iMyanmarHouse.com - Best Property Website for Myanmar
×






Credit:(ရွှေအင်းလေး)

ပို့သပေးပါတယ်။


Unicode Version

ချစ်သူကိုသဝန်တိုတတ်တဲ့ မိန်းကလေးအများစုက အချစ်လည်းကြီးသလို ချစ်စရာလည်းကောင်းကြပါတယ်တဲ့။ ဒါ့ကြောင့် သင်ဟာချစ်စရာကောင်းတဲ့ မိန်းကလေးကို ချစ်သူတော်ထားရသလား ဆိုတာသိရှိနိုင်ဖို့ သူတို့ရဲ့သဝန်တိုတတ်တဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

*"နင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေက ငါ့ထက်များလှနေသလား? ငါပိုလှတယ်မလား?" ဆိုတဲ့အူကြောင်ကြောင်မေးခွန်းတွေနဲ့ သဝန်တိုတတ်သူ။
သင့်မိန်းကလေးသူငယ်ချင်းများထက် လှပနေအောင် ပြင်ဆင်ပါလိမ့်မယ်။ သင့်အနားမှာရှိနေတဲ့ မိန်းကလေးတွေထက်သာအောင် အမြဲကြိုးစားနေပါလိမ့်မယ်။

*ဖုန်းမကိုင်ရင်၊ ဖုန်းမဆက်ဘူးဆိုရင် သင်ဘာလုပ်နေလဲ? ဘယ်သူနဲ့ရှိနေသလဲ?ဆိုပြီး အတွေးလွန်ကာ စိတ်ဆိုးနေတတ်သူ။
သင်ဖုန်းမဆက်၊ ဖုန်းမကိုင်တဲ့ရက်ဆိုရင် တစ်နေကုန်နေမထိ ထိုင်မသာဖြစ်ပြီး လျှောက်တွေးနေတတ်ပါတယ်။ တစ်ခါတရံ တစ်ယောက်ထဲအတွေးလွန်ပြီး ငိုနေတတ်ပါသေးတယ်။

*ဖုန်းContact listထဲမှ မိန်းကလေးများဟာ မည်သူဘယ်ဝါဆိုပြီး စစ်ဆေးမေးမြန်းတတ်သူ။
သင့်ဖုန်းကို နေ့စဉ်နေ့တိုင်းစစ်ဆေးလို့ စိတ်ညစ်မနေပါနဲ့အုံး။ ဒါဟာ ချစ်လို့ သဝန်တိုတာပါ။

*သဝန်တိုစိတ်ကို ထုတ်မပြောပဲ ထိန်းချုပ်ထားသူ။
ဘာကြောင့်လဲဆိုတော့ သဝန်တိုလွန်းတာကြောင့် သင်ထားသွားမှာကိုလည်း ကြောက်ရွံ့နေတာပါ။

Credit:(ရွှေအင်းလေး)



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top