iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun




Unicode Version

ဆားဝက်ခြံဆိုတာ မျက်နှာချွေးပေါက်ကျယ်နေလို့ ဖုန်မှုန့်၊ မိတ်ကပ်နဲ့ အခြားအမှုန်အမွှားတွေ ဝင်ရာက ဖြစ်တာပါ။ တစ်ခါတစ်လေညှစ်လို့ ရပေမယ့် တစ်ခါတစ်လေ အထဲမှာ အနက်ကြီးနစ်မြှုပ်ဝင်နေတတ်တယ်။ ဒါမျိုး အမည်းစက်တွေ မိမိမျက်နှာမှာ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်မှာ ရှိလားလို့ မှန်ထဲမှာ အနီးကပ် သေသေချာချာ ကြည့်ကြည့်ပါဦး။

မရှိရင်တော့ သင်က နေ့စဉ်လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုတွေကို သေချာလိုက်နာပုံရပါတယ်။ ရှိနေသူများကတော့ နည်းနည်းလေး အားစိုက်ထုတ်ပြီး ဒါလေးလုပ်ဖို့ ပြောချင်ပါတယ်။

အရေပြားအတွင်းထဲထိ သန့်စင်ပေးတဲ့ ကြေးချွတ်ခြင်းဆိုတာကို တစ်လမှာ တစ်ခါလောက်လုပ်ရင်တောင် သင့်မျက်နှာအသားအရေအတွက် မလုံလောက်ပါဘူးလို့ ဂါနီယာ (Garnier) က ပြောပြခဲ့ပါတယ်။ ပုံမှန်ကြေးချွတ်သန့်စင်ပေးခြင်းဆိုတာ တစ်ပတ်ကို (၂) ကြိမ် မှ (၃) ကြိမ်အထိ လုပ်ပေးမှ ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။

ကြေးချွတ်ခြင်းဆိုတဲ့အတိုင်းပဲ သူက မျက်နှာမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို စင်ကြယ်သွားအောင် တိုက်စားပေးမှာပါ။ (၂) ရက် တစ်ခါ ကြေးချွတ်ပေးတယ်ဆိုတော့ အသစ်လည်းထပ်မကပ်တော့ဘူး။ ဒီအချိန်မှာ ရှိပြီးသားတွေကို ညှစ်ထုတ်တာဖြစ်ဖြစ်၊ အလှအပစင်တာတွေမှာ ကုသမှုခံယူတာဖြစ်ဖြစ်လုပ်လိုက်မယ်ဆို ကြည်လင်သန့်စင်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာပါ။
Credit : Duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top