iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါက ရမ္ နဲ႕ ပရမ္း ဆိုတဲ့ အိမ္နီးနားခ်င္း ႏွစ္ဦး ရွိပါတယ္။ ရမ္ဟာ ခ်ိဳ႕တဲ့ လွတဲ့ လယ္စာရင္းငွား တစ္ဦး ျဖစ္ၿပီး ပရမ္းကေတာ့ ေျမပိုင္ရွင္ ျဖစ္ပါတယ္။

ဒါေပမယ့္ ရမ့္ကို ၾကည့္လိုက္ရင္ အျမဲပဲ ေပါ့ပါးၿပီး ေပ်ာ္ရႊင္ေနတာကို ေတြ႕ရမွာပါ။ ညေရာက္တိုင္း အိမ္တံခါးမၾကီးေတြ ျပတင္းေပါက္ေတြ ပိတ္ဖို႕ သူဘယ္ေတာ့မွ စိတ္မကူးပါဘူး။ ၾကယ္ေရာင္ လေရာင္ေအာက္မွာ အျမဲတမ္း စိတ္ေအးေအးခ်မ္းခ်မ္းနဲ႕ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိ္ပ္ေပ်ာ္သြားေလ့ ရွိပါတယ္။ သူ႕မွာ ပိုက္ဆံ အမ်ားၾကီး မရွိေပမယ့္ သူကေတာ့ အျမဲတမ္း ေအးခ်မ္းေနပံု ေပၚပါတယ္။

ပရမ္းကေတာ့ အျမဲတေစ စိတ္ထဲ မြမ္းၾကပ္ေနရပါတယ္။ ညအခါ အိမ္တံခါးေတြ ျပတင္းေပါက္ေတြ အထပ္ထပ္ပိတ္ထားတာေတာင္ ေကာင္းေကာင္းမအိပ္စက္ႏိုင္ပါဘူး။ တစ္စံုတစ္ေယာက္က တံခါးေတြကို ခ်ိဳးဖ်က္ၿပီး သူပိုင္ဆိုင္တဲ့ ဥစၥာပစၥည္းေတြကို လုယက္တဲ့အျပင္ သူ႕ရဲ႕ လံုျခံဳေရးကိုပါ ထိပါးလာမွာ သူ စိုးရိမ္ေနရပါတယ္။ ဒီေတာ့ စိတ္ထဲမွာလည္း လယ္သမားၾကီးရဲ႕ ေအးခ်မ္းတဲ့ ဘ၀ကို ၾကိတ္ၿပီး မနာလို ျဖစ္လာရပါေတာ့တယ္။

တစ္ေန႔မွာ ေတာ့ ပရမ္းဟာ ရမ့္ကို ေခၚၿပီး ပိုက္ဆံအျပည့္ထည့္ထားတဲ့ ေသတၱာၾကီးတစ္ခုကို ေပးရင္း “ သူငယ္ခ်င္းေရ … ဒီမွာ ၾကည့္ဦးကြာ။ ငါကေတာ့ ဥစၥာပစၥည္းေတြ ၾကြယ္၀ၿပီး ခ်မ္းသာတယ္။ မင္းကေတာ့ ဆင္းဆင္းရဲရဲေနရတယ္။ ဒီေတာ့ ဒီပိုက္ဆံေတြကို ယူၿပီး ျပည့္ျပည့္စံုစံုေလး ေနပါေတာ့” လို႕ ေျပာပါတယ္။

ရမ္ ဟာ တအားကို ေပ်ာ္သြားၿပီး တစ္ေန႕လုံး ၾကည္ႏူးေနပါေတာ့တယ္။ ဒီလိုနဲ႕ ညေရာက္လာပါၿပီ။ ထံုးစံအတိုင္း ရမ္ဟာ အိပ္ရာ၀င္ဖို႕ ျပင္ပါေတာ့တယ္။ ဒါေပမယ့္ အဲ့ဒီ့ညမွာေတာ့ ထူးထူးျခားျခား သူ အိပ္လို႕ မေပ်ာ္ေတာ့ပါဘူး။ ဒါေၾကာင့္ အိမ္မွာ ရွိတဲ့ တံခါးေတြ ျပတင္းေပါက္ေတြ ရွိရွိသမွ် အကုန္ လိုက္ပိတ္ပါတယ္။ ဒါကိုေတာင္ သူ လံုး၀ အိပ္မေပ်ာ္ပါဘူး။ ဒီလိုနဲ႕ သူဟာ ေငြေသတၱာၾကီးကို တစိမ့္စိမ့္ ၾကည့္ေနမိတယ္။ အဲ့ဒီ့ညက တစ္ညလံုး စိတ္ရႈပ္ေထြးစြာနဲ႕ သူ အိပ္မရေတာ့ပါဘူး။

ဒီလိုနဲ႕ မနက္လင္းလင္းခ်င္း ရမ္ ဟာ ပရမ္းဆီ ေသတၱာၾကီးထမ္းၿပီး သြားပါေတာ့တယ္။ “ သူငယ္ခ်င္းရယ္ ငါက တအားကို ဆင္းရဲတဲ့ လူပါ။ ဒါေပမယ့္ မင္းေပးတဲ့ ပိုက္ဆံေတြဟာ ငါ့ရ႕ဲ ျငိမ္းခ်မ္းမႈေတြကို ဖယ္ထုတ္လိုက္သလိုပဲကြာ။ စိတ္ေတာ့မရွိပါနဲ႕ မင္းပိုက္ဆံေတြကို ျပန္ယူပါေတာ့။” ဆိုၿပီး သူေဌးၾကီးဆီကို ေသတၱာ ျပန္အပ္လိုက္ပါေတာ့တယ္။

သင္ခန္းစာ : ပိုက္ဆံဟာ သင့္ကို အရာတိုင္း မဖန္တီးေပးႏိုင္ပါဘူး။ သင့္မွာ ရွိတာေလးနဲ႕ ေရာင့္ရဲၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ေအာင္ ၾကိဳးစားပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါက ရမ် နဲ့ ပရမ်း ဆိုတဲ့ အိမ်နီးနားချင်း နှစ်ဦး ရှိပါတယ်။ ရမ်ဟာ ချို့တဲ့ လှတဲ့ လယ်စာရင်းငှား တစ်ဦး ဖြစ်ပြီး ပရမ်းကတော့ မြေပိုင်ရှင် ဖြစ်ပါတယ်။

ဒါပေမယ့် ရမ့်ကို ကြည့်လိုက်ရင် အမြဲပဲ ပေါ့ပါးပြီး ပျော်ရွှင်နေတာကို တွေ့ရမှာပါ။ ညရောက်တိုင်း အိမ်တံခါးမကြီးတွေ ပြတင်းပေါက်တွေ ပိတ်ဖို့ သူဘယ်တော့မှ စိတ်မကူးပါဘူး။ ကြယ်ရောင် လရောင်အောက်မှာ အမြဲတမ်း စိတ်အေးအေးချမ်းချမ်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ့ ရှိပါတယ်။ သူ့မှာ ပိုက်ဆံ အများကြီး မရှိပေမယ့် သူကတော့ အမြဲတမ်း အေးချမ်းနေပုံ ပေါ်ပါတယ်။

ပရမ်းကတော့ အမြဲတစေ စိတ်ထဲ မွမ်းကြပ်နေရပါတယ်။ ညအခါ အိမ်တံခါးတွေ ပြတင်းပေါက်တွေ အထပ်ထပ်ပိတ်ထားတာတောင် ကောင်းကောင်းမအိပ်စက်နိုင်ပါဘူး။ တစ်စုံတစ်ယောက်က တံခါးတွေကို ချိုးဖျက်ပြီး သူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို လုယက်တဲ့အပြင် သူ့ရဲ့ လုံခြုံရေးကိုပါ ထိပါးလာမှာ သူ စိုးရိမ်နေရပါတယ်။ ဒီတော့ စိတ်ထဲမှာလည်း လယ်သမားကြီးရဲ့ အေးချမ်းတဲ့ ဘဝကို ကြိတ်ပြီး မနာလို ဖြစ်လာရပါတော့တယ်။

တစ်နေ့မှာ တော့ ပရမ်းဟာ ရမ့်ကို ခေါ်ပြီး ပိုက်ဆံအပြည့်ထည့်ထားတဲ့ သေတ္တာကြီးတစ်ခုကို ပေးရင်း “ သူငယ်ချင်းရေ … ဒီမှာ ကြည့်ဦးကွာ။ ငါကတော့ ဥစ္စာပစ္စည်းတွေ ကြွယ်ဝပြီး ချမ်းသာတယ်။ မင်းကတော့ ဆင်းဆင်းရဲရဲနေရတယ်။ ဒီတော့ ဒီပိုက်ဆံတွေကို ယူပြီး ပြည့်ပြည့်စုံစုံလေး နေပါတော့” လို့ ပြောပါတယ်။

ရမ် ဟာ တအားကို ပျော်သွားပြီး တစ်နေ့လုံး ကြည်နူးနေပါတော့တယ်။ ဒီလိုနဲ့ ညရောက်လာပါပြီ။ ထုံးစံအတိုင်း ရမ်ဟာ အိပ်ရာဝင်ဖို့ ပြင်ပါတော့တယ်။ ဒါပေမယ့် အဲ့ဒီ့ညမှာတော့ ထူးထူးခြားခြား သူ အိပ်လို့ မပျော်တော့ပါဘူး။ ဒါကြောင့် အိမ်မှာ ရှိတဲ့ တံခါးတွေ ပြတင်းပေါက်တွေ ရှိရှိသမျှ အကုန် လိုက်ပိတ်ပါတယ်။ ဒါကိုတောင် သူ လုံး၀ အိပ်မပျော်ပါဘူး။ ဒီလိုနဲ့ သူဟာ ငွေသေတ္တာကြီးကို တစိမ့်စိမ့် ကြည့်နေမိတယ်။ အဲ့ဒီ့ညက တစ်ညလုံး စိတ်ရှုပ်ထွေးစွာနဲ့ သူ အိပ်မရတော့ပါဘူး။

ဒီလိုနဲ့ မနက်လင်းလင်းချင်း ရမ် ဟာ ပရမ်းဆီ သေတ္တာကြီးထမ်းပြီး သွားပါတော့တယ်။ “ သူငယ်ချင်းရယ် ငါက တအားကို ဆင်းရဲတဲ့ လူပါ။ ဒါပေမယ့် မင်းပေးတဲ့ ပိုက်ဆံတွေဟာ ငါ့ရဲ့ ငြိမ်းချမ်းမှုတွေကို ဖယ်ထုတ်လိုက်သလိုပဲကွာ။ စိတ်တော့မရှိပါနဲ့ မင်းပိုက်ဆံတွေကို ပြန်ယူပါတော့။” ဆိုပြီး သူဌေးကြီးဆီကို သေတ္တာ ပြန်အပ်လိုက်ပါတော့တယ်။

သင်ခန်းစာ : ပိုက်ဆံဟာ သင့်ကို အရာတိုင်း မဖန်တီးပေးနိုင်ပါဘူး။ သင့်မှာ ရှိတာလေးနဲ့ ရောင့်ရဲပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်အောင် ကြိုးစားပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top