iMyanmarHouse.com - Best Property Website for Myanmar
×

ႏြားႏုိ႔ကို သိမ္းမယ္ဆုိ ေရခဲေသတၱာထဲမွာပဲ သိမ္းျဖစ္ၾကပါတယ္။ အတိအက် ေျပာရရင္ေတာ့ ႏြားႏို႔ပုလင္းေတြဟာ ေရခဲေသတၱာရဲ႕တံခါးဘက္အျခမ္းက ေဘာင္ေလးထဲမွာ သိမ္းၾကတယ္မဟုတ္လား။ ဒါကို ရပ္တန္႔လိုက္ပါေတာ့။ စားေသာက္စရာေတြကို ေရခဲေသတၱာထဲမွာ သိမ္းဆည္းမယ္ဆုိ သူ႔အဆင့္နဲ႔သူ သိမ္းထားမွ အေကာင္းဆံုးရလဒ္ကို ရရွိမွာပါ။ ေရခဲေသတၱာရဲ႕ အပူခ်ိန္ကေတာ့ ၁ ဒီဂရီစင္တီဂရိတ္မွ ၄ ဒီဂရီစင္တီဂရိတ္အတြင္း ထားရွိတာ အေကာင္းဆံုးျဖစ္ပါတယ္။ အဖံုးဖြင့္ထားၿပီးသား ပုလင္းေတြ၊ ဘူးေတြနဲ႔ ဂ်ယ္လီေတြကို အလံုပိတ္ၿပီး သိမ္းရမွာပါ။

ဆက္စပ္ဖတ္႐ႈဖုိ႔ေဆာင္းပါး ---> ေရခဲေသတၱာထဲမွာ သိမ္းဆည္းသင့္တဲ့ စားစရာေတြ

၁။ အေပၚဆံုးအဆင့္ေတြမွာ ခ်က္စရာမလိုတဲ့ အရာေတြကိုသိမ္းပါ။ ဟင္းက်န္ေတြလိုမ်ိဳးေပါ့။

၂။ အလယ္ဆင့္နဲ႔ ေအာက္ဆင့္ေတြမွာေတာ့ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို သိမ္းဆည္းရမွာျဖစ္ပါတယ္။

၃။ ေအာက္ဆင့္ေတြမွာေတာ့ ထုပ္ပိုးထားတဲ့အသား၊ ငါးေတြကို သိမ္းႏိုင္ပါတယ္။

၄။ အံဆြဲေတြထဲမွာေတာ့ ဟင္းသီးဟင္းရြက္၊ အရြက္သုပ္၊ သစ္သီးေတြကို မူလထုပ္ပိုးထားတဲ့အတုိင္းပဲ သိမ္းထားပါ။ ေအးခဲထားလို႔မသင့္တဲ့ ေဆးဘက္ဝင္အရြက္ေတြကိုလည္း အံဆြဲမွာ သိမ္းသင့္ပါတယ္။

၅။ တံခါးေဘာင္က တန္းေလးေတြမွာေတာ့ ႏြားႏို႔ကို မထားရပါဘူး။ သဘာဝအတုိင္း ၾကာရွည္ခံေအာင္လုပ္ထားတဲ့အရာေတြကို ထားရမွာျဖစ္ပါတယ္။ သစ္သီးယို၊ juice တို႔ကို ထားလိုက္ပါ။

၆။ အသားစိမ္းနဲ႔ ခ်က္ၿပီးသားေတြကို ေရာမထားပါနဲ႔။ ခြဲထားရမွာျဖစ္ပါတယ္။


၇။ ေရခဲေသတၱာကို ပံုမွန္သန္႔ရွင္းေရးလုပ္ပါ။ ေထာင့္ေတြကို သြားတုိက္တံေလးနဲ႔ သန္႔ရွင္းႏိုင္ပါတယ္။

၈။ ေထာပတ္နဲ႔ ေပ်ာ့ေပ်ာင္းတဲ့ခ်ိစ္ေတြကို ခဲေအာင္မထားသင့္ပါဘူး။ အရသာပ်က္သြားႏိုင္ပါတယ္။

၉။ ဥေတြကို အလယ္ဆင့္ေလာက္မွာ ထားရပါမယ္။

၁၀။ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္ေတြကို သိမ္းရာမွာလည္း အမ်ိဳးအစားလိုက္ ခြဲသင့္ပါတယ္။ ေထာပတ္သီး၊ ငွက္ေပ်ာသီး၊ မက္မြန္သီး၊ ဆီးသီးနဲ႔ ခရမ္းခ်ဥ္သီးတုိ႔လို ဂတ္စ္ထုတ္လႊတ္တဲ့ အသီးေတြကေတာ့ ေရခဲေသတၱာမွာ သိမ္းဖုိ႔မသင့္ပါဘူး။
Credit:Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နွားနို့ကို သိမ်းမယ်ဆို ရေခဲသေတ္တာထဲမှာပဲ သိမ်းဖြစ်ကြပါတယ်။ အတိအကျ ပြောရရင်တော့ နွားနို့ပုလင်းတွေဟာ ရေခဲသေတ္တာရဲ့တံခါးဘက်အခြမ်းက ဘောင်လေးထဲမှာ သိမ်းကြတယ်မဟုတ်လား။ ဒါကို ရပ်တန့်လိုက်ပါတော့။ စားသောက်စရာတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆို သူ့အဆင့်နဲ့သူ သိမ်းထားမှ အကောင်းဆုံးရလဒ်ကို ရရှိမှာပါ။ ရေခဲသေတ္တာရဲ့ အပူချိန်ကတော့ ၁ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အတွင်း ထားရှိတာ အကောင်းဆုံးဖြစ်ပါတယ်။ အဖုံးဖွင့်ထားပြီးသား ပုလင်းတွေ၊ ဘူးတွေနဲ့ ဂျယ်လီတွေကို အလုံပိတ်ပြီး သိမ်းရမှာပါ။

ဆက်စပ်ဖတ်ရှုဖို့ဆောင်းပါး ---> ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသင့်တဲ့ စားစရာတွေ

၁။ အပေါ်ဆုံးအဆင့်တွေမှာ ချက်စရာမလိုတဲ့ အရာတွေကိုသိမ်းပါ။ ဟင်းကျန်တွေလိုမျိုးပေါ့။

၂။ အလယ်ဆင့်နဲ့ အောက်ဆင့်တွေမှာတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို သိမ်းဆည်းရမှာဖြစ်ပါတယ်။

၃။ အောက်ဆင့်တွေမှာတော့ ထုပ်ပိုးထားတဲ့အသား၊ ငါးတွေကို သိမ်းနိုင်ပါတယ်။

၄။ အံဆွဲတွေထဲမှာတော့ ဟင်းသီးဟင်းရွက်၊ အရွက်သုပ်၊ သစ်သီးတွေကို မူလထုပ်ပိုးထားတဲ့အတိုင်းပဲ သိမ်းထားပါ။ အေးခဲထားလို့မသင့်တဲ့ ဆေးဘက်ဝင်အရွက်တွေကိုလည်း အံဆွဲမှာ သိမ်းသင့်ပါတယ်။

၅။ တံခါးဘောင်က တန်းလေးတွေမှာတော့ နွားနို့ကို မထားရပါဘူး။ သဘာဝအတိုင်း ကြာရှည်ခံအောင်လုပ်ထားတဲ့အရာတွေကို ထားရမှာဖြစ်ပါတယ်။ သစ်သီးယို၊ juice တို့ကို ထားလိုက်ပါ။

၆။ အသားစိမ်းနဲ့ ချက်ပြီးသားတွေကို ရောမထားပါနဲ့။ ခွဲထားရမှာဖြစ်ပါတယ်။


၇။ ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ထောင့်တွေကို သွားတိုက်တံလေးနဲ့ သန့်ရှင်းနိုင်ပါတယ်။

၈။ ထောပတ်နဲ့ ပျော့ပျောင်းတဲ့ချိစ်တွေကို ခဲအောင်မထားသင့်ပါဘူး။ အရသာပျက်သွားနိုင်ပါတယ်။

၉။ ဥတွေကို အလယ်ဆင့်လောက်မှာ ထားရပါမယ်။

၁၀။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို သိမ်းရာမှာလည်း အမျိုးအစားလိုက် ခွဲသင့်ပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီး၊ မက်မွန်သီး၊ ဆီးသီးနဲ့ ခရမ်းချဉ်သီးတို့လို ဂတ်စ်ထုတ်လွှတ်တဲ့ အသီးတွေကတော့ ရေခဲသေတ္တာမှာ သိမ်းဖို့မသင့်ပါဘူး။
Credit:Duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top