iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Shwemom
ပို့သပေးပါတယ်။
Unicode Version
တခါတရံမှာ ယောင်္ကျားလေးတစ်ယောက် ရည်းစားရှိနေလား၊ဒါမှမဟုတ် သင့်ကိုကြိုက်နေတာလားဆိုတာကို သိဖို့က သင်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ဒါကြောင့် ဒီလိုအရေးကြီးတဲ့ကိစ္စကို သိရနိုင်ဖို့အတွက် စူးစမ်းလေ့လာနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။သင့်ကို ဘယ်လိုဆက်ဆံသလဲဆိုတာ သတိထားကြည့်ပါ။
ယောင်္ကျားလေးတစ်ယောက် ရည်းစားရှိနေပြီရင် ဘယ်မိန်းကလေးကိုမှ သိသိသာသာမပိုးပန်းတော့ပါဘူး။သင်ကသူ့ကို ဇာတ်လမ်းသွားစရင်တော့ သူက ပြန်လည်မပိုးပန်းတော့ရင် စိတ်မဝင်စားလို့လည်း ဖြစ်နိုင်သလို ရည်းစားရှိလို့လည်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တစ်ချို့ ယောင်္ကျားလေးတွေကြတော့လည်း ရည်းစားရှိလည်း ပြန်လည် ပိုးပန်းတတ်ကြတဲ့အတွက် သူဟာ Single တစ်ယောက်ဆိုတာ သေချာမသိရမချင်း သင်အနေနဲ့ မယုံသင့်ပါဘူး။
၂။ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲများကို သတိထားကြည့်ပါ။
ရည်းစားရှိပြီး စောင့်ထိန်းတတ်တဲ့ ယောင်္ကျားလေးတွေဆိုရင် သင့်ဘက်က ရေလာ မြောင်းပေး ပြုလုပ်နေရင်တောင် စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။တကယ်လို့ သင်ဘက်က ရေလာမြောင်းပေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်နေတယ်ဆိုရင် အခွင့်အရေးယူတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်အဖြစ် သူရည်းစားရှေ့မှာ နာမည်ဆိုးထွက်မှာဆိုးလို့ရှောင်ရှားနေတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ခြွင်းချက်တွေဟာ အမြဲတမ်းရှိနိုင်လို့ သင်ရေလာမြောင်းပေး လုပ်ခြင်းကို ရှောင်ကြည်တာနဲ့ပဲ ရည်းစားရှိတယ်လို့တွက်လို့မရပါဘူး။
၃။သင့်ကို လျှို့ဝှက်ချက်တစ်ခုလိုဆက်ဆံနေတယ်။
ရည်းစားရှိတဲ့ ယောင်္ကျားလေး တစ်ယောက်နဲ့ ပါတ်သတ်နေတယ်ဆိုရင် သင်ရဲ့ နာမည်ကို ဖုန်း မှာ တခြားနာမည်ပြောင်းတွေနဲ့ မှတ်ထားမယ်၊သူ့ဆီကို စာပို့တာ ဖုန်းခေါ်တာတွေကို တားမြစ်ထားမယ်ဆိုရင် ရည်းစားရှိနေနိုင်ပါတယ်။ဒါပေမဲ့ ခြွင်းချက်တွေဟာ အမြဲတမ်းရှိနိုင်ပါတယ်။
၄။ Social Media တွေကိုလေ့လာကြည့်ပါ။
ဒါကတော့ ကလေးက အစသိကြတဲ့ နည်းလမ်းပါ။ Relationship တင်ထားရင်ရည်းစားရှိတာပေါ့။ဒါပေမဲ့ ဘာကိုမှ သေချာမှတ်သားလို့မရပါဘူး။သူနဲ့ ရည်းစားနဲ့ Silent တွဲနေတယ်ဆိုရင် သင် Social media ကနေ လေ့လာလည်း မှားချင်မှားသွားနိုင်ပါတယ်။ဒါပေမဲ့ ကြောင်ကြာကြာရေမငုတ်ပါဘူး။ရည်းစားသက်တမ်းကြာလာတာနဲ့အမျှ အတွဲတွေ ဟာ Facebook ပေါ်မှာ Relationship တင်တတ်ကြပါတယ်။သင့်အနေနဲ့ ဒီအခွင့်အရေးကို စောင့်ပြီး ရည်းစားရှိမရှိဆိုတာကို သိနိုင်ပါတယ်။
Credit : Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top