iMyanmarHouse.com - Best Property Website for Myanmar
×

ဘိုထိုင္အိမ္သာကိုအသံုးျပဳသူအခ်ိဳ ့သည္ သန္ ့ရွင္းမႈကိုဂရုစိုက္သည့္အေနျဖင့္ အိမ္သာအခံခြက္ေပၚတြင္ တစ္ရွဴးစကၠဴမ်ားကို အထပ္လိုက္ခင္းကာ အသံုးျပဳတတ္ၾကရာ၀ယ္ မည္သည့္အက်ိဳးထူးကိုမွခံစားရမည္ မဟုတ္ဘဲ အခန္ ့မသင့္လ်င္ ဆိုးက်ိဳးပင္သက္ေရာက္နုိင္ေၾကာင္း အေမရိကန္က်န္းမာေရးသုေတသီမ်ား က ေျပာသည္။ ဘိုထိုင္အိမ္သာအခံခြက္ဆိုတာ အသံုးျပဳသူတုိင္းရဲ ့အညစ္အေၾကးစြန္ ့အဂၤါနဲ ့အနီးကပ္ဆံုး ထိေတြ ့ေန တဲ့အရာျဖစ္လို ့ ရြံတတ္သူေတြက တစ္ရွဴးေတြခင္းျပီး အသံုးျပဳတတ္ၾကပါတယ္။

တကယ္လည္း အဲဒီ အိမ္သာအခံခြက္ေပၚမွာ ဘယ္လိုဗက္တီးရီးယားေတြ၊ ပိုးမႊားေတြ ရွိေနနိုင္မလဲဆိုတာ ဘယ္သူမွ မသိၾက သလို တကယ္ေကာရွိျပီး တကယ္ေကာ လူကိုအႏၱရာယ္ျပဳနိုင္လို ့လားဆိုတာကိုလည္း ေသခ်ာမသိၾက ပါဘူး။ ေသခ်ာတာက အိမ္သာအခံခြက္ေပၚ တစ္ရွဴးစကၠဴခင္းလိုက္ရံုနဲ ့ ပိုးမႊားေတြ မကူးစက္ေအာင္ ကာ ကြယ္ရာမေရာက္သလို အိမ္သာအခံခြက္ေပၚကေနလည္း ဗက္တီးရီးယား ကူးစက္ ခံရနို္င္ဖုိ ့ အလားအလာ အလြန္နည္းပါတယ္။ ဒါေပမယ့္ တစ္ရွဴးစကၠဴေတြကေနေတာ့ ဗက္တီးရီးယား ကူးစက္နုိင္ပါတယ္ဟု သုေတသီတစ္ဦးက ေျပာျပသည္။ဗက္တီးရီးယားပိုးမႊားမ်ားသည္ အလြန္ေသးငယ္ေၾကာင္း ၊ ၄င္းတို ့အတြက္ တစ္ရွဴးစကၠဴမ်ားရွိ လူမျမင္နိုင္ သည့္အေပါက္ငယ္ေလးမ်ားမွာ ဧရာမအေပါက္ၾကီးမ်ားျဖစ္ေၾကာင္း၊ ထို ့ေၾကာင့္ တစ္ရွဴးတေထြးၾကီးခင္းျပီး ထိုင္ေသာျငား ဗက္တီးရီးယား ကူးစက္ရန္ရွိလ်င္ ကူးစက္မည္ပင္ျဖစ္ေၾကာင္း၊ သို ့ေသာ္ အမွန္တစ္ကယ္ တြင္ အိမ္သာအခံခြက္မွ ဗက္တီးရီးယားမ်ားက လူထံကူးစက္နုိင္ေျခမွာ အစကတည္းက မရွိေၾကာင္း ၄င္းက ဆက္လက္ ရွင္းျပသည္။

တကယ္တမ္းမွာ ဗက္တီးရီးယားေတြက ကိစၥျပီးလို ့ေရဆြဲခ်လိုက္တဲ့အခ်ိန္မွာ အမ်ားဆံုးပ်ံ ့ပါတယ္။ အဲဒီ ေရဆြဲခ်လိုက္တဲ့အရွိန္ေၾကာင့္ မစင္အမႈန္အမႊားေလးေတြက ေလထဲမွာပ်ံ ့သြားပါတယ္။ အဲဒီကေန မစင္ အမႈန္ေလးေတြက လူရဲ ့ကိုယ္ေပၚမွာ၊ လက္ေတြမွာ၊ မ်က္နွာေတြေပၚမွာ လႊင့္စင္ကပ္ျငိသြားတဲ့အျပင္ မ်က္လံုး၊ နွာေခါင္း၊ ပါးစပ္ အစရွိတာေတြထဲကိုလည္း ၀င္သြားပါတယ္ဟု ၄င္းက ျဖည့္စြက္ရွင္းျပသည္။ ထို ့ေၾကာင့္ ဘိုထိုင္အိမ္သာအသံုးျပဳသူမ်ားအေနျဖင့္ အိမ္သာအခံခြက္ကို မသတီပဲ စိတ္သန္ ့ေအာင္ဟု ဆိုတာ တစ္ရွဴးမ်ားအေထြးလိုက္ခင္းကာအသံုးျပဳျခင္းသည္ မည္သည့္အကာအကြယ္မွမေပးနိုင္ေၾကာင္း၊ ကိစၥျပီး၍ ေရဆြဲခ်ေသာအခါ အိမ္သာအခံခြက္ကို အဖံုးပိတ္ျပီးမွ ေရဆြဲခ်ျခင္းျဖင့္သာ ဗက္တီးရီးယား ကူး စက္ခံရမႈကို မ်ားစြာကာကြယ္နို္င္မည္ျဖစ္ေၾကာင္း သိရသည္။


Credit:ရတနာပုံ သတင္းစာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘိုထိုင်အိမ်သာကိုအသုံးပြုသူအချို့သည် သန့်ရှင်းမှုကိုဂရုစိုက်သည့်အနေဖြင့် အိမ်သာအခံခွက်ပေါ်တွင် တစ်ရှူးစက္ကူများကို အထပ်လိုက်ခင်းကာ အသုံးပြုတတ်ကြရာဝယ် မည်သည့်အကျိုးထူးကိုမှခံစားရမည် မဟုတ်ဘဲ အခန့်မသင့်လျင် ဆိုးကျိုးပင်သက်ရောက်နိုင်ကြောင်း အမေရိကန်ကျန်းမာရေးသုတေသီများ က ပြောသည်။ ဘိုထိုင်အိမ်သာအခံခွက်ဆိုတာ အသုံးပြုသူတိုင်းရဲ့အညစ်အကြေးစွန့်အင်္ဂါနဲ့အနီးကပ်ဆုံး ထိတွေ့နေ တဲ့အရာဖြစ်လို့ ရွံတတ်သူတွေက တစ်ရှူးတွေခင်းပြီး အသုံးပြုတတ်ကြပါတယ်။

တကယ်လည်း အဲဒီ အိမ်သာအခံခွက်ပေါ်မှာ ဘယ်လိုဗက်တီးရီးယားတွေ၊ ပိုးမွှားတွေ ရှိနေနိုင်မလဲဆိုတာ ဘယ်သူမှ မသိကြ သလို တကယ်ကောရှိပြီး တကယ်ကော လူကိုအန္တရာယ်ပြုနိုင်လို့လားဆိုတာကိုလည်း သေချာမသိကြ ပါဘူး။ သေချာတာက အိမ်သာအခံခွက်ပေါ် တစ်ရှူးစက္ကူခင်းလိုက်ရုံနဲ့ ပိုးမွှားတွေ မကူးစက်အောင် ကာ ကွယ်ရာမရောက်သလို အိမ်သာအခံခွက်ပေါ်ကနေလည်း ဗက်တီးရီးယား ကူးစက် ခံရနိုင်ဖို့ အလားအလာ အလွန်နည်းပါတယ်။ ဒါပေမယ့် တစ်ရှူးစက္ကူတွေကနေတော့ ဗက်တီးရီးယား ကူးစက်နိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ဗက်တီးရီးယားပိုးမွှားများသည် အလွန်သေးငယ်ကြောင်း ၊ ၎င်းတို့အတွက် တစ်ရှူးစက္ကူများရှိ လူမမြင်နိုင် သည့်အပေါက်ငယ်လေးများမှာ ဧရာမအပေါက်ကြီးများဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ရှူးတထွေးကြီးခင်းပြီး ထိုင်သောငြား ဗက်တီးရီးယား ကူးစက်ရန်ရှိလျင် ကူးစက်မည်ပင်ဖြစ်ကြောင်း၊ သို့သော် အမှန်တစ်ကယ် တွင် အိမ်သာအခံခွက်မှ ဗက်တီးရီးယားများက လူထံကူးစက်နိုင်ခြေမှာ အစကတည်းက မရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

တကယ်တမ်းမှာ ဗက်တီးရီးယားတွေက ကိစ္စပြီးလို့ရေဆွဲချလိုက်တဲ့အချိန်မှာ အများဆုံးပျံ့ပါတယ်။ အဲဒီ ရေဆွဲချလိုက်တဲ့အရှိန်ကြောင့် မစင်အမှုန်အမွှားလေးတွေက လေထဲမှာပျံ့သွားပါတယ်။ အဲဒီကနေ မစင် အမှုန်လေးတွေက လူရဲ့ကိုယ်ပေါ်မှာ၊ လက်တွေမှာ၊ မျက်နှာတွေပေါ်မှာ လွှင့်စင်ကပ်ငြိသွားတဲ့အပြင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် အစရှိတာတွေထဲကိုလည်း ဝင်သွားပါတယ်ဟု ၎င်းက ဖြည့်စွက်ရှင်းပြသည်။ ထို့ကြောင့် ဘိုထိုင်အိမ်သာအသုံးပြုသူများအနေဖြင့် အိမ်သာအခံခွက်ကို မသတီပဲ စိတ်သန့်အောင်ဟု ဆိုတာ တစ်ရှူးများအထွေးလိုက်ခင်းကာအသုံးပြုခြင်းသည် မည်သည့်အကာအကွယ်မှမပေးနိုင်ကြောင်း၊ ကိစ္စပြီး၍ ရေဆွဲချသောအခါ အိမ်သာအခံခွက်ကို အဖုံးပိတ်ပြီးမှ ရေဆွဲချခြင်းဖြင့်သာ ဗက်တီးရီးယား ကူး စက်ခံရမှုကို များစွာကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


Credit:ရတနာပုံ သတင်းစာ


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top