iMyanmarHouse.com - Best Property Website for Myanmar
×
ခြေလှမ်းစတင်ခြင်း
Credit: Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
တခါတလေ သင့်ဆီ ပုံမှန်လာလည်၊ ရုပ်ရှင်အတူကြည့်၊ စာအုပ်ချင်းလဲဖတ်၊ အတူလျှောက်လည်ပြီး သင့်ကို ကူညီပေးတဲ့ ကောင်လေးကို ဘာလိုခေါ်ရမှန်း ဇဝေဇဝါဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သင့်အဖို့ သူ ဒီအချက်တွေလုပ်ဆောင်ပေမယ့် သူ့ကို ချစ်သူရည်းစားခေါ်လို့မရပါဘူး။ ယောကျ်ားတစ်ယောက်ကို ချစ်သူရည်းစားအဖြစ် သတ်မှတ်ဖို့ ဒီ့ထက်မဖြစ်မနေလိုချက်အများစွာ ရှိပါတယ်။ အမှတ်သညာတွေ အရေးမကြီးပါဘူး။ ရှင်းလင်းပြတ်သားမှုက အရေးကြီးပါတယ်။ ရှင်းလင်းပြတ်သားမှုရှိဖို့အတွက် ဒီအချက်တွေကို ကြည့်ပါ။ သူ့မှာ ဒီလက္ခဏာတွေနဲ့ ပြည့်စုံမှ သူ့ကို ချစ်သူရည်းစားအဖြစ်သတ်မှတ်ပါ။
ခြေလှမ်းစတင်ခြင်း
အစစအရာရာလုပ်ရမယ့်သူဟာ သင်လား။ သို့မဟုတ် သူ ဦးဆောင်ပြီး လုပ်သလား။ သူ သင်နဲ့စကားပြောရာမှာ စိတ်ဝင်တစားရှိလား။ သူ သင်နဲ့အတူ အချိန်ကုန်ဆုံးစေတာ ပျော်ရဲ့လား။
စကားစတင်ပြောဆိုခြင်း
သူ့ဆန္ဒအလျောက် ဖုန်းခေါ်ရဲ့လား။ သို့မဟုတ် သင်ဖုန်းခေါ်တဲ့အခါမှသာ စကားပြောသလား။ သူ့ကို အမြဲတမ်း စကားစပြောအောင် သင်မလုပ်ရပါပဲ သူက စတင်ပြီး စကားပြောဆိုတဲ့အခါမှသာ သူ့ကို ချစ်သူရည်းစားအဖြစ် သတ်မှတ်ဖို့ စဉ်းစားပါ။
သင်ဘယ်ကို ဦးတည်ချင်နေသလဲဆိုတာ သဘောပေါက်ခြင်း
နှစ်ယောက်စလုံး ဘယ်ကို ရှေးရှုသွားနေကြသလဲဆိုတာသိမှသာ သူ့ကို ချစ်သူလို့ ခေါ်ပါ။ အနာဂတ်ကတိကဝတ်စကား ဘာတစ်ခုမှ ရှင်းချက်မပေးပဲ သူ သင့်ကို တွဲသာတွဲနေရင် သူဟာ ချစ်သူတစ်ယောက်မဟုတ်ပါဘူး။
ဟိုကြည့်ဒီကြည့်မလုပ်တော့ခြင်း
အနီးနားက တခြားဆွဲဆောင်မှုရှိတဲ့မိန်းကတွေကို အကြည့်ရပ်မှသာ သူ့ကို သင်ရည်းစားလို့ သတ်မှတ်ပါတယ်။
သင့်စိတ်ကို ဖတ်နိုင်ခြင်း
သူ သင့်စိတ်ခံစားချက်တွေ အလိုလိုသိပုံရပါသလား။ သင့်စိတ်ကို အံ့သြဖွယ်ရာဖတ်နိုင်ပုံရသလား။ အဲဒီအချိန်ကျမှ သူ့ကို ချစ်သူလို့ သတ်မှတ်ပါ။ အကြောင်းက သူစိတ်ဝင်စားတာသည် သင့်ကိုပျော်ရွှင်စေဖို့ဆိုတာ ပြနေလို့ပဲ ဖြစ်ပါတယ်။
သင့်ရူးသွပ်ကိုရော သူအေးဆေးပဲလား
သူ သင့်အကျင့်ဆိုး၊ အားနည်းချက်တွေနဲ့လည်း အဆင်ပြေမှ သူ့ကို ရည်းစားအဖြစ် သတ်မှတ်ပါ။ သင့်ချစ်သူဟာ သင့်မပြည့်စုံမှုကို လက်ခံနိုင်သူသာ ဖြစ်သင့်ပါတယ်။
မိဘတွေနဲ့ စကားပြောဆိုခြင်း
သင်ဟာ သူ့ဘဝအစိတ်အပိုင်းအဖြစ် ကမ္ဘာကို အသိပေးနိုင်မှ သူ့ကို ချစ်သူရည်းစားအဖြစ် သတ်မှတ်ပါ။ သို့မဟုတ်ပါက ချစ်သူလို့ မသတ်မှတ်ပါနဲ့။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top