iMyanmarHouse.com - Best Property Website for Myanmar
×

အမြွှာလေးတွေ ကိုယ်ဝန်ဆောင်ရခြင်းဟာ ဦးစားပေးပြီး စောင့်ရှောက်ရတဲ့ high risk ကိုယ်ဝန်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ အမြွှာဆိုတာဟာ သန္ဓေသားနှစ်ဦးနှင့် အထက် တစ်ပြိုင်နက်တည်းကို သားအိမ်ထဲမှာ လွယ်ပြီး ကိုယ်ဝန်ဆောင်ရခြင်းကို ဆိုလိုပါတယ်။

အမြွှာသန္ဓေသားတွေ သန္ဓေအောင်မမျိုးဥတစ်လုံးထဲကနေဖြစ်တဲ့ အမြွှာဆိုရင်တော့ သန္ဓေအောင် “မမျိုးဥ”ကနေ ဆဲလ်ကွဲပွားပြီး ဖြစ်ရတာပါ။ အဲဒီလို ဖြစ်ထွန်းလာတဲ့ အမြွှာတွေဟာ ချွတ်စွတ်နီးပါးတူတဲ့ identical or monozygotic twins တွေဖြစ်ပါတယ်။ သုက်ပိုးတစ်ကောင်စီရယ်၊ မတူညီတဲ့ မမျိုးဥတွေကနေ ဖြစ်လာတဲ့အမြွှာတွေကိုတော့ dizygotic twins လို့ခေါ်ပါတယ်။ သူတို့ကတော့ သာမန်မောင်နှမ၊ ညီ အစ်မတွေကို ရုပ်ဆင်ရုံ၊ တစ်ခါတစ်ရံ ရုပ်မတူညီကြပါဘူး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံအတွင်း အမြွှာမွေး အရေအတွက်များလာပါတယ်။ ဒါဟာမိခင်ရဲ့ ကိုယ်ဝန်စဆောင်ချိန် အသက်ကြီးလာခြင်း၊ ဖန်ပြွန်သန္ဓေသားလို နည်းလမ်းတွေနဲ့ ကိုယ်ဝန်ရယူမှုများလာခြင်းတွေကြောင့် ဖြစ်ပါတယ်။ အမြွှာကိုယ်ဝန်ကို ရိုးရိုးကိုယ်ဝန်လိုပဲ အာထရာဆောင်းကနေ သိရှိလာနိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ ကိုယ်အလေးချိန် သာမန်ထက်ပိုတက်လာခြင်း၊ အစား ပိုစားခြင်း၊ သာမန်ကိုယ်ဝန်အရွယ် ထက် ပိုကြီးခြင်း၊ ပြင်းထန်တဲ့မနက်ခင်း ပျို့အန်ခြင်း၊ ကလေးလှုပ်ခြင်းကိုနှစ် နေရာနဲ့အထက် ခံစားရခြင်းတွေပဲ ဖြစ်ပါတယ်။

အမြွှာကိုယ်ဝန်ဟာ မိခင်ကိုရော ကလေးကိုပါ ဂရုစိုက်ပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်မတိုင်မီ စောမွေးခြင်း၊ သွေးအားနည်းခြင်း၊ မွေးရာပါ ချို့ယွင်းမှု သာမန် ထက်ပိုနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုသွေးချိုရောဂါ၊ ကိုယ်ဝန်ပျက်ကျခြင်းတွေလို နောက်ဆက်တွဲ ပြဿနာတွေနဲ့ ကြုံတွေ့နိုင်လို့ပါပဲ။ ဒါကြောင့် အမြွှာကိုယ်ဝန်ဆောင်တာကို သိသိချင်း ပုံမှန်ထက်ပိုပြီး ကိုယ်ဝန်စောင့် ရှောက်မှုတွေကို ခံယူသင့်ပါတယ်။
Image result for Identical or monozygotic twins
Identical or mornzygotic twins

သမအောင် မမျိုးဥတစ်ခုတည်းကနေ ဖြစ်လာတဲ့ အမြွှာတွေဖြစ်ပါတယ်။ သူတို့တွေဟာ ထပ်တူနီးပါး တူညီတဲ့ မျိုးဗီဇတွေကို အတူတူ ပိုင်ဆိုင်ပြီး တူညီတဲ့လိင်ဖြစ်ပါတယ်။ ချွတ်စွတ်တူတဲ့ အမြွှာတွေမွေးနိုင်ဖို့ကိုတော့ လုပ်ယူလို့မရပါဘူး။ ဘာလို့လဲဆိုတော့ မျိုးရိုး၊ အသက်၊ လူမျိုး၊ ယခင်အမြွှာမွေးဖူးခြင်းနဲ့ သန္ဓေအောင်ကုသမှုများက ချွတ်စွပ်တူအ မြွှာကိုယ်ဝန်ဆောင်ခြင်းကို လွှမ်းမိုး မှုမရှိပါဘူး။
Related image
Non identical or dizygotic twins

ဒီအမျိုးအစားကတော့ တပြိုင်တည်းကြွေတဲ့မမျိုးဥနှစ်လုံးမှာ သန္ဓေ အောင်ပြီး ဖြစ်ပေါ်လာတဲ့ အမြွှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ မတူညီတဲ့မျိုးဗီဇတွေကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် အသက်၊ လူမျိုး၊ ယခင် အမြွှာကိုယ်ဝန်ဆောင်ဖူးခြင်း၊ မျိုးရိုး လိုက်ခြင်းနဲ့သန္ဓေအောင်ကုထုံးတွေက လွှမ်းမိုးမှုရှိတဲ့အတွက် လုပ်ယူလို့ရနိုင်တဲ့ အမြွှာကိုယ်ဝန်ဖြစ်ပါတယ်။ အမြွှာဟာလည်း လိင်မတူညီတဲ့ အမြွှာရော၊ တူညီတာရော ဖြစ်ပါ တယ်။

သုံးမြွှာပူးအထက်


သုံးမြွှာပူးအထက် ကိုယ်ဝန်ဆောင်ခြင်းကတော့ ရှားပါးပါတယ်။ မွေးဖွားလာတဲ့ ကလေးတွေဟာ ချွတ်စွပ်တူတာရော မတူတာရော နှစ်မျိုး စလုံး တွဲမွေးတာရော ဖြစ်နိုင်ပါတယ်။

Credit:Health Updates
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top