iMyanmarHouse.com - Best Property Website for Myanmar
×

ၿပင္းထန္တဲ့ ဘက္တီးရီးယား ကူးစက္ပိုးေၾကာင့္ အမ်ဳိးသမီးတစ္ဦး ေသလုေျမာပါးေ၀ဒနာ ၾကဳံေတြ႔ခံစားခဲ့ရပါတယ္။ သူ႔ကုိ ေရခ်ဳိးခန္းထဲမွာ သတိလစ္ေနတဲ့ အေနအထားနဲ႔ေတြ႔ရွိခဲ့ၾကျပီး ဆံပင္ေတြလည္း အမ်ားၾကီး ကၽြတ္ေနတာ ေတြ႔ခဲ့ရပါတယ္။ လက္သည္းတခ်ဳိ႔လည္း ပ်က္စီးေနခဲ့ပါတယ္။သူ႔ကုိ ေဆးရုံပုိ႔ျပီး ေရာဂါရွာေဖြ ဆန္းစစ္လုိက္တဲ့အခါမွာ ဘက္တီးရီးယားပုိးေၾကာင့္ အဆိပ္တက္ျခင္း ျဖစ္တယ္လုိ႔သိရပါတယ္။
Image result for pad period insert type
ဒီအမ်ဳိးသမီးရဲ႔ ေရာဂါက လ်င္ျမန္စြာ ဆုိးရြားလာေနျပီး ေမ့ေျမာေနခဲ့ပါတယ္။ ၈ ရက္ၾကာျပီးေနာက္မွာ သတိျပန္ရခဲ့ေပမယ့္ မွတ္ဥာဏ္ေတာ္ေတာ္မ်ားမ်ား ေပ်ာက္ဆုံးေနခဲ့ပါတယ္။သူဘယ္သူလဲဆုိတာ မမွတ္မိေတာ့သလုိ သူ႔သမီး သုံးေယာက္ရွိတယ္ဆုိုတာ ကုိလည္း မမွတ္မိေတာ့ပါဘူး။ သူ႔ရဲ႔ ခႏၶာကုိယ္ က်န္းမာေရးတင္မကဘဲ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးပါ အရမ္းခ်ဳိ႕ယြင္းေနပါတယ္။

စာေၾကာင္းတစ္ေၾကာင္းကုိေတာင္ ျပီးေအာင္မေျပာႏုိင္ေတာ့ဘဲ စကားလုံးေတြ ေပ်ာက္ေနတတ္ပါတယ္။ သူက အရာအားလုံးကုိ အစကေန ျပန္ျပီးသင္ယူရေတာ့မွာပါ။ သူျပန္ေကာင္းလာဖုိ႔ အခ်ိန္ယူရမွာျဖစ္သလုိ ခက္လည္းခက္ခဲပါတယ္။လုံး၀ ျပန္ေကာင္းလာဖုိ႔၂ ႏွစ္ေလာက္ အခ်ိန္ယူရမွာပါ။ ေဆးပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္အရ ဒီလုိျဖစ္ရျခင္းက အမ်ဳိးသမီးလစဥ္သုံး ဂြမ္းေျခာက္ေတာင့္ (tampon) အသုံးျပဳပုံ မွားယြင္းလုိ႔ ျဖစ္ရတာပါလုိ႔ ဆုိပါတယ္။ ဂြမ္းေျခာက္ေတာင့္က ၈ နာရီၾကာ ေႏြးျပီး စုိစြတ္ေနတဲ့ ေနရာမွာထားရင္ အႏၱရာယ္ေပးႏုိင္တဲ့ ဘက္တီးရီးယားပုိးေတြေပါက္ပြားမႈကေန ျပင္းထန္တဲ့ ဘက္တီးရီးယား အဆိပ္တက္ေရာဂါကုိ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ၾကိမ္ ဂြမ္းေျခာက္ေတာင့္ အသုံးျပဳမယ္ဆုိရင္ နည္းစနစ္တက် နဲ႔ အခ်ိန္ၾကာျမင့္စြာ အသုံးမျပဳမိေစဖုိ႔ သတိျပဳေစလုိပါတယ္။


Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပြင်းထန်တဲ့ ဘက်တီးရီးယား ကူးစက်ပိုးကြောင့် အမျိုးသမီးတစ်ဦး သေလုမြောပါးဝေဒနာ ကြုံတွေ့ခံစားခဲ့ရပါတယ်။ သူ့ကို ရေချိုးခန်းထဲမှာ သတိလစ်နေတဲ့ အနေအထားနဲ့တွေ့ရှိခဲ့ကြပြီး ဆံပင်တွေလည်း အများကြီး ကျွတ်နေတာ တွေ့ခဲ့ရပါတယ်။ လက်သည်းတချို့လည်း ပျက်စီးနေခဲ့ပါတယ်။သူ့ကို ဆေးရုံပို့ပြီး ရောဂါရှာဖွေ ဆန်းစစ်လိုက်တဲ့အခါမှာ ဘက်တီးရီးယားပိုးကြောင့် အဆိပ်တက်ခြင်း ဖြစ်တယ်လို့သိရပါတယ်။
Image result for pad period insert type
ဒီအမျိုးသမီးရဲ့ ရောဂါက လျင်မြန်စွာ ဆိုးရွားလာနေပြီး မေ့မြောနေခဲ့ပါတယ်။ ၈ ရက်ကြာပြီးနောက်မှာ သတိပြန်ရခဲ့ပေမယ့် မှတ်ဉာဏ်တော်တော်များများ ပျောက်ဆုံးနေခဲ့ပါတယ်။သူဘယ်သူလဲဆိုတာ မမှတ်မိတော့သလို သူ့သမီး သုံးယောက်ရှိတယ်ဆိုတာ ကိုလည်း မမှတ်မိတော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ အရမ်းချို့ယွင်းနေပါတယ်။

စာကြောင်းတစ်ကြောင်းကိုတောင် ပြီးအောင်မပြောနိုင်တော့ဘဲ စကားလုံးတွေ ပျောက်နေတတ်ပါတယ်။ သူက အရာအားလုံးကို အစကနေ ပြန်ပြီးသင်ယူရတော့မှာပါ။ သူပြန်ကောင်းလာဖို့ အချိန်ယူရမှာဖြစ်သလို ခက်လည်းခက်ခဲပါတယ်။လုံး၀ ပြန်ကောင်းလာဖို့၂ နှစ်လောက် အချိန်ယူရမှာပါ။ ဆေးပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ဒီလိုဖြစ်ရခြင်းက အမျိုးသမီးလစဉ်သုံး ဂွမ်းခြောက်တောင့် (tampon) အသုံးပြုပုံ မှားယွင်းလို့ ဖြစ်ရတာပါလို့ ဆိုပါတယ်။ ဂွမ်းခြောက်တောင့်က ၈ နာရီကြာ နွေးပြီး စိုစွတ်နေတဲ့ နေရာမှာထားရင် အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားပိုးတွေပေါက်ပွားမှုကနေ ပြင်းထန်တဲ့ ဘက်တီးရီးယား အဆိပ်တက်ရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ဂွမ်းခြောက်တောင့် အသုံးပြုမယ်ဆိုရင် နည်းစနစ်တကျ နဲ့ အချိန်ကြာမြင့်စွာ အသုံးမပြုမိစေဖို့ သတိပြုစေလိုပါတယ်။


Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top