iMyanmarHouse.com - Best Property Website for Myanmar
×

(Risks of an X-ray and Diagnostic ultrasound )

ဆရာ႔ေဆာင္းပါးေတြထဲဖတ္ရတာ ကိုယ္ဝန္ေဆာင္ခ်ိန္ x- rays ဓာတ္ေရာင္ျခည္ မရိုက္သင့္ဘူး 2D ultrasound တို႔ 3D 4D ရိုက္တာကိုေတာ့ ခုခ်ိန္ထိ ဆိုးက်ိဳးႀကီးႀကီးမားမား ေျပာၾကတာမရွိေသးဘူး၊ (ကေလးအတြက္ ေလတို႔ အပူတို႔ပိုရမယ္ ေယာက်္ားေလးဆို စကားေျပာေႏွးမယ္) လို႔ ဖတ္ရပါတယ္။ goole ထဲမွာရွာၾကည့္ေတာ့လဲ ႏိုင္ငံျခားမွာ တြင္တြင္က်ယ္က်ယ္ သံုးေနၾကလို႔ လက္ခံယုံၾကည္ပါတယ္။ ဒါေပမယ့္ ဒီေန႔ ေဆးကုမၸဏီတခုကျဖန္႔တဲ႔ ကိုယ္ဝန္ေဆာင္အားေဆးေၾကာ္ျငာ fb page တခုမွာ ေျပာင္းျပန္ တင္ထားတယ္။ ကိုယ္ဝန္ေဆာင္အေနနဲ႔ သြားခံတြင္းက်န္းမာေရးဂရုစိုက္ရမယ့္အေၾကာင္းနဲ႔ ဒီအတြက္ x-rays ပါရိုက္ထားသင့္ေၾကာင္း က်မကျပန္ေခ်ပေတာ့ gender ႀကိဳသိဖို႔နဲ႔ 3d 4d ultrasound သာ မရိုက္သင့္ေၾကာင္း ျပန္ေရးထားပါတယ္။ ေဆးပညာနဲ႔ပတ္သတ္ၿပီး လံုးဝတလြဲ ျဖစ္ေနတဲ႔ message မ်ိဳး မေပးသင့္ဘူးလို႔ ထင္ပါတယ္။ ဆရာေရာဘယ္လို ထင္ျမင္ပါသလဲ။

Diagnostic ultrasound ေရာဂါရွာေဖြေရးသံုး အာလ္ထြာေဆာင္းက စိတ္ခ်ရပါတယ္။ ပါဝါေရာ လိႈင္းပါ နည္းနည္းေလးသာ သံုးတယ္။ က်န္းမာေရးအတြက္ တိုက္ရိုက္အႏၲရာယ္မရွိပါ။ အာလ္ထြာေဆာင္းဟာ အလြန္ အသံုးက်ပါတယ္။ ဒါေပမဲ့ အကန္႔အသတ္ရွိတယ္။ ေလနဲ႔အရိုးကို ထိုးေဖါက္ဘို႔ခက္တယ္။ အဲလိုေနရာေတြကို စမ္းသပ္ခ်င္ရင္ CT or MRI scans, or X-rays ေတြကိုသံုးရတယ္။

X-rays ဓါတ္မွန္ကေတာ့ သီအိုရီအရ ေနာင္တခ်ိန္မွာ ကင္ဆာ ျဖစ္ေစႏိုင္တယ္။ ဒီအႏၲရာယ္က နည္းပါတယ္။ Health Protection Agency (HPA) ရဲ႕တြက္ခ်က္မႈက ဒီလိုရွိပါတယ္။

• ရင္ပတ္၊ သြား၊ လက္၊ ေျခေတြကိုရိုက္တဲ့ X-ray ဓါတ္မွန္မွာ ေနာက္ခံဓါတ္ေရာင္ျခည္ ရက္ အနည္းငယ္စာနဲ႔ညီျပီး ကင္ဆာျဖစ္ႏိုင္ေျခ ၁ဝဝဝဝဝဝ မွာ ၁ ထက္နည္းမယ္။
• ဦးေခါင္းနဲ႔ လည္ပင္း X-ray ဓါတ္မွန္မွာ ေနာက္ခံဓါတ္ေရာင္ျခည္ရက္သတၲပါတ္အနည္းငယ္စာနဲ႔ညီျပီး ကင္ဆာ ျဖစ္ႏိုင္ေျခ ၁ဝဝဝဝဝ ကေန ၁ဝဝဝဝဝဝ မွာ ၁ ရွိႏိုင္တယ္။
• တင္ပါး၊ တင္ပါးဆံု၊ ခါးရိုး၊ ဗိုက္ နဲ႔ ရင္သား မင္မိုဂရမ္ X-ray (mammogram) ေတြဟာ ေနာက္ခံ ဓါတ္ေရာင္ျခည္ တႏွစ္စာနဲ႔ညီမွ်ျပီး ကင္ဆာျဖစ္ႏိုင္ေျခ ၁ဝဝဝဝ ကေန ၁ဝဝဝဝဝ မွာ ၁ ရွိႏိုင္တယ္။
• Barium meal လို barium meal အျဖဴေရာင္ျမင္ရေအာင္သံုးတဲ့ေဆးနဲ႔ X-ray ရိုက္ရင္ ေနာက္ခံ ဓါတ္ေရာင္ျခည္ ႏွစ္အနည္းငယ္နဲ႔ညီမွ်ျပီး ကင္ဆာျဖစ္ႏိုင္ေျခ ၁ဝဝဝ ကေန ၁ဝဝဝဝ မွာ ၁ ရွိႏိုင္တယ္။
• ယူေကႏိုင္ငံမွာ လူ ၃ ေယာက္မွာ ၁ ေယာက္ဟာ ကင္ဆာတမ်ိဳးမ်ိဳးရွိတယ္။ ဒါလဲ ဓါတ္မွန္ေၾကာင့္လို႔ မေျပာႏိုင္ပါ။ ကင္ဆာျဖစ္ဘို႔ဆိုတာ အခ်က္ေတြအမ်ားၾကီးကိုပါ ထည့္တြက္ရတယ္။ ဥပမာ အသက္အရြယ္၊ လူေနမႈပံုစံ၊ မ်ိဳးဗီဇ စတာေတြပါတယ္။

X-rays and pregnancy ဓါတ္မွန္နဲ႔ ကိုယ္ဝန္
ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ ဓါတ္မွန္ရိုက္ရရင္ အထဲကကေလးအတြက္စဥ္းစားရတယ္။ ဓါတ္မွန္ဌာနေတြက အထူးသတိထားလို႔ သားအိမ္ကိုဓါတ္ေရာင္ျခည္ေရာက္မဲ့ ဓါတ္မွန္ကို အရိုက္မခိုင္းပါ။ မျဖစ္လွတာကိုသာ ရိုက္ပါတယ္။ ရိုက္ရရင္လဲ အစိုးရိမ္မၾကီးပါနဲ႔။


Credit:ေဒါက္တာတင့္ေဆြ

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(Risks of an X-ray and Diagnostic ultrasound )

ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကိုတော့ ခုချိန်ထိ ဆိုးကျိုးကြီးကြီးမားမား ပြောကြတာမရှိသေးဘူး၊ (ကလေးအတွက် လေတို့ အပူတို့ပိုရမယ် ယောကျ်ားလေးဆို စကားပြောနှေးမယ်) လို့ ဖတ်ရပါတယ်။ goole ထဲမှာရှာကြည့်တော့လဲ နိုင်ငံခြားမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြလို့ လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဆေးကုမ္ပဏီတခုကဖြန့်တဲ့ ကိုယ်ဝန်ဆောင်အားဆေးကြော်ငြာ fb page တခုမှာ ပြောင်းပြန် တင်ထားတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ သွားခံတွင်းကျန်းမာရေးဂရုစိုက်ရမယ့်အကြောင်းနဲ့ ဒီအတွက် x-rays ပါရိုက်ထားသင့်ကြောင်း ကျမကပြန်ချေပတော့ gender ကြိုသိဖို့နဲ့ 3d 4d ultrasound သာ မရိုက်သင့်ကြောင်း ပြန်ရေးထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး လုံးဝတလွဲ ဖြစ်နေတဲ့ message မျိုး မပေးသင့်ဘူးလို့ ထင်ပါတယ်။ ဆရာရောဘယ်လို ထင်မြင်ပါသလဲ။

Diagnostic ultrasound ရောဂါရှာဖွေရေးသုံး အာလ်ထွာဆောင်းက စိတ်ချရပါတယ်။ ပါဝါရော လှိုင်းပါ နည်းနည်းလေးသာ သုံးတယ်။ ကျန်းမာရေးအတွက် တိုက်ရိုက်အန္တရာယ်မရှိပါ။ အာလ်ထွာဆောင်းဟာ အလွန် အသုံးကျပါတယ်။ ဒါပေမဲ့ အကန့်အသတ်ရှိတယ်။ လေနဲ့အရိုးကို ထိုးဖေါက်ဘို့ခက်တယ်။ အဲလိုနေရာတွေကို စမ်းသပ်ချင်ရင် CT or MRI scans, or X-rays တွေကိုသုံးရတယ်။

X-rays ဓါတ်မှန်ကတော့ သီအိုရီအရ နောင်တချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ ဒီအန္တရာယ်က နည်းပါတယ်။ Health Protection Agency (HPA) ရဲ့တွက်ချက်မှုက ဒီလိုရှိပါတယ်။

• ရင်ပတ်၊ သွား၊ လက်၊ ခြေတွေကိုရိုက်တဲ့ X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည် ရက် အနည်းငယ်စာနဲ့ညီပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝဝဝ မှာ ၁ ထက်နည်းမယ်။
• ဦးခေါင်းနဲ့ လည်ပင်း X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည်ရက်သတ္တပါတ်အနည်းငယ်စာနဲ့ညီပြီး ကင်ဆာ ဖြစ်နိုင်ခြေ ၁ဝဝဝဝဝ ကနေ ၁ဝဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• တင်ပါး၊ တင်ပါးဆုံ၊ ခါးရိုး၊ ဗိုက် နဲ့ ရင်သား မင်မိုဂရမ် X-ray (mammogram) တွေဟာ နောက်ခံ ဓါတ်ရောင်ခြည် တနှစ်စာနဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝဝ ကနေ ၁ဝဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• Barium meal လို barium meal အဖြူရောင်မြင်ရအောင်သုံးတဲ့ဆေးနဲ့ X-ray ရိုက်ရင် နောက်ခံ ဓါတ်ရောင်ခြည် နှစ်အနည်းငယ်နဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝဝဝ ကနေ ၁ဝဝဝဝ မှာ ၁ ရှိနိုင်တယ်။
• ယူကေနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်ဟာ ကင်ဆာတမျိုးမျိုးရှိတယ်။ ဒါလဲ ဓါတ်မှန်ကြောင့်လို့ မပြောနိုင်ပါ။ ကင်ဆာဖြစ်ဘို့ဆိုတာ အချက်တွေအများကြီးကိုပါ ထည့်တွက်ရတယ်။ ဥပမာ အသက်အရွယ်၊ လူနေမှုပုံစံ၊ မျိုးဗီဇ စတာတွေပါတယ်။

X-rays and pregnancy ဓါတ်မှန်နဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်နေချိန်မှာ ဓါတ်မှန်ရိုက်ရရင် အထဲကကလေးအတွက်စဉ်းစားရတယ်။ ဓါတ်မှန်ဌာနတွေက အထူးသတိထားလို့ သားအိမ်ကိုဓါတ်ရောင်ခြည်ရောက်မဲ့ ဓါတ်မှန်ကို အရိုက်မခိုင်းပါ။ မဖြစ်လှတာကိုသာ ရိုက်ပါတယ်။ ရိုက်ရရင်လဲ အစိုးရိမ်မကြီးပါနဲ့။


Credit:ဒေါက်တာတင့်ဆွေ



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top