်ပါတယ်။ သင်ပေါင်းလို့ သင်းလို့ရမယ့် သူနဲ့ သူငယ်ချင်းဆက်ဆံရေးမျိုး တည်ဆောက်ထားသင့်ပါတယ်။

၂ - ပျော်စရာ အစီစဉ်

သင့်ကုမ္ပဏီက ကမ်းလှမ်းတဲ့ ပျော်စရာ အစီစဉ်တွေမှန်သမျှကို လက်ခံပါ။ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါ။ လေ့ကျင့်ခန်းအစီစဉ်၊ မုန့်စုစားတဲ့ အစီစဉ် စတဲ့ ကိစ္စရပ်တွေ အကုန်လုံးမှာ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ ပိုက်ဆံ အကုန်အကျမရှိဘဲ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖျောက်နိုင်မယ့် နည်းလည်း ဖြစ်ပါတယ်။

၃ - အလုပ်ကို အာရုံစိုက်

အလုပ်ကို အပြည့်အဝ အာရုံစိုက်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ပရောဂျက်အသစ်တွေ၊ အားစိုက်လုပ်ရမယ့်အလုပ်တွေကို ဖိဖိစီစီး လုပ်လိုက်တာ ဖြစ်ပါတယ်။  ဒီလိုအလုပ်မှာ နှစ်မြှပ်နေထိုင်လိုက်ခြင်းဟာ သင့်ပြဿနာကို မေ့သွားသလို လုပ်ငန်းခွင်မှာ သင့်ရဲ့ အနေအထားဟာ အများလေးစားစရာ ဖြစ်လာပါတယ်။

၄ - အလုပ်စားပွဲ

သင့်အလုပ်စားပွဲကလည်း ရှင်းရှင်းလင်းလင်းနဲ့ သက်သောင့်သက်သာ ဖြစ်နေဖို့ လိုပါတယ်။ ဒီလို မဖြစ်ဘူးဆိုရင် သင့်စားပွဲကို အချိန်ယူ ရှင်းလင်းသင့်ပါတယ်။ ရှင်းလင်းတဲ့ အလုပ်စားပွဲဟာ သင်ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျသလို အလုပ်လည်း ပိုတွင်ပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top