iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္၀န္ေဆာင္ၿပီးေနာက္ပိုင္း ကိုယ္အေလးခ်ိန္ ဆက္လက္ ျမင့္တက္ေနျခင္းမွာ ကိုယ္၀န္ေဆာင္ရျခင္း သက္သက္ေၾကာင့္ မဟုတ္ဘဲ မီးဖြားၿပီးေနာက္ ေရြးခ်ယ္ေသာ လူေနမႈဘ၀ပံုစံမ်ား ေၾကာင့္ျဖစ္ေၾကာင္း သုေတသီမ်ားကေျပာသည္။

မိခင္မ်ားသည္ ၎တို႔ ကေလးစားမကုန္ေသာ အစားအ ေသာက္မ်ားကို စားပစ္ျခင္းႏွင့္ အခ်ိန္အၾကာႀကီး ထိုင္ျခင္းတို႔ ေၾကာင့္ ကိုယ္အေလးခ်ိန္ ပိုမ်ားလာျခင္းျဖစ္ေၾကာင္း သုေတသီမ်ားကေျပာသည္။

မီးဖြားၿပီးစ အမ်ိဳးသမီးမ်ား မၾကာခဏျဖစ္ေလ့ရွိသည့္ အိပ္ေရး ပ်က္ျခင္းေၾကာင့္လည္း အစာစားလိုစိတ္ ပိုမ်ားလာၿပီး က်န္းမာေရး ႏွင့္အညီ စားေသာက္လိုလွ်င္ပင္ အစာစားလုိစိတ္ ပိုမ်ားလာသျဖင့္ ကိုယ္အေလးခ်ိန္ ပိုမ်ားလာႏိုင္သည္။

ကေလး၏ လိုအပ္မႈကို ပထမဦးစားေပး ေျဖရွင္းေလ့ရွိေသာ ေၾကာင့္ မိခင္မ်ားသည္ ေလ့က်င့္ခန္းမလုပ္ျဖစ္ (သို႔မဟုတ္) ကိုယ့္ ကိုယ္ကိုယ္ မေစာင့္ေရွာက္ျဖစ္ၾကဟု အေမရိကန္ႏိုင္ငံ မီခ်ီဂန္တကၠ သိုလ္မွ သုေတသီမ်ားကေျပာသည္။

ကေလးစားမကုန္ေသာ အစားအေသာက္မ်ားကို ကုန္စင္ ေအာင္ စားပစ္ျခင္း၊ ကေလးႏွင့္အတူ စာဖတ္ျခင္း (သို႔မဟုတ္) တီဗီၾကည့္ျခင္းကဲ့သို႔ ထိုင္ေနေသာအခ်ိန္ ပိုမ်ားလာျခင္းတို႔ေၾကာင့္ မိခင္မ်ား ကိုယ္အေလးခ်ိန္ ပိုမ်ားလာရသည္။

ထို႔အျပင္ ကိုယ္၀န္မေဆာင္မီက ကိုယ္အေလးခ်ိန္မ်ိဳး ျပန္ရ ေအာင္ အစားအစာကို ဂ႐ုတစိုက္ စားေသာက္ၿပီး ေခတၱခဏ ေလ့ က်င့္ခန္းလုပ္ရင္း ရလဒ္မေကာင္းေသာအခါ ေလ့က်င့္ခန္း အစီအ စဥ္ကို အၿပီးတိုင္ ရပ္တန္႔မႈမ်ားလည္းရွိေၾကာင္း သိရသည္။

သို႔ေသာ္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိုေသာ အမ်ိဳးသမီးမ်ား သည္ ကယ္လိုရီစားသံုးမႈေလွ်ာ့ခ်ကာ ေလ့က်င့္ခန္းပိုလုပ္သင့္ၿပီး ေရရွည္က်န္းမာေရးႏွင့္ညီေသာ လူေနမႈဘ၀ပံုစံမ်ားအတုိင္း ဂ႐ု တစိုက္ ေနထိုင္သင့္သည္။

အမ်ိဳးသမီးမ်ားသည္ အသက္ႀကီးလာပါက ကိုယ္အေလးခ်ိန္ ပိုမ်ားလာေလ့ရွိေသာ္လည္း ကေလးေမြးဖူးသူႏွင့္ မေမြးဖူးသူမ်ား ၾကား မ်ားစြာကြာျခားမႈရွိသည္။

ကေလးလမ္းေလွ်ာက္တတ္စ အရြယ္တြင္ မိခင္မ်ားသည္ ကေလးမေမြးဖူးသူမ်ားထက္ တစ္ႏွစ္လွ်င္ တစ္ေပါင္စီ အေလးခ်ိန္ ပိုလာေလ့ရွိသည္။
Credit : 7day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် ဆက်လက် မြင့်တက်နေခြင်းမှာ ကိုယ်ဝန်ဆောင်ရခြင်း သက်သက်ကြောင့် မဟုတ်ဘဲ မီးဖွားပြီးနောက် ရွေးချယ်သော လူနေမှုဘဝပုံစံများ ကြောင့်ဖြစ်ကြောင်း သုတေသီများကပြောသည်။

မိခင်များသည် ၎င်းတို့ ကလေးစားမကုန်သော အစားအ သောက်များကို စားပစ်ခြင်းနှင့် အချိန်အကြာကြီး ထိုင်ခြင်းတို့ ကြောင့် ကိုယ်အလေးချိန် ပိုများလာခြင်းဖြစ်ကြောင်း သုတေသီများကပြောသည်။

မီးဖွားပြီးစ အမျိုးသမီးများ မကြာခဏဖြစ်လေ့ရှိသည့် အိပ်ရေး ပျက်ခြင်းကြောင့်လည်း အစာစားလိုစိတ် ပိုများလာပြီး ကျန်းမာရေး နှင့်အညီ စားသောက်လိုလျှင်ပင် အစာစားလိုစိတ် ပိုများလာသဖြင့် ကိုယ်အလေးချိန် ပိုများလာနိုင်သည်။

ကလေး၏ လိုအပ်မှုကို ပထမဦးစားပေး ဖြေရှင်းလေ့ရှိသော ကြောင့် မိခင်များသည် လေ့ကျင့်ခန်းမလုပ်ဖြစ် (သို့မဟုတ်) ကိုယ့် ကိုယ်ကိုယ် မစောင့်ရှောက်ဖြစ်ကြဟု အမေရိကန်နိုင်ငံ မီချီဂန်တက္က သိုလ်မှ သုတေသီများကပြောသည်။

ကလေးစားမကုန်သော အစားအသောက်များကို ကုန်စင် အောင် စားပစ်ခြင်း၊ ကလေးနှင့်အတူ စာဖတ်ခြင်း (သို့မဟုတ်) တီဗီကြည့်ခြင်းကဲ့သို့ ထိုင်နေသောအချိန် ပိုများလာခြင်းတို့ကြောင့် မိခင်များ ကိုယ်အလေးချိန် ပိုများလာရသည်။

ထို့အပြင် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်မျိုး ပြန်ရ အောင် အစားအစာကို ဂရုတစိုက် စားသောက်ပြီး ခေတ္တခဏ လေ့ ကျင့်ခန်းလုပ်ရင်း ရလဒ်မကောင်းသောအခါ လေ့ကျင့်ခန်း အစီအ စဉ်ကို အပြီးတိုင် ရပ်တန့်မှုများလည်းရှိကြောင်း သိရသည်။

သို့သော် ကိုယ်အလေးချိန် လျှော့ချလိုသော အမျိုးသမီးများ သည် ကယ်လိုရီစားသုံးမှုလျှော့ချကာ လေ့ကျင့်ခန်းပိုလုပ်သင့်ပြီး ရေရှည်ကျန်းမာရေးနှင့်ညီသော လူနေမှုဘဝပုံစံများအတိုင်း ဂရု တစိုက် နေထိုင်သင့်သည်။

အမျိုးသမီးများသည် အသက်ကြီးလာပါက ကိုယ်အလေးချိန် ပိုများလာလေ့ရှိသော်လည်း ကလေးမွေးဖူးသူနှင့် မမွေးဖူးသူများ ကြား များစွာကွာခြားမှုရှိသည်။

ကလေးလမ်းလျှောက်တတ်စ အရွယ်တွင် မိခင်များသည် ကလေးမမွေးဖူးသူများထက် တစ်နှစ်လျှင် တစ်ပေါင်စီ အလေးချိန် ပိုလာလေ့ရှိသည်။
Credit : 7day daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top