iMyanmarHouse.com - Best Property Website for Myanmar
×
(၁)သံပရို
(၂)ခရမ်းချဉ်သီး
(၃)နနွင်း
(၄)ဗီတာမင်အီး
 (၅)နို့
Credit : Shwemom
Unicode Version
ချိုင်းကြားအသားအရေ မည်းနေတာကြောင့် လက်ပြတ်၊ချိုင်းပြတ်၊ဝတ်ဖို့ အခက်ေ တွ့တာ၊ရေကူးဝတ်စုံနဲ့ရဲရဲဝံ့ဝံ့ရေမကူးနိုင်တဲ့ ပျိုမေတွေအတွက် နည်းလမ်းကော င်းတွေကို အကြံပြုပေးချင်ပါတယ်။အသုံးပြုရမယ့် ပစ္စည်းတွေကလည်း နေအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါ။ ချိုင်းကြားအသားအရေ ဟာ နေရောင်နဲ့ လုံးဝမထိတွေ့ရတာကြောင့် အဲ့ဒီနေရာမှာ ဆဲလ်သေတွေစုပုံလာပြီး ချိုင်းကြား အသားအရေ မည်းညစ်ရတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲက စိတ်ကြိုက် နည်းလမ်းတစ်ချို့ ကို ရွေးချယ်အသုံးပြုပေးပါက ညိုမည်းနေတဲ့ ချိုင်းကြား အသား အရေကို သိသိသာသာဖြူဝင်းလာစေမှာဖြစ်ပါတယ်။
(၁)သံပရို
သံပရိုရည်ဟာ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးြ ဖစ်သလို ညိုမည်းနေတဲ့ နေရာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အရောင်ချွတ်ေ ဆးအဖြစ်လည်း အသုံးပြုလို့ရပါတယ်။သံပရိုကို ချိုင်းမှာ ပွတ်တိုက်ပေးခြင်း အားဖြင့် ဆဲလ်သေတွေကို ကွာကျစေနိုင်ပါတယ်။လှီးထားတဲ့ သံပရိုခြမ်းကို ချိုင်းမှာ (၁၅)မိနစ်လောက်ကြာအောင် ပွတ်တိုက်ပေးပါ။တစ်နေ့ကို နှစ်ကြိမ်ေ လာက် ပွတ်တိုက်ပေးနိုင်ပါတယ်။
(၂)ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာလည်း အသားအရေကို ဖြူဖွေးလာစေတဲ့ ထိရောက်တဲ့ နည်း လမ်းတစ်ခုပါ။ဒါ့အပြင် ညိုမည်းနေတဲ့ ချိုင်းကြားမှာ ချွေးထွက်တာတွေကိုလည်း သိသိသာသာသက်သာစေပါတယ်။ဒါ့အပြင် သံပရိုလိုပဲ ညိုမည်းနေ တာတွေ အတွက် အစွန်းချွတ်ဆေးအဖြစ်သုံးလို့ရပါတယ်။ခရမ်းချဉ်သီးအခြမ်းနဲ့ ချိုင်းကြား အသားအရေကို ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ခရမ်းချဉ်သီးဖျော်ရည် လိမ်းပေး လို့ရပါတယ်။
(၃)နနွင်း
နနွင်းဟာလည်း အသားအရေအလှအပအတွက် အလွန်အသုံးဝင် တဲ့ ဆေး တစ်မျိုးပါ။အသားအရေကို ဖြူဖွေးလာစေဖို့ ကူညီပေးနိုင်တဲ့ curcumin ဆိုတဲ့  antioxidant ပါရှိပါတယ်။သိသိသာသာမြန်မြန်ဆန်ဆန်အကျိုးထူး ချင်တယ် ဆိုရင်တော့ နနွင်းနဲ့သံပရိုရည်ကိုပျစ်နေအောင်ရောပြီး ချိုင်းကြားမှာ လိမ်းေ ပးပါ။(၁၅)မိနစ်လောက်ကြာရင်တော့ ရေနဲ့ဆေးချပေးရမှာဖြစ်ပါတယ်။
(၄)ဗီတာမင်အီး
အသားအရောင်တွေညိုမည်း အရောင်ပြောင်းတာဟာ တခါတလေမှာ အသား အရေခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် တခါတလေ မှာ ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီကို သုံးပေးသင့်ပါတယ်။ ဒါေ ကြာင့် အုန်းဆီ၊မက်မွန်ဆီနဲ့ဗီတာမင်အီးပါတဲ့ အဆီတို့ကို အသုံးပြုပေးပါ။ဆီကို ချိုင်းကြားမှာ နေ့စဉ်လိမ်းပေးပြီး မိနစ်(၂၀)လောက် နှိပ်နယ်ပေးခြင်းအားဖြင့် ချိုင်းကြားအသားအရေအရောင် သိသိသာသာပြောင်းလဲလာမှာဖြစ်ပါတယ်။
 (၅)နို့
ချိုင်းကြားကို နို့လူးပေးပြီး နှိပ်နယ်ပေးခြင်းအားဖြင့်လည်း ဖြူဝင်းတဲ့ ချိုင်းကြားအ သားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။နို့ဟာ အသားအရေအတွက် ကောင်းတဲ့ သဘာ၀ moisturiser ဖြစ်သလို၊တောက်ပ နူးညံ့တဲ့ အသားအရေကို ပေး စွမ်းနိုင်ပါတယ်။
Credit : Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top