iMyanmarHouse.com - Best Property Website for Myanmar
×








Credit : momolay



Unicode Version

ဆံသားပျော့ပြောင်းစေဖို့ chemical ပါဝင်တဲ့ ပေါင်းဆေးတွေ မသုံးချင်ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ ပေါင်းဆေး ပြုလုပ်လို့ရပါတယ်။ ဒီဆံပင်ပေါင်းဆေးက ဆံပင်ကို ပျော့ပြောင်းစေရုံသာမက ဆံပင်အရောင် တောက်တောာက်ပပလေး ဖြစ်နေစေမှာပါ။ အခုပဲ ပေါင်းဆေး ပြုလုပ်ကြရအောင်......

ပန်းကန်တစ်ခုထဲကို ကြက်ဥတစ်လုံး ဖောက်ထည့်ပါ။ ဆံသားခြောက်သွေ့တဲ့သူဆိုရင်တော့ အကာတွေ ဖယ်ပြီး အနှစ်ကိုပဲ အသုံးပြုပါ။ ပုံမှန်ဆံပင်ဆိုရင်တော့ အကာရော၊ အနှစ်ရော အသုံးပြုလို့ရပါတယ်။

ကြက်ဥထဲကို ဒိန်ချဉ် လက်ဖက်စားဇွန်း (၄) ဇွန်းထည့်ပေးပါ။

သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ရောစပ်ပြီး မွှေပေးပါ။ အမြှုပ်အနည်းငယ်ထွက်ပါလိမ့်မယ်။

သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ရောစပ်ပြီး မွှေပေးပါ။ အမြှုပ်အနည်းငယ်ထွက်ပါလိမ့်မယ်။

ပြီးရင်တော့ ရေအေးအေးနဲ့ အနှစ်တွေ အားလုံးကို ဆေးကြောပြီးမှ ပုံမှန်အသုံးပြုကျ ခေါင်းလျှော်နည်းနဲ့ ခေါင်းလျှော်ပေးပါ။ ဆံပင်ကို DRYER အသုံးမပြုဘဲ ခြောက်အောင် သဘက်နဲ့သာ သုတ်ပေးပါ။

ဒါဆိုရင်တော့ ဆံပင်သားပျော့ပြောင်းနူးညံ့ပြီး တောက်ပတဲ့ ဆံပင်အရောင်လေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ။

Credit : momolay


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top