iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္နံ႔ဆိုး႐ြားျခင္းဟာ ကိုယ္တုိင္အတြက္သာမက ေဘးလူေတြအတြက္ပါ စိတ္မသက္သာျဖစ္ရတဲ့ ကိစၥတစ္ခုပါ။ ဘယ္ေလာက္ပဲ ေရခ်ိဳးခ်ိဳး အေမႊးနံ႔သာေတြ ဘယ္ေလာက္သံုးသံုး ခ်ိဳင္းၾကားကအနံ႔နဲ႔ ကိုယ္ကထြက္တဲ့ေခၽြးနံ႔က သာမာန္လူေတြထက္ ဆုိး႐ြားေနတာ သိပ္စိတ္ညစ္ဖုိ႔ ေကာင္းပါတယ္။ ေခၽြးအရမ္းမထြက္ဘဲနဲ႔ကို ကိုယ့္အနံ႔အသက္ဆိုးေနသူေတြအတြက္ ေျဖ႐ွင္းႏိုင္မယ့္ နည္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေဆးထိုးျခင္း

Botox ေဆးကို ခ်ိဳင္းေအာက္မွာ ထိုးျခင္းျဖင့္ ခ်ိဳင္းေခၽြးနံ႔နံ႔တာကို သက္သာေစပါတယ္။ ေခၽြးထြက္တာကိုလည္း ၈၇ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်သြားေစပါတယ္။ ေဆးတစ္ႀကိမ္ထိုးထားရင္ ၄ လမွ ၁ နွစ္အထိ ခ်ိဳင္းေခၽြးနံ႔နံ႔တာကို မျဖစ္ေစပါဘူး။

၂။ အစားအေသာက္

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီနဲ႔ အပူအစပ္မ်ားတဲ့ အစားအစာေတြက ခံတြင္းနံ႔ဆိုးေစ႐ံုသာမက ကိုယ္နံ႔ကိုပါ သက္ေရာက္မႈရွိပါတယ္။ အပူအစပ္နဲ႔ အရသာျပင္းျပင္းေတြကို စားၿပီးတုိင္း ပူ႐ွိန္းေလး ငံုေပးရင္ေတာ့ အနံ႔ထြက္တာ သက္သာပါတယ္။ ဒါေပမဲ့ ေလွ်ာ့စားမွသာ အနံ႔ဆိုးထြက္တာ သက္သာမွာပါ။

၃။ စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈေတြက သင့္ရဲ႕အလွအပနဲ႔ က်န္းမာေရးကို ယိုယြင္းပ်က္စီးေစတာ သိပါသလား။ စိတ္တုိလာတဲ့အခါ ခႏၶာကိုယ္က အပူရွိန္ျမင့္တက္လာၿပီး ေခၽြးပိုထြက္ေစပါတယ္။ အထူးသျဖင့္ ခ်ိဳင္းၾကား၊ ေပါင္ျခံၾကားက apocrine ဂလင္းထံကေန ပ်စ္ေစးတဲ့အရည္ေတြ ထြက္လာေစပါတယ္။ ယင္းအရည္ေၾကာင့္ ဘက္တီးရီးယားေတြ ေပါက္ပြားကာ ခႏၶာကိုယ္အနံ႔အသက္ ဆိုးရြားေစႏုိင္ပါတယ္။ စိတ္တည္ၿငိမ္ေစမယ့္ က်င့္စဥ္ေတြ ျပဳလုပ္သင့္ပါတယ္။

၄။ အဝတ္အစား

သက္ေတာင့္သက္သာ႐ွိတဲ့ ပြပြေခ်ာင္ေခ်ာင္ အထည္ေတြကို ေရြးခ်ယ္ပါ။ အဝတ္က်ပ္က်ပ္ေတြနဲ႔ သက္ေတာင့္သက္သာမရွိတဲ့ အထည္ေတြက ေခၽြးစိုရင္ လြယ္လြယ္နဲ႔မေျခာက္ေတာ့ဘဲ အနံ႔ကို ပိုဆိုးရြားေစပါတယ္။

၅။ ခ်ိဳင္းေမႊးရိတ္

ခ်ိဳင္းၾကားကို သန္႔ရွင္းေအာင္ ထားေပးပါ။ ခ်ိဳင္းေမႊးေတြရွည္ၿပီး ေၾကး (ဂ်ီး)ေတြ ကပ္ေနတဲ့အခါ အနံ႔ဆိုးေတြ ထြက္ေစပါတယ္။ ကိုယ္န႔ံမေကာင္းတဲ့လူေတြဟာ ခ်ိဳင္းေမႊး႐ွည္ေနရင္ အနံ႔ပိုဆုိးလာႏိုင္ပါတယ္။

၆။ ပန္းသီးအရက္႐ွာလကာ

Apple cider vinegar (ပန္းသီးအရက္႐ွလကာရည္)၊ သံပရာရည္တုိ႔ဟာ ဘက္တီးရီးယားေတြ ေပါက္ပြားမႈကို ဟန္႔တားေပးႏုိင္ပါတယ္။ အနံ႔ဆိုးေတြ မျပန္႔လြင့္ေအာင္ ထိန္းထားႏုိင္စြမ္းလည္း ရွိပါတယ္။ ခ်ိဳင္းၾကားကို သုတ္လိမ္းေပးထားပါ။ ေရစိမ္ခ်ိဳးတဲ့အခါ ထည့္ၿပီးစိမ္ေပးရင္လည္း ေခၽြးေပါက္ေလးေတြကို သန္႔ရွင္းေစၿပီး အနံ႔ဆိုးေတြမထြက္ေအာင္ဟန္႔တားေပးပါလိမ့္မယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


ကိုယ်နံ့ဆိုးရွားခြင်းဟာ ကိုယ်တိုင်အတွက်သာမက ဘေးလူတွေအတွက်ပါ စိတ်မသက်သာဖြစ်ရတဲ့ ကိစ္စတစ်ခုပါ။ ဘယ်လောက်ပဲ ရေချိုးချိုး အမွှေးနံ့သာတွေ ဘယ်လောက်သုံးသုံး ချိုင်းကြားကအနံ့နဲ့ ကိုယ်ကထွက်တဲ့ချွေးနံ့က သာမာန်လူတွေထက် ဆိုးရွားနေတာ သိပ်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ချွေးအရမ်းမထွက်ဘဲနဲ့ကို ကိုယ့်အနံ့အသက်ဆိုးနေသူတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဆေးထိုးခြင်း

Botox ဆေးကို ချိုင်းအောက်မှာ ထိုးခြင်းဖြင့် ချိုင်းချွေးနံ့နံ့တာကို သက်သာစေပါတယ်။ ချွေးထွက်တာကိုလည်း ၈၇ ရာခိုင်နှုန်းလောက် လျော့ကျသွားစေပါတယ်။ ဆေးတစ်ကြိမ်ထိုးထားရင် ၄ လမှ ၁ နှစ်အထိ ချိုင်းချွေးနံ့နံ့တာကို မဖြစ်စေပါဘူး။

၂။ အစားအသောက်

ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အပူအစပ်များတဲ့ အစားအစာတွေက ခံတွင်းနံ့ဆိုးစေရုံသာမက ကိုယ်နံ့ကိုပါ သက်ရောက်မှုရှိပါတယ်။ အပူအစပ်နဲ့ အရသာပြင်းပြင်းတွေကို စားပြီးတိုင်း ပူရှိန်းလေး ငုံပေးရင်တော့ အနံ့ထွက်တာ သက်သာပါတယ်။ ဒါပေမဲ့ လျှော့စားမှသာ အနံ့ဆိုးထွက်တာ သက်သာမှာပါ။

၃။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေက သင့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ယိုယွင်းပျက်စီးစေတာ သိပါသလား။ စိတ်တိုလာတဲ့အခါ ခန္ဓာကိုယ်က အပူရှိန်မြင့်တက်လာပြီး ချွေးပိုထွက်စေပါတယ်။ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံကြားက apocrine ဂလင်းထံကနေ ပျစ်စေးတဲ့အရည်တွေ ထွက်လာစေပါတယ်။ ယင်းအရည်ကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားကာ ခန္ဓာကိုယ်အနံ့အသက် ဆိုးရွားစေနိုင်ပါတယ်။ စိတ်တည်ငြိမ်စေမယ့် ကျင့်စဉ်တွေ ပြုလုပ်သင့်ပါတယ်။

၄။ အဝတ်အစား

သက်တောင့်သက်သာရှိတဲ့ ပွပွချောင်ချောင် အထည်တွေကို ရွေးချယ်ပါ။ အဝတ်ကျပ်ကျပ်တွေနဲ့ သက်တောင့်သက်သာမရှိတဲ့ အထည်တွေက ချွေးစိုရင် လွယ်လွယ်နဲ့မခြောက်တော့ဘဲ အနံ့ကို ပိုဆိုးရွားစေပါတယ်။

၅။ ချိုင်းမွှေးရိတ်

ချိုင်းကြားကို သန့်ရှင်းအောင် ထားပေးပါ။ ချိုင်းမွှေးတွေရှည်ပြီး ကြေး (ဂျီး)တွေ ကပ်နေတဲ့အခါ အနံ့ဆိုးတွေ ထွက်စေပါတယ်။ ကိုယ်နံ့မကောင်းတဲ့လူတွေဟာ ချိုင်းမွှေးရှည်နေရင် အနံ့ပိုဆိုးလာနိုင်ပါတယ်။

၆။ ပန်းသီးအရက်ရှာလကာ

Apple cider vinegar (ပန်းသီးအရက်ရှလကာရည်)၊ သံပရာရည်တို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အနံ့ဆိုးတွေ မပြန့်လွင့်အောင် ထိန်းထားနိုင်စွမ်းလည်း ရှိပါတယ်။ ချိုင်းကြားကို သုတ်လိမ်းပေးထားပါ။ ရေစိမ်ချိုးတဲ့အခါ ထည့်ပြီးစိမ်ပေးရင်လည်း ချွေးပေါက်လေးတွေကို သန့်ရှင်းစေပြီး အနံ့ဆိုးတွေမထွက်အောင်ဟန့်တားပေးပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top