iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ခ်ိန္ မ်ားမ်ား ပိုလုပ္လို႔ လုပ္ငန္းေဆာင္တာေတြ ျမန္ျမန္ ၿပီးစီးမယ္ ဆိုတာ ေယဘုယ်အားျဖင့္ ၾကည့္မယ္ဆိုရင္ မွန္တယ္လို႔ ယူဆႏိုင္ေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ လြဲမွားတဲ့ ထင္ျမင္ခ်က္သာ ျဖစ္တယ္လို႔ ပညာရွင္ေတြကေတာ့ ေထာက္ျပလိုက္ပါတယ္။ တစ္ေန႔ကို ရွစ္နာရီနဲ႔ တစ္ပတ္မွာ ငါးရက္ အတြက္ နာရီေလးဆယ္ဆိုတာ ႏိုင္ငံအမ်ားစု စံသတ္မွတ္ထားတဲ့အလုပ္ခ်ိန္ျဖစ္ေပမဲ့ တစ္ပတ္ကို နာရီ ငါးဆယ္၊ ေျခာက္ဆယ္နဲ႔ ခုနစ္ဆယ္အထိ အလုပ္လုပ္ရတဲ့အလုပ္သမားဦးေရ အေရအတြက္ကလည္း မ်ားသထက္ မ်ားလာေနၿပီး အလုပ္ကို ဒုတိယအိမ္လိုေတာင္ သေဘာထားေနရသလို ျဖစ္ေနပါတယ္။

အလုပ္နဲ႔ပတ္သက္လို႔ ေလ့လာစမ္းစစ္သူေတြထဲက ထိပ္တန္းငါးဦးမွာ တစ္ဦးအပါအ၀င္ျဖစ္တဲ့ K. Anders Ericsson ရဲ႕ လက္ေတြ႕သုေတသနျပဳခ်က္အရ လူတစ္ဦး အလုပ္လုပ္ႏိုင္တဲ့ အျမင့္ဆံုး စြမ္းအားဟာ တစ္ရက္မွာ ေလး၊ ဒါမွမဟုတ္ ငါးနာရီသာ ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး စြမ္းရည္ အျမင့္ဆံုးကို ေရာက္ရွိသြားၿပီးေနာက္မွာေတာ့ လုပ္ေဆာင္ႏိုင္မႈလည္း ေလ်ာ့က်သြားတာနဲ႔အတူ ျမန္ျမန္ ၿပီးရမယ့္အစားလည္း ေ၀့လည္ေၾကာင္ပတ္နဲ႔ အခ်ိန္ဆြဲၿပီး ၾကာေနမွာျဖစ္သလို အလုပ္မွာ ဒုကၡခံရသလို ျဖစ္ေနမယ္လို႔ ဆိုထားပါတယ္။

Online Technology School ျဖစ္တဲ့ Treehouse ကုမၸဏီရဲ႕ စီအီးအို Ryan Carson ဟာ ၂၀၀၆ ခုႏွစ္မွာ တစ္ပတ္ အလုပ္ခ်ိန္ ၃၂ နာရီသာ ေျပာင္းလဲခဲ့ၿပီး အဲဒီအခ်ိန္ကစလို သူ႕ရဲ႕ ၀န္ထမ္းေတြ ပိုၿပီး ေပ်ာ္ရႊင္လာခဲ့ၾကသလို လုပ္ငန္းပိုင္းဆိုင္ရာ စြမ္းအား ျမင့္တက္လာတာနဲ႔ ပတ္သက္လို႔ “ကုမၸဏီဟာ ဒီေန႔ အရမ္း ေအာင္ျမင္ေနပါၿပီ၊ ကုမၸဏီရဲ႕ ႏွစ္စဥ္ အျမတ္ေငြကလည္း ေဒၚလာ သန္းေပါင္းမ်ားစြာပါပဲ၊ ၀န္ထမ္းေတြဆိုရင္ ေန႔တိုင္း အလုပ္ကိုလာဖို႔ ေပ်ာ္ေနၾကတယ္” လို႔ ဆိုပါတယ္။ အလားတူပဲ Web Development Company တစ္ခုျဖစ္တဲ့ Reusser Design ကုမၸဏီဆိုရင္လည္း ၂၀၁၃ ခုႏွစ္ကစလို႔ တစ္ပတ္ အလုပ္ခ်ိန္ ေလးရက္ သတ္မွတ္ခဲ့ၿပီး “၀န္ထမ္းေတြဟာ ေသာၾကာလိုေန႔မ်ဳိးမွာ အခ်ိန္ပို ဆင္းရတယ္ ဆိုရင္ေတာင္ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ပိုေကာင္းလာတယ္” လို႔ ကုမၸဏီ တည္ေထာင္သူ Nate Reusser က ဆိုပါတယ္။

ပညာေရးနဲ႔ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စု၊ ကိုလိုရာဒိုျပည္နယ္မွာ Grade 4th and 5th က ေက်ာင္းသားေတြကို တစ္ပတ္ ေလးရက္သာ ေက်ာင္းတက္ေစၿပီး လက္ေတြ႕သုေတသန ျပဳလုပ္ၾကည့္ရာမွာေတာ့ တစ္ပတ္ကို ငါးရက္ တက္တဲ့ ေက်ာင္းသားေတြထက္ အဖတ္စြမ္းရည္နဲ႔ သခ်ၤာစြမ္းရည္တို႔မွာ ၆ ရာခိုင္ႏႈန္းနဲ႔ ၁၂ ရာခိုင္ႏႈန္းစီ ျမင့္တက္လာတယ္လို႔ ဆိုထားပါတယ္။ ဒါ႔ျပင္ ၂၀၀၈ ခုႏွစ္မွာ ႀကံဳေတြ႕ခဲ့ရတဲ့ စီးပြားေရးပ်က္ကပ္မွာ Utah ျပည္နယ္ အစိုးရ ထပ္ပိုင္းအရာရွိ Jon Huntsman ဟာ အစိုးရ၀န္ထမ္း ၇၅ ရာခိုင္ႏႈန္း နီးပါးကို တစ္ရက္ အလုပ္ခ်ိန္ ၁၀ နာရီနဲ႔ တစ္ပတ္ ေလးရက္ ေျပာင္းလဲခဲ့ၿပီး အက်ဳိးဆက္အေနနဲ႔ အလုပ္ခ်ိန္ ေလ်ာ့မသြားေစဘဲ ေလေအးေပးစက္ အတြက္ လွ်ပ္စစ္ဓာတ္အား အျပင္ ႐ံုးအေဆာက္အအံုေတြအတြက္ တျခား စြမ္းအင္ကုန္က်စရိတ္ပါ ေလွ်ာ့ခ်၊ သက္သာေစႏိုင္ခဲ့သလို ၀န္ထမ္းေတြကလည္း ပိတ္ရက္ ပိုရတာကို ေက်နပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Credit : momolay


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အလုပ်ချိန် များများ ပိုလုပ်လို့ လုပ်ငန်းဆောင်တာတွေ မြန်မြန် ပြီးစီးမယ် ဆိုတာ ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မှန်တယ်လို့ ယူဆနိုင်ပေမဲ့ တကယ့်လက်တွေ့မှာတော့ လွဲမှားတဲ့ ထင်မြင်ချက်သာ ဖြစ်တယ်လို့ ပညာရှင်တွေကတော့ ထောက်ပြလိုက်ပါတယ်။ တစ်နေ့ကို ရှစ်နာရီနဲ့ တစ်ပတ်မှာ ငါးရက် အတွက် နာရီလေးဆယ်ဆိုတာ နိုင်ငံအများစု စံသတ်မှတ်ထားတဲ့အလုပ်ချိန်ဖြစ်ပေမဲ့ တစ်ပတ်ကို နာရီ ငါးဆယ်၊ ခြောက်ဆယ်နဲ့ ခုနစ်ဆယ်အထိ အလုပ်လုပ်ရတဲ့အလုပ်သမားဦးရေ အရေအတွက်ကလည်း များသထက် များလာနေပြီး အလုပ်ကို ဒုတိယအိမ်လိုတောင် သဘောထားနေရသလို ဖြစ်နေပါတယ်။

အလုပ်နဲ့ပတ်သက်လို့ လေ့လာစမ်းစစ်သူတွေထဲက ထိပ်တန်းငါးဦးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ K. Anders Ericsson ရဲ့ လက်တွေ့သုတေသနပြုချက်အရ လူတစ်ဦး အလုပ်လုပ်နိုင်တဲ့ အမြင့်ဆုံး စွမ်းအားဟာ တစ်ရက်မှာ လေး၊ ဒါမှမဟုတ် ငါးနာရီသာ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး စွမ်းရည် အမြင့်ဆုံးကို ရောက်ရှိသွားပြီးနောက်မှာတော့ လုပ်ဆောင်နိုင်မှုလည်း လျော့ကျသွားတာနဲ့အတူ မြန်မြန် ပြီးရမယ့်အစားလည်း ဝေ့လည်ကြောင်ပတ်နဲ့ အချိန်ဆွဲပြီး ကြာနေမှာဖြစ်သလို အလုပ်မှာ ဒုက္ခခံရသလို ဖြစ်နေမယ်လို့ ဆိုထားပါတယ်။

Online Technology School ဖြစ်တဲ့ Treehouse ကုမ္ပဏီရဲ့ စီအီးအို Ryan Carson ဟာ ၂၀၀၆ ခုနှစ်မှာ တစ်ပတ် အလုပ်ချိန် ၃၂ နာရီသာ ပြောင်းလဲခဲ့ပြီး အဲဒီအချိန်ကစလို သူ့ရဲ့ ဝန်ထမ်းတွေ ပိုပြီး ပျော်ရွှင်လာခဲ့ကြသလို လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းအား မြင့်တက်လာတာနဲ့ ပတ်သက်လို့ “ကုမ္ပဏီဟာ ဒီနေ့ အရမ်း အောင်မြင်နေပါပြီ၊ ကုမ္ပဏီရဲ့ နှစ်စဉ် အမြတ်ငွေကလည်း ဒေါ်လာ သန်းပေါင်းများစွာပါပဲ၊ ဝန်ထမ်းတွေဆိုရင် နေ့တိုင်း အလုပ်ကိုလာဖို့ ပျော်နေကြတယ်” လို့ ဆိုပါတယ်။ အလားတူပဲ Web Development Company တစ်ခုဖြစ်တဲ့ Reusser Design ကုမ္ပဏီဆိုရင်လည်း ၂၀၁၃ ခုနှစ်ကစလို့ တစ်ပတ် အလုပ်ချိန် လေးရက် သတ်မှတ်ခဲ့ပြီး “ဝန်ထမ်းတွေဟာ သောကြာလိုနေ့မျိုးမှာ အချိန်ပို ဆင်းရတယ် ဆိုရင်တောင် သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ ပိုကောင်းလာတယ်” လို့ ကုမ္ပဏီ တည်ထောင်သူ Nate Reusser က ဆိုပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်မှာ Grade 4th and 5th က ကျောင်းသားတွေကို တစ်ပတ် လေးရက်သာ ကျောင်းတက်စေပြီး လက်တွေ့သုတေသန ပြုလုပ်ကြည့်ရာမှာတော့ တစ်ပတ်ကို ငါးရက် တက်တဲ့ ကျောင်းသားတွေထက် အဖတ်စွမ်းရည်နဲ့ သချၤာစွမ်းရည်တို့မှာ ၆ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းစီ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။ ဒါ့ပြင် ၂၀၀၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးပျက်ကပ်မှာ Utah ပြည်နယ် အစိုးရ ထပ်ပိုင်းအရာရှိ Jon Huntsman ဟာ အစိုးရဝန်ထမ်း ၇၅ ရာခိုင်နှုန်း နီးပါးကို တစ်ရက် အလုပ်ချိန် ၁၀ နာရီနဲ့ တစ်ပတ် လေးရက် ပြောင်းလဲခဲ့ပြီး အကျိုးဆက်အနေနဲ့ အလုပ်ချိန် လျော့မသွားစေဘဲ လေအေးပေးစက် အတွက် လျှပ်စစ်ဓာတ်အား အပြင် ရုံးအဆောက်အအုံတွေအတွက် တခြား စွမ်းအင်ကုန်ကျစရိတ်ပါ လျှော့ချ၊ သက်သာစေနိုင်ခဲ့သလို ဝန်ထမ်းတွေကလည်း ပိတ်ရက် ပိုရတာကို ကျေနပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


Credit : momolay




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top