iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myanmar
ပို့သပေးပါတယ်။
#Unicode Version
လူတွေဟာ တစ်စုံတစ်ဦးနဲ့ သံယောဇဉ်တွယ်တာမှုကို သာယာကြည်နူးကြပါတယ်။ သံယောဇဉ်တွယ်တာမှုက တခါတရံ ကိုယ်လက်နှီးနှောပြီးနောက် ကြည်နူးစရာပိုကောင်းတတ်ပါတယ်။ ဒါ့ကြောင့် တချို့စုံတွဲတွေဟာ လက်မထပ်ခင် အတူနေလိုကြပါတယ်။ ဒါပေမယ့် လက်မထပ်မချင်း စောင့်ကြသူ တချို့လည်း ရှိပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်ပဲချချ အကျိုးနဲ့အပြစ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ လက်မထပ်ခင် အတူနေခြင်းရဲ့ ဆိုးကျိုးတွေ၊ ကောင်းကျိုးတွေကို ဖော်ပြပေးသွားမှာပါ။
၁။ ချစ်တင်းနှောခြင်းက သမီးရည်းစားဆက်ဆံရေးကို ပြိုကွဲစေနိုင်ပါတယ်။ စေ့စပ်ကြောင်းလမ်းပြီး လက်မထပ်ခင် ရက်ပိုင်းအတွင်း အတူနေတဲ့ စုံတွဲတချို့ရှိပါတယ်။ သူတို့အလိုဆန္ဒထပ်တူကျတဲ့အချိန်မှာ အားလုံးအဆင်ပြေသွားနိုင်ပေမယ့် တစ်ခုခုချွတ်ချော်သွားခဲ့ရင်  ဘယ်လိုလုပ်ကြမလဲ။ ဟုတ်ပါတယ်။ လက်ထပ်ခါနီး တစ်ရက်လေးအလိုမှာ ကွဲသွားကြတဲ့ စုံတွဲများစွာ ရှိပါတယ်။
၂။ အတူနေပြီးနောက် မကြာမီမမှာ စိတ်ကုန်သွားသူတချို့ရှိပါတယ်။ သူတို့စိတ်ဝင်စားမှုမရှိတော့ဘူး စိတ်ကုန်သွားပြီလို့ပဲ အကြောင်းပြချက်ပေးနေကြပါတယ်။ လက်ထပ်ဖို့ သတ်မှတ်ပြီးရင်တောင် အစီအစဉ်ဖျက်အောင် အကြောင်းပြချက်အမျိုးမျိုး ရှာကြပါတယ်။
၃။ ချစ်တင်းနှောမှု စွဲသွားတတ်သူတချို့ ရှိပါတယ်။ အိမ်နီးနားချင်း၊ အတန်းဖော်၊ သူငယ်ချင်း သို့မဟုတ် အိမ်ထောင်ပြုပြီးသူ တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ လက်မထပ်ခင် အရင်ကျူးလွန်ပြီး စွဲသွားပါက ဇာတ်လမ်းရှုပ်သွားနိုင်ပါတယ်။
၄။ အစီအစဉ်မရှိဘဲ ရတဲ့ကိုယ်ဝန် သို့မဟုတ် လိင်ကတဆင့် ကူးစက်တဲ့ရောဂါအန္တရာယ်က လက်မထပ်ခင် ချစ်တင်းနှောမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
၅။ ကိုယ်လက်နှီးနှောမှုက အိုးနင်းခွက်နင်းဖြစ်စေနိုင်သလို ဒုက္ခလည်း ပေးတတ်ပါတယ်။ ဆိုပါစို့ ကိုယ်နဲ့မလိုက်ဖက်သူနဲ့ ဒိတ်လုပ်တယ်။ အဲဒီလူကို လက်မထပ်ချင်ဘူး။ ဒါပေမယ့် သူနဲ့ကာမကိစ္စလုပ်ရင်း အဆင်ပြေမှုရလို့ လက်ထပ်ဖို့ မှားယွင်းစွာ ဆုံးဖြတ်မိတတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်ပြုပြီးနောက် ရန်ဖြစ်ခြင်းနဲ့ နောင်တတွေ စတင်ဖြစ်ပွားပါလိမ့်မယ်။
၆။ လက်မထပ်ခင် နှစ်နဲ့ချီတွဲတဲ့ စုံတွဲတချို့ရှိပါတယ်။ အဲဒီလိုစုံတွဲတွေဟာ လက်မထပ်ခင် မကြာခဏ အတူနေကြပါတယ်။ မကြာဘူး ငြီးငွေ့မှုရလာပြီး ပိုလန်းတဲ့ နောက်တစ်ယောက်နဲ့တွေ့တဲ့အခါ စိတ်ပြောင်းပြီး လက်ထက်ဖို့အစီအစဉ်ကို အလွယ်တကူ ပယ်ဖျက်တတ်ကြပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top